Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Wednesday, November 18, 2015

သာသနအလံတီထွင်သူ နှင့် { သာသနအလံအကြောင်း သိမှတ်ဖွယ်ရာများ }

<<<<< သာသနအလံတီထွင်သူ နှင့် >>>>>
{ သာသနအလံအကြောင်း သိမှတ်ဖွယ်ရာများ }
******************************
သာသနာ့အလံ တီထွင်သူ အမှန်
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် (http://www.buddhistchannel.tv/index.php?id=43,4030,0,0,1,0) မှ
ကူးယူဖော်ပြရေးသားပါသည်။

Thursday, September 3, 2015

သတိပေးစကား

ရေးချင်သလို ရေးသားနေတဲ့ သုတေသန
အမည်ခံ ကလောင်ရှင်တချို့ကို လေ့လာ
သုံးသပ်ပြီးတဲ့နောက် မဖြစ်မနေလိုအပ်လာတာ
တစ်ခုက မြန်မာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့
ဖွဲ့စည်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါမှသာ
မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့သမိုင်းကို ကာကွယ်
နိုင်မှာဖြစ်တယ်။
ကိုယ်ပိုင်သုတေသနလဲမလုပ်၊ စာပေလေ့လာရာ
မှာလဲ စာစုံ/စာနှံ့အောင် မလေ့လာဘဲနဲ့ ဟိုကွက်
ဒီကွက် စပ်ထမိန်ဆန်ဆန် အရေးအသားတွေ၊
နောက်ကွယ်က ခွဲထွက်ရေးဝါဒီ အစွန်းရောက်
တချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အထောက်
အထားမဲ့ လိုရာဆွဲရေးသားမှုတွေကြောင့်
မြန်မာ့စာပေနဲ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းကို
ကာကွယ်ဖို့ အဖွဲ့အစည်းတစ်ခု ရှိသင့်ပြီလို့
ထင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် *မောင်သာ (ရှေးဟောင်း
သုတေသန)* ဆိုတဲ့ ကလောင်ရှင်လို ပုဂ္ဂိုလ်မျိုး၊
*ဦးနိုင်မောင်တိုး၊ ဦးစံဝင်း၊ ဦးညွန့်ဟန်* တို့လို
ရာထူးတာဝန်ကို အသုံးချပြီး မြန်မာ့သမိုင်းကို
အထောက်အထားမဲ့ ဘေးပြောနေသူတွေကို
တားဆီးနိုင်မှာဖြစ်ပါတယ်။
ယခင်နှစ်တချို့မှာ ဆရာချစ် (ဆရာချစ်စံဝင်း)
ဦးဆောင်တဲ့ ပျူအသင်း ဖြစ်ပေါ်လာဖို့ အစပျိုး
ခဲ့ဖူးတယ်။ ဆရာချစ်စံဝင်း၊ ဆရာဘုန်းတင့်ကျော်
အစပြုတဲ့ သုတေသနပညာရှင်ကြီးများ ကြိုးစား
အားထုတ်မှုနဲ့ အစပြုတဲ့ ဒီအသင်းရဲ့အစမှာပဲ
ဇေကမ္ဘာဦးခင်ရွှေရဲ့ တားဆီးနှောင့်ယှက်မှုကို
သူ့ခမည်းခမက် သူရဦးရွှေမန်းရဲ့ အာဏာနဲ့
အားဖြည့်တားဆီးခံခဲ့ရတာကြောင့် နှောင့်နှေး
ခဲ့ရပါတယ်။ ပထမအကြိမ် ပျူအသင်းစာတမ်း
ဖတ်ပွဲကို သူရဦးရွှေမန်းအမိန့်နဲ့ ကျင်းပခွင့်
ပိတ်ခဲ့ပေမယ့် ဆရာကြီးများက နိုင်ငံတော်
သမ္မတအဆင့်အထိ စာတင်အကြောင်းကြား
ခဲ့တာကြောင့်သာ ကျင်းပခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဒီ့နောက်မှာတော့ မြန်မာစာပေနဲ့ ယဉ်ကျေးမှု့ကို
ဖျက်စီးနေတဲ့အရေးအသား အပြောအဆိုတွေ၊
သုတေသနအချက်အလက်တွေကို လိုတာဆွဲယူ/
ဖျောက်ဖျက်ချင်တာတွေကို ဖျောက်ဖျက်နဲ့ ယဉ်
ကျေးမှုဝန်ကြီးဌာနတွင်းက မြန်မာ့သမိုင်း ဖျက်ပွဲ
ကြီးကို အကြီးအကျယ် ကြိုးစားအားထုတ်လာတာ
တွေ့နေရပါတယ်။
မြို့ဟောင်းပညာရှင် ဆရာဦးမြင့်အောင် ယာယီ
အမည်တပ်ထားတဲ့ ကျိုက္ကသာမြို့ဟောင်းထဲက
တွေ့ရှိခဲ့တဲ့ ပျူအရိုးအိုး၊ ပျူပုတီးစေ့၊ ပျူလက်ရေး
စင်းအုတ် စတဲ့အထောက်အထားတွေကို ဆရာကြီးဒေါက်တာသန်းထွန်း သက်ရှိထင်ရှား
ရှိစဉ် ၂၀၀၁ ခုနှစ်မှာ ဦးစံဝင်းအနေနဲ့ ဌာနတွင်း
အစီရင်ခံစာတွေမှာ ရေးသားတင်ပြခဲ့ပေမယ့်
ဆရာကြီးဒေါက်တာသန်းထွန်း မရှိတဲ့နောက်မှာ
ပျူအထောက်အထားတွေကို ဖျောက်ဖျက်ပြီး
မွန် ယဉ်ကျေးမှုဖြစ်သယောင်ယောင် ပြောဆို
နေတာ ယနေ့အထိပဲဖြစ်ပါတယ်။ ကျိုက္ကသာ
မြို့ဟောင်း တူးဖော်ရေးကုန်းတစ်ခုကရတဲ့
ပျူခေတ်အက္ခရာတွေနဲ့ရေးထားတဲ့ အုတ်ပြား
တစ်ချပ်ကို ပျူအက္ခရာပညာရှင် ဆရာဦးစိန်ဝင်း
အက္ခရာလှယ်ပေးခဲ့ပေမယ့် ရှေးသုညွှန်မှူးဟောင်း
ဦးညွန့်ဟန်လက်ထက်ကနေ ယနေ့အထိ သတင်း
ထုတ်ပြန်ခြင်းမရှိဘဲ တိုးတိုးတိတ်တိတ်နဲ့ အစ
ပျောက်ခဲ့ရပါတယ်။
ရှေ့မညီ နောက်မညီ ရာဇ၀င်ယူဆချက်တွေနဲ့
ိုနိုဘီထောမွန်၊ ဦးနိုင်မောင်တိုး၊ မောင်သာ စတဲ့
စာရေးဆရာအမည်ခံများက အံ့သြဖွယ်ရာ သုတေ
သနအမည်ခံပြီး စုံအောင်မလေ့လာဘဲနဲ့ လေဖမ်း
ဒန်းစီး ရေးသားကြပါတော့တယ်။ အောက်မြန်မာ
နိုင်ငံတ၀ှမ်းမှာ အနော်ရထာခေတ် (အေဒီ ၁၁
ရာစု) ထက်စောတဲ့ မွန်ယဉ်ကျေးမှုအထောက်အထားများ တွေ့ရှိပြီလားဆိုရင် မရှိပါဘူး။ဒါကိုလဲ
မွန်အမျိုးသား သုတေသနပညာရှင် မိုက်ကယ်အောင်သွင် (ဟာဝိုင်ရီတက္ကသိုလ် သမိုင်းပါမောက္ခ၊ အမေရိကန်)ကိုယ်တိုင်က *အနော်ရထာမတိုင်ခင် အောက်မြန်မာနိုင်ငံတ၀ှမ်း
မွန်တိုင်း၊ မွန်နိုင်ငံ ရှိခဲ့သည်ဟူသောပုံပြင်* ဆိုတဲ့
စာတမ်းတင်သွင်းခဲ့ပြီး အထောက်အထားမဲ့ရေး
သားပြောဆိုနေတာတွေကို သတိပေးခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်ပေါင်းများစွာနဲ့ မြန်မာ့သမိုင်းကို
ဖျက်စီးချင်နေတဲ့ သူတွေကတစ်ဖက်၊ ကာကွယ်နေတဲ့ ပညာရှင်ကြီးများကတစ်ဖက်နဲ့ တရွေ့ရွေ့
လျောက်လှမ်းလာတဲ့ မြန်မာ့သမိုင်းခရီးစဉ်ဟာ
အမှန်လမ်းရောက်ဖို့ မဝေးတော့ပါဘူး။ ဒီ့အတွက်
လိုအပ်နေတာက မြန်မာ့စာပေနဲ့ယဉ်ကျေးမှု၊
မြန်မာ့သမိုင်းကို ကာကွယ်မယ့် ပညာရှင်အစု၊
ဝါသနာရှင်လူငယ်များအစု အချိုးညီညီပေါင်း
စပ်ထားတဲ့ အဖွဲ့တစ်ခု တရားဝင်ဖွဲ့စည်းဖို့
လိုအပ်နေပြီဖြစ်တယ်ဆိုတဲ့အကြောင်းကို
လုပ်နိုင်စွမ်းရှိတဲ့ တက်သစ်လူငယ်တွေကို
ကျွန်ုပ်အနေနဲ့ သတိပေးပြောကြားလိုက်ပါတယ်။

တစ်ပြားမှ မလျော့ပြီ . . . .

သာသနာအစ သထုံက ဆိုပြီး message များစွာ
လက်ခံရရှိထားပါတယ်။ သာသနာအစ သထုံဟု
ခေတ်ပြိုင်အထောက်အထားမရှိသော အချက်ကို
လက်ခံခြင်းသည် ဘီစီ ၅ ရာစုကတည်းက စတင်
ခဲ့သည့် နှစ် နှစ်ထောင်ကျော်ရှည်လျားသည့်
မြန်မာနိုင်ငံဗုဒ္ဓဘာသာသမိုင်းကို ပိုင်းဖြတ်သကဲ့သို့
ဖြစ်နေသည်ကို သတိမမူမိကြသူများဟုသာ ကျွန်ုပ်က
ယူဆပါသည်။

ထိုသူများအတွက် မေးခွန်းတစ်ခုရှိပါသည်။
သာသနာ စခဲ့သည်ဟူသော သထုံ
အနော်ရထာ တိုက်ခဲ့သည်ဟူသော သထုံ
သုဝဏ္ဏဘူမိ ဟူသော သထုံ
ထို သထုံမြို့တည်နေရာ မည်သည့်နေရာတွင်
ရှိပါသနည်း။ မည်သည့်အထောက်အထားကို
ကိုင်တွယ်ပြောဆိုနေကြပါသနည်း။
ထိုသထုံကိုတွေ့လျှင် ရှေးဟောင်းသုတေသနမှ
တသက်တာ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်ရန်
စောင့်ဆိုင်းလျှက် ရှိပါကြောင်း သတင်းကောင်း
ပါးအပ်ပါသည်။
ရာဇ၀င်စာအုပ်ကိုင်၍ ပြောဆိုသူများသတိချပ်ရန်မှာ
ရာဇ၀င်သီးသန့်ဆိုပါမူ ကမ္ဘာဦးအစ မဟာသမ္မတ
မင်းကြီးသည် ဗမာကြီးဟူ၏။ ရာဇ၀င်ပါအတိုင်း
လက်ခံကြေးဆိုမူ ထိုအဆင့်မှ ကျွန်ုပ်လည်း
တပြားမှ မလျှော့ပြီ။

Thant Lwin Oo

Friday, July 31, 2015

ဘင်္ဂလီအောင်တင်သို့ ဖြေရှင်းချက်

အောင်တင်ရဲ့ပို့စ်ကို လာမေးထားတဲ့
လူငယ်လေးတစ်ယောက်အတွက်ပါ။
ဒီလူကြီး ဒီလိုတွေရေးနေပါတယ်။ မှန်
သလားဆိုတော့ မမှန်ဘူးလို့ ပြောရမှာပဲ။
ဒီဘက်ခေတ်မှာ အိန္ဒိယနိုင်ငံအတွင်း
ဗုဒ္ဓဘာသာကွယ်ခြင်း အဖြစ်မှန်ကို
မွတ်စလင်တွေဘက်က သူတို့လုပ်တာ
မဟုတ်သယောင် ၀ါဒဖြန့်နေတာတွေ
ရှိလာတယ်။ ဒါကြောင့် အိန္ဒိယကျောက်
စာဌာနကထုတ်ဝေထားတဲ့ အိန္ဒိယသမိုင်း
ထဲက ဗုဒ္ဓဘာသာသမိုင်းဖြစ်စဉ်တချို့ကို
ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။
အေဒီ ၆ ရာစုလောက်မှာ ၀င်္ဂတိုင်း၊
ဘင်္ဂလားပြည်အလယ်ပိုင်းက ဟိန္ဒူ
အယူသည်းမင်း ဆဆင်္ကာမင်း နန်းတက်
ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာအလွန် ညှိုးမှိန်
ခဲ့ရပါတယ်။ မြင်းယဇ်ပူဇော်တာကို
အလွန်နှစ်ချိုက်တဲ့ ထိုမင်းလက်ထက်မှာ
ဗုဒ္ဓဘာသာဝင်တွေကို အလွန်ဖိနှိပ်ပြီးတော့
မဟာဗောဓိပင်ကို အမြစ်ကနေလှန်ပြိး မီးရှို့
တဲ့အထိ ဗုဒ္ဓဘာသာကိုနှိပ်ကွက်ခဲ့ပါတယ်။
ဒါပေမယ့် ဆဆင်္ကာမင်းနတ်ရွာစံပြီးတဲ့နောက်
ဂေါပလဒေ၀ အမည်ရှိတဲ့မင်း နန်းတက်ပြီး
နောက်မှာ ပါလမင်းဆက်နဲ့ သေနမင်းဆက်တွေ
လက်ထက် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဟာ
လင်းတလှည့် မှိန်တလှည့် ထွန်းကားနေကြာင်း
အိန္ဒိယမှာ အတိအကျမှတ်တမ်းတင်ရေးထိုး
ထားတဲ့ကျောက်စာတွေ ကျန်ရှိနေပါတယ်။
အိန္ဒိယကနေ ဗုဒ္ဓဘာသာ အမြစ်ပြတ်ပျောက်
ကွယ်သွားတာကတော့ မွတ်စလင်တွေရဲ့
လက်ချက်ဖြစ်ပြီး အိန္ဒိယမှာ ဗုဒ္ဓဘာသာကို
အမြစ်ပြတ်အောင်လုပ်ခဲ့တဲ့ မွတ်စလင်စစ်ဗိုလ်
တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 “အာဂျာဇ်”
------------
“အသျှဝဒ္ဓနသီလာဒိတြမင်းကြီး” နတ်ရွာစံပြီး
သည့်နောက် ခရစ်သက္ကရာဇ် (၇၀၀) အစပိုင်း
လောက်မှစ၍ အိန္ဒိယပြည်တစ်ပြည်လုံးအား
စုစည်းအုပ်ချုပ်နိုင်သော မဟာရာဇဓိရာဇ
ဘွဲ့ခံမင်းများ မရှိတော့ပေ။ တစ်မြို့ တစ်နယ်၊
တစ်ပြည် တစ်မင်း ဆိုသကဲ့သို့ အမျိုးမျိုးကွဲပြားလျှက်
ရှိလေသည်။ ဤသို့ ဖရိုဖရဲကွဲပြားလျှက်ရှိနေစဉ်
အာရပ်ပြည်သား “အာဂျာဇ်”မည်သော အာရပ်မွတ်
စလင်စစ်ဗိုလ်ကြီးသည် ခရစ်သက္ကရာဇ် (၈)ရာစု
ကုန်ခါနီးတွင် “ဒါဟိရ်”အမည်ရှိသော သိန္ဓုရှင်ဘုရင်အား
ဝင်ရောက်တိုက်ခိုက်လေသည်။ သို့သော် ဒါဟိရ်ဘုရင်၏
ရဲဝံ့စွာ ခုခံတိုက်ခိုက်မှုကြောင့် အာရပ်စစ်သည်တော်တို့မှာ
မိမိတို့တိုင်းပြည်သို့ဆုတ်ခွါထွက်ပြေးရလေသည်။
“မိုဟမ္မက် ဘိန်ကာစင်”
------------------------
ဒုတိယတစ်ဖန် မိုဟမ္မက်ဘိန်ကာစင်မည်သော
အာရပ်လူငယ်စစ်ဗိုလ်တစ်ယောက်သည် ၃-နှစ်တိုင်တိုင်
ထပ်မံ၍ သိန္ဓုနယ်ကိုထိုးစစ်ဆင်တိုက်ခိုက်လေသော်
“ဒါဟိရ်” မင်းမှာ ဘိန်ကာစင်၏လက်ချက်ဖြင့် အနိစ္စ
ရောက်ရလေသည်။ ကြင်ယာတော် အနိစ္စရောက်သည့်
သတင်းကို ကြားသော် “မဟာရာဏိသိန္ဓုမတီ”
ကြားသော် ကိုယ်တိုင် စစ်တပ်ကိုဦးစီးကာ
တိုက်ခိုက်ပြန်လေသည်။
သို့သော် မည်သို့ပင် ရဲစွမ်းသတ္တိရှိစွာ ခုခံတိုက်သော်လည်း
အင်အားကြီးမားလှသော မိုဟမ္မက်ဘိန်ကာစင်၏ အင်အားကို
မနှိမ်နင်းနိုင်သဖြင့် မိမိတို့ကိုယ်ကို ထောပတ်များဖြင့် သွန်းလောင်းကာ နောက်ပါစစ်သည်တော်များနှင့်အတူ
မီးပုံကြီးထဲသို့ ခုန်ဆင်းသဖြင့် မရဏပွဲဝင်ရလေသည်။
ထိုအချိန်မှစ၍ သိန္ဓုနယ်မှာ မွတ်စလင်တို့၏
လက်အောက်ခံဖြစ်လာသည်။

 “ဆဗုတ္တဂိန်”
-------------
ခရစ်သက္ကရာဇ် (၁၀)စုအလယ်လောက်တွင်
“ဆဗုတ္တဂိန်”အမည်ရှိသော “ပဂနီမြို့စော်ဘွား”
အာဖဂန်နစ္စတန်ပြည်သား မွတ်စလင်သည်
“ပန်ဂျပ်နယ်”သို့ ၀င်ရောက်တိုက်ခိုက်ပြန်သည်။
ထိုခေတ်တွင်ပန်ဂျပ်နယ်ကို အစိုးရသောမင်းမှာ
“ဇယပါလ”ဖြစ်၍ သူသည် မဟာမိတ်မင်းများ၏ အကူအညီဖြင့် ပြန်လည်တိုက်ခိုက်လေရာ
ဆဗုတ္တဂိန်မှာ အာဖဂန်သို့ ပြန်လည်ဆုတ်ခွါ
ရလေသသည်။
မကြာမှီပင် ထိုဆဗုတ္တဂိန်မှာ သိန္ဓုနယ်သို့ ၀င်ရောက်
တိုက်ခိုက်ရာအာရပ်ပြည်သားမွတ်စလင်တို့မှာ စစ်ရှုံးသဖြင့်
မိမိတို့ဌာနေသို့ပြန်သွားရလေသည်။
“စူလတန်မိုဟမ္မက်”
--------------------
ဆဗုတ္တဂိန်ကွယ်လွန်သော် ၎င်း၏ဒုတိယသားတော်
စူလတန်မိုဟမ္မက်မှာ ဂဇနီမြို့ကို သိမ်းပိုက်အုပ်ချုပ်
မင်းလုပ်လေသည်။အိန္ဒိယပြည်ရှိ မြို့ကြီးများတွင် ရွှေ၊ ငွေ၊
ရတနာ ပေါကြွယ်ဝကြောင်းနှင့် ကျောင်းကန်၊ ဘုရား၊ စေတီ
ပုထိုးများတွင် ရွှေ၊ ငွေများ အများအပြားရှိနေကြောင်းကို
သိရှိသောအခါ သူသည်ဖခင် ဆဗုတ္တဂိန်နည်းတူ ပန်ဂျပ်ပြည်သို့ ၀င်ရောက်တိုက်ခိုက်လေရာ အရွယ်လွန်၍ အိုမင်းမစွန်းဖြစ်နေသော “ဇယပါလမင်းကြီး” မှာ သူ့အား မတွန်းလှန်နိုင်သဖြင့် မီးပုံကြီးထဲသို့
ခုန်ဆင်းကာ အဆုံးစီရင်ခဲ့လေသည်။

 “မိုဟမ္မက်ဂေါ်ရီ”
-----------------
ခရစ်သက္ကရာဇ် (၁၁၉၁)ခုနှစ်တွင် မိုဟမ္မက်ဂေါ်ရီ မည်သော
အာဖဂန်စစ်ဗိုလ်ကြီးတစ်ဦးသည် အိန္ဒိယပြည်ထဲသို့ ကျူးကျော်
တိုက်ခိုက်ပြန်ရာ ၃ပုံ ၂ပုံလောက်သော နယ်ပယ်တို့မှာ ၎င်း၏
လက်အောက်သို့ ကျရောက်ရလေသည်။
မိုဟမ္မက်ဂေါ်ရီ ၀င်ရောက်တိုက်ခိုက်စဉ်က “ပြီထွီရာဇ်”(ပထ၀ီရာဇ)
မည်သောမင်းမှာ ဒေလီမြို့ကို အစိုးရ၍ “ဇယချန္ဒရ”မည်သောမင်းမှာ
ဗာရာဏသီအပါအ၀င်ဖြစ်သော “ကာနောဇ်”(ကသိကရာဇ်တိုင်း) ကို
အစိုးရလေသည်။ ထိုမင်းတို့သည်လည်း အချင်းချင်းမသင့်မြတ်သဖြင့်
တိုက်ခိုက်နေချိန်ဖြစ်၏။
ဤသို့ဖြစ်နေစဉ် မိုဟမ္မက်ဂေါ်ရီသည် နောက်လိုက်စစ်သည်တော်
အလုံးအရင်းဖြင့် ၀င်ရောက်ကာ ပြီတွီရာဇ်မင်းကို ထိုးစစ်ဆင်တိုက်ခိုက်
လေသည်။ ပြီတွီရာဇ်မင်းသည် ယောက်ဖတော် သျှမဆင်၏ အကူအညီဖြင့်
ပြင်းထန်စွာ ခုခံတိုက်ခိုက်သော်လည်း စစ်ရှုံးသဖြင့် ဂေါ်ရီ၏လက်ချက်ဖြင့်
ကျဆုံးရလေသည်။
ဤသတင်းကို ကြင်ယာတော် သံယုတ္တိမိဘုရားကြီး ကြားသိရသော်
ယမုံနာမြစ်အတွင်းသို့ ခုန်ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့လေသည်။

 “ကုတ်ဘွဒ္ဒိန် နှင့် ဘတ်တိယာခိလဂျီ”
--------------------------------------
မိုဟမ္မက်ဂေါ်ရီနှင့် ၎င်း၏ စစ်ဗိုလ်မှူး ၂ဦးဖြစ်သော ကုတ်ဘွဒ္ဒိန်အဲဘတ်နှင့်
ဘတ်တိယာခိလဂျီတို့သည် ယူပီနယ်သို့ လာရောက်သောအခါ ဘုရင်ဇယျ
ချန္ဒရနှင့် အီတာဝမည်သော စစ်မြေပြင်၌ ကြောက်မက်ဖွယ်ကောင်းသော
စစ်ပွဲကြီးကို ဆင်နွှဲရလေသည်။ ထိုစစ်ပွဲ၌ ဇယျချန္ဒရမင်း ကျဆုံးသဖြင့်
ခန္ဓာကြွေရလေသည်။
ဘုရင်ဇယျချန္ဒရနှင့် နောက်လိုက်စစ်သည်တော်တို့ကို အောင်မြင်ပြီးနောက်
မွတ်စလင်စစ်သည်တို့သည် ဗာရာဏသီမြို့တွင်းသို့ တစ်ဟုန်ထိုးဝင်ရောက်
လာပြီးလျှင် များစွာသော ဘုရားရှိခိုးကျောင်းများနှင့် ပုဏ္ဏားများအား သတ်ဖြတ်
ကြလေရာ အကြွင်းမရ ပျက်စီးရလေသည်။ ဗာရာဏသီမြို့ကြီးလည်း (၁၅)ရက်တိုင်တိုင် မီးဟုန်းဟုန်းတောက်ခဲ့ရလေသည်။
ထို့နောက် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဓမ္မစတြာတရားဦး ဟောကြားခဲ့ရာ
မိဂဒါဝုန်တောသို့ စစ်ချီလာပြီးလျှင် များစွာသော ကျောင်း၊ စေတီပုထိုးများ၊
ဘုရားရုပ်၊ ဘုရားလောင်းရုပ်တုများ၊ နတ်သမီးရုပ်တုများကို ချိုးဖဲ့ဖျက်စီး
ပြီးလျှင် သံဃာတော် အပါး(၁၆၀၀)ကျော်တို့ကိုလည်း သတ်ဖြတ်ပစ်လေသည်။
ထို့နောက် ကုတ်ဘွဒ္ဒိန်အဲဘတ်သည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူရာ
ကုသိနာရုံကျောင်းတော်ကြီးသို့ ချီတက်ပြီးလျှင် ကုသိနာရုံကျောင်း၊ စေတီ၊
ပုထိုးများကို မီးရှို့ဖျက်စီးလေသည်။
ကုတ်ဘွဒ္ဒိန်အဲဘတ်သည် ခရစ်သက္ကရာဇ် (၁၁၉၇)ခုနှစ်တွင် ကုသိနာရုံသို့
ချီတက်တိုက်ခိုက်ရာ ကုသိနာရုံဌာနတွင် ကျောင်းကြီးငယ်ပေါင်း ၃၀၊
စေတီ ၈-ဆူနှင့် ရဟန်းသံဃာ အပါး(၃၀၀)ကျော် သီတင်းသုံးနေထိုင်နေချိန်
ဖြစ်သည်။
မွတ်စလင်စစ်သည်တို့သည် ကျောင်းရှိ သံဃာတော်တို့အား ၀ါဝါမြင်သမျှ
လိုက်လံသတ်ဖြတ်လေသော် ရဟန်းတော်တို့မှာ ဓါး၊ လှံ လက်နက်တို့၏
လက်ချက်ဖြင့် အတုံးအရုံးသေပွဲဝင်ရလေသည်။
အသက်ဘေးမှ လွတ်အောင်ထွက်ပြေးတိမ်းရှောင်သောငြာ တစ်ချို့သော
သံဃာတော်များသည် ဘုရားရှင် ပရိနိဗ္ဗိာန်ပြုရာ ဂူကြီးထဲသို့ ၀င်ပြေးကြ
လေသည်။ ထိုသို့ ၀င်ပြေးသော သံဃာတော်တို့အား အပြင်ဘက်မှနေ၍
တံခါးများကိုပိတ်ကာ မီးရှို့သတ်လေရာ သံဃာတော်တို့မှာ အရှင်လတ်လတ်
မီးပုံထဲတွင် သေပွဲဝင်ရလေသည်။
............................................................................
အိန္ဒိယကျောက်စာဘက်ဌာနက ရေးသားစီစဉ်ထုတ်ဝေထားတဲ့
အိန္ဒိယသမိုင်းထဲက အကြောင်းအရာအချို့ကို ထုတ်နှုတ်တင်ပြ
ထားတာဖြစ်ပါတယ်။ အိန္ဒိယကို နောက်ဆုံးဝင်တိုက်ခဲ့တာက
ဘတ်တိယာခိလဂျီ လို့ခေါ်တဲ့ မွတ်စလင်စစ်ဗိုလ်ဖြစ်ပြီးတော့
အေဒီ ၁၁၉၃ လောက်မှာ ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင်
ရှင်းထုတ်သွားခဲ့တဲ့သူဖြစ်ပါတယ်။ ဒိနောက်မှာ ဘီဟာနယ်
တကြော မွတ်စလင်တွေအခြေချနေထိုင်ခဲ့တာဖြစ်ပြီးတော့
ဒီမတိုင်ခင်မှာ အိန္ဒိယပြည်နယ်အတွင်း မွတ်စလင်တွေ
အခြေချနေထိုင်ခြင်းမရှိကြောင်း အိန္ဒိယသမိုင်းမှာ အတိအလင်း
ပြဆိုထားပါယ်။
နောက်တစ်ခုက ဘိုးတော်ဘုရား၊ ဆင်ဖြူရှင်၊ အနော်ရထာ၊
အလောင်းဘုရားတို့က စေတီတွေဖျက် ဘုန်းကြီးတွေသတ်
တယ်ဆိုတာ ဘယ်ရာဇ၀င်မှာမှ ညွှန်းဆိုပြသထားခြင်း
မရှိသလို ဘာအထောက်အထားမှလည်းမရှိပါဘူး။
မွန်အစွန်းရောက်နဲ့ ကုလားအစွန်းရောက်တို့ရဲ့
အိပ်ယာဝင်ပုံပြင်/ပါးစပ်ရာဇ၀င်မျှသာဖြစ်ပါတယ်။
ဒီအကြောင်းကတော့ နောက်မှ အကျယ်တ၀င့်ရေးသားပေးပါ့မယ်။

Wednesday, July 29, 2015

မြန်မာ့တိုက်ပုံနှင့်ခေါင်းပေါင်းအကြောင်းသိကောင်းစရာအဖြာဖြာ


မောင် Aung Myo Oo ရဲ့ ပို့စ်တစ်ခုထဲက
ဘင်္ဂလီအောင်တင်ရဲ့ မန့်တစ်ခုကို မရှင်းလို့
လာမေးထားတဲ့ မိတ်ဆွေလေးတစ်ယောက်ရဲ့
အမေးအတွက် ဖြေရှင်းပေးထားတာဖြစ်ပါတယ်။
မအားလပ်တဲ့အတွက် အခုမှဖြေပေးနိုင်တာကို
ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်။


        အောင်တင် ဆိုတဲ့ ငမွှေဒိုးဘင်္ဂလီသမိုင်းလိမ်က မြန်မာ့ရိုးရာ တိုက်ပုံအင်္ကျီနဲ့ ပုဆိုးကို မြန်မာ့ရိုးရာ
အ၀တ်အစား မဟုတ်သယောင်၊ သို့လောသို့လော ဖြစ်အောင် ရမ်းဖြီးသွားတဲ့ကိစ္စ။

တိုက်ပုံအင်္ကျီရယ်လို့ မပေါ်လာခင်မှာ မြန်မာ့ရိုးရာ အမျိုးသားအင်္ကျီအဖြစ် သိုရင်းအင်္ကျီအပါအ၀င် ရင်စေ့အင်္ကျီတွေရှိနေခဲ့ပါတယ်။ 1910 ခုနှစ်ခန့်မှာ
အင်္ဂလန်က ရိုးလ်ကုပဏ္ဏီဟာ မြန်မာနိုင်ငံအတွင်း
ဥရောပတိုက်သုံး အင်္ကျီတွေမရောင်းရတဲ့အတွက်
ရှိရင်းစွဲ မြန်မာသိုရင်းအင်္ကျီနဲ့ ရင်စေ့အင်္ကျီတွေကို
ကြည့်ပြီး မြန်မာအမျိုးသားတွေအတွက် ယနေ့
တိုက်ပုံအင်္ကျီလို့ခေါ်တဲ့ အင်္ကျီဒီဇိုင်းကို တီထွင်
ချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး မြန်မာသိုရင်းအင်္ကျီနဲ့
ရင်စေ့အင်္ကျီတွေကို အိတ်ကပ်တပ်ပြီး ချုပ်ပေး
ထားတာပါပဲ။ ထူးထူးခြားခြားမဟုတ်သလို
မြန်မာ့ယဉ်ကျေးမှု ရှိရင်းစွဲဒီဇိုင်းကို အခြေခံထားတဲ့
မြန်မာ့မူဟန်သီးသန့်သာဖြစ်ပါတယ်။
ခေါင်းပေါင်းနဲ့ ပုဆိုးကတော့ သရေခေတ္တရာခေတ်
ကတည်းက ရှေ့ပြေးအဖြစ်ရှိခဲ့ကြောင်း အောက်ပါ
ပုံကိုကြည့်ပြီး သုံးသပ်နိုင်ပါလိမ့်မယ်။ သရေခေတ္တရာ
ခင်ဘုန်းစေတီပျက်တွေ့ ဌာပနာတိုက်ကျောက်ပြား
အဖုံးပေါ်မှာ အေဒီ ၅ ရာစုလို့ ပညာရှင်များခန့်မှန်း
ထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ၀တ်စားဆင်ယင်ပုံ
စစ်စစ်ကို လေ့လာသိရှိနိုင်ပါတယ်။
ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးခါးတောင်းကျိုက်နဲ့
ထီးတော်တို့ဟာ ယနေ့တိုင် မြန်မာတွေအသုံးပြုနေဆဲ
မြန်မာ့ယဉ်ကျေးမှု စစ်စစ်သာဖြစ်ပါတယ်။
မောင်းကျက်သရေခေါင်းပေါင်းအဖြစ် ကြိမ်ယက်ခေါင်း
ပေါင်းတွေ မပေါ်ခင်မှာ ယနေ့အငြိမ့်သဘင်တွေမှာ
လူပြက်တွေသုံးတဲ့အတိုင်း လည်တင်ပ၀ါကို ခေါင်း
ပေါင်းအဖြစ် ထုံးဖွဲ့အသုံးပြုကြပြီး ပါလီမန်ခေတ်ကို
ရောက်တဲ့အခါ လွှတ်တော်အမတ်တွေဟာ အစည်း
အဝေးမစခင်မှာ ပ၀ါနဲ့ခေါင်းပေါင်းလုပ်၊ အစည်းအဝေး
နားတဲ့အချိန်မှာ ပူတာကြောင့် ခေါင်းပေါင်းပ၀ါကို
ပြန်ချွတ်၊ အစည်းအဝေးမစခင် ခေါင်းပေါင်းပြန်ဖွဲ့နဲ့ အတော်အလုပ်ရှုပ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်
တချို့က ကြိမ်ပါးပါးလေးတွေနဲ့ ခေါင်းပေါင်းပုံစံယက်
လုပ်ကာ ပ၀ါပါးအုပ်ပြီး အသင့်ဆောင်း မောင်းကျက်
သရေခေါင်းပေါင်းတွေကို တီထွင်ထုတ်လုပ်ရောင်း
ချခဲ့တာဖြစ်ပါတယ်။
ဆိုလိုချင်တာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ
ဝတ်စားဆင်ယင်မှုတွေဟာ အေဒီ ၄-၅ ရာစု သရေ
ခေတ္တရာခေတ်ကတည်းက ယနေ့တိုင်အောင်
ပြောပလောက်အောင် ပြောင်းလဲခြင်းမရှိသေးဘူး
ဆိုတာကို တူးဖော်တွေ့ရှိရတဲ့ သုတေသနအထောက်
အထားတွေအရလည်းကောင်း၊ ကုန်းဘောင်ပေမူများပါ
ဖော်ပြမှတ်တမ်းတင်ချက်တွေကိုလည်းကောင်း တိုက်
ဆိုင်စစ်ဆေးပြီး သုတေသနပညာရှင်များအနေနဲ့
ခိုင်မာစွာ မှတ်တမ်းတင်ထားပြီးဖြစ်တဲ့အတွက်
ဘင်္ဂလီအောင်တင်တို့အနေနဲ့ အထောက်အထားမဲ့
လေဖမ်းဒန်းစီး ကလေက၀ပြောဆိုတာတွေကို
မထိန်းသိမ်းရင်ဖြင့် မြန်မာနိုင်ငံအတွင်းမှာ
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတာ ရေမှာ
အရုပ်ရေးသလို ဖြစ်နေဦးမှာပါပဲ။
(အချိန်မအားလပ်တာကြောင့် အကျဉ်းမျှသာ
တင်ပြထားတာဖြစ်ပါတယ်။ နောက်များကျရင်
ခေါင်းပေါင်း၊ ပုဆိုး၊ အင်္ကျီ၊ တူရိယာပစ္စည်းတွေကို
အသေးစိတ်ထုတ်နုတ်တင်ပြသွားပါမယ်။)

Thant Lwin Oo

Tuesday, July 28, 2015


ရိုဟင်ဂျာအကြောင်း ပါတယ်ဆိုတဲ့ ပထ၀ီစာအုပ်ဟာ
1961 ခုနှစ်ထုတ် ပုဂ္ဂလိကသင်ရိုးတစ်ခုသာဖြစ်တယ်။
မြန်မာ့သမိုင်းကော်မရှင်သော်လည်းကောင်း၊ နိုင်ငံအဆင့်
မည်သည့်သမိုင်းပညာရှင် ပထ၀ီပညာရှင်ကမှ အသိအမှတ်
ပြုထားတဲ့ သင်ရိုးတစ်ခုမဟုတ်ဘူး။

ရိုဟင်ဂျာနေခဲ့ကြောင်း မည်သည့်အထောက်အထားမှမပေး၊
သက်ဆိုင်ရာပညာရှင်များရဲ့ အတည်ပြုချက်ရယူခြင်းမရှိ၊
စာရေးဆရာများရေးသားခဲ့တဲ့ စက္ကူအထောက်အထားတစ်ခု
မျှသာဖြစ်တယ်။

ဒါကိုကိုင်ပြီး ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြတဲ့
ဘင်္ဂလီအောင်တင်အပါအ၀င် ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်း
လုလင်)တို့လို စာမနှံ့၊ စာမတတ်၊ သုတေသနဘာမှန်းမသိတဲ့
ကလေက၀ ရေမျောကမ်းတင် ဘင်္ဂလီတစ်သိုက်အနေနဲ့
ဆင်ခြင်ဖို့ကောင်းပြီ။

အင်္ဂလိပ်ခေတ်က အင်္ဂလိပ်မှတ်တမ်းတွေမှာလဲ ဘင်္ဂလားဒေ့ရှ်
ကနေ ၀င်လာတဲ့ ဘင်္ဂလီတွေလို့ပဲ မှတ်တမ်းတင်ထားတယ်။
အဲ့ဒိဘင်္ဂလီတွေကို မြန်မာတွေဘက်ကတော့ မြေတူးကုလားလို့
ခေါ်ဆိုကြတယ်။ မြေတွင်းတူးတဲ့ကုလားဖြစ်ပြီး ဒါကို မြေဒူးကုလား
လို့ ဒေသလိုက်ပြီး လေဖမ်းဒန်းစီးပြောနေတဲ့ကောင်တွေလည်း
ရှိတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံထဲရောက်လာတဲ့ အောင်တင်တို့လို
ဘင်္ဂလီတွေအနေနဲ့ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ဘက်ကနေတယ်၊
မြန်မာတွေကို စော်ကားတယ်။ လွတ်လပ်ရေးရခါနီးတော့ အင်္ဂလိပ်
ကိုအာခံ၊ မြန်မာတွေနဲ့ ပြန်ပေါင်း၊ အစ္စလာမ်ဘာသာပျံ့ပွားရေး
တောင်းဆိုနဲ့ အကြိမ်ကြိမ်စော်ကားခဲ့တဲ့ မှတ်တမ်းတွေပဲရှိတယ်။

အေးချမ်းစွာအတူတကွ နေထိုင်ကြသည်ဆိုတဲ့စကား သူံးနှုန်းဖို့
အတွက် အောင်တင်တို့အနေနဲ့ ကိုယ့်သမိုင်းကိုယ်သိဖို့လိုတယ်။
ဘင်္ဂလီ Aung Tin နဲ့တကွ အပေါင်းအပါတွေရဲ့
သမိုင်းလိမ်အချက်မြောက်များစွာထဲက တစ်ချက်
ဖြစ်ပါတယ်။
ဖော်ပြပါ အာရဗီစာရေးထွင်းထားတဲ့ ဒင်္ဂါးကို
ရခိုင်ပြည်သုံးဒင်္ဂါးဟုလည်းကောင်း၊ ရခိုင်ပြည်ထုတ်
ဒင်္ဂါးဟုလည်းကောင်း မည်သို့မျှအတည်ပြု၍ မရသေးပါ။

ပေါ်တူဂီ၊ ဒက်ခ်ျ ကုန်သွယ်မှုရှိခဲ့သော ရခိုင်တိုင်းဧရိယာ
အတွင်း တွေ့ရှိရသည့် *ရခိုင်ပြည်တွေ့ဒင်္ဂါး*ဟုသာ
ခေါ်ဆိုသုံးနှုန်းမှ မှန်ကန်မှာဖြစ်ပါတယ်။
ထိုသို့မဟုတ်ပဲ ရခိုင်ပြည်သုံး/ရခိုင်ပြည်ထုတ် စတဲ့
စကားလုံးသုံးနှုန်းရန်အတွက် အဆင့်များစွာကျန်
နေပါသေးတယ်။
အေဒီ ၁၅ ရာစုအတွင်း ရခိုင်တိုင်း၊ ရခိုင်ပြည်အတွင်း၌
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထောက်အထား၊
မင်းနှင့်ပြည်သူအများ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊
အများဆုံးရှာဖွေတွေ့ရှိရသည့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ
အထောက်အထား၊
ပြည်တွင်း/ပြည်ပ ခေတ်ပြိုင်မှတ်တမ်းများရဲ့ ဖော်ပြမှတ်
တမ်းတင်ချက်၊
အဆိုပါဒင်္ဂါးရခိုင်ပြည်တွင်း သွန်းလောင်းကြောင်း
အထောက်အထား (မိုလ်အထောက်အထား)
စတဲ့အချက်ပေါင်းမြောက်များစွာ အတည်ပြုပြီးမှသာ
ရခိုင်ပြည်သုံးဒင်္ဂါးလို့ ခေါင်းစဉ်တပ်ခေါ်ဆိုနိုင်မှာ
ဖြစ်ပါတယ်။
တစ်ဖန် ရခိုင်ပြည်တွင်း တွေ့ရှိရတဲ့ကျောက်စာအထောက်
အထားတွေအရ ရက္ခပူရတိုင်း မင်းနဲ့ပြည်သူတွေဟာ
မဟာယနဗုဒ္ဓဘာသာ၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်
ကြောင်း အထောက်အထားသာရှိပါတယ်။ မည်သည့်
ကျောက်စာအထောက်အထားတွင်မှ အစ္စလာမ်ဘာသာနဲ့
ပက်သက်သော ကိုးကွယ်ယုံကြည်မှုဆိုင်ရာအထောက်
အထားမရှိသေးပါဘူး။
ဒါကြောင့် ရက္ခပူရတိုင်း ခေါ် ရခိုင်တိုင်းအတွင်း အစ္စလာမ်
ဘာသာဝင်များ လူမျိုးစုအလိုက်အခြေချနေထိုင်မှု၊ ကိုးကွယ်
ယုံကြည်မှုဆိုင်ရာအဆောက်အအုံ၊ ဘာသာရေးပွဲတော်
မှတ်တမ်းများ စတဲ့ အချက်တွေကို သုတေသနပြုဖော်ထုတ်
ပြီးမှသာလျှင် ရည်ညွှန်းပါစာအတိုင်း ခေါ်ဆိုသတ်မှတ်နိုင်
မည်ဖြစ်ပါကြောင်း၊
ထိုသို့မဟုတ်ပဲ ယခုကဲ့သို့ တွေ့ရှိရသော ဒင်္ဂါးအနည်းငယ်မျှ
ကို ကြည့်ရှု၍ ရခိုင်ပြည်တွင်းသုံးဒင်္ဂါးဟု ခေါင်းစဉ်တပ်ခြင်းသည်
အသိညာဏ်နည်းပါးမှုကြောင့်လည်းကောင်း၊ သုတေသနသမိုင်း
ဟူသော အဓိပ္ပါယ်ကို ကောင်းမွန်ထင်ရှားစွာ သဘောမပေါက်
သည့် ကလေက၀ အုတ်ကြားမြတ်ပေါက် သမိုင်းလိမ်ဝါဒဖြန့်မှု
သက်သက်သာဖြစ်ပါကြောင်း သတိချပ်မိကြစေဖို့ ဘင်္ဂလီ
အောင်တင်နဲ့ ဦးအောင်ခင်(စစ်တွေ)လို့ခေါ်ဆိုသူအပါအ၀င်
သမိုင်းလိမ်တစ်စုကို ပထမဦးဆုံးအကြိမ်အဖြစ်သတိပေးလိုက်
ရပါတယ်။


မနေ့က Nay Lin Aung ရဲ့ ပို့စ်တစ်ခုမှာ ၀င်ရောက်ဆွေးနွေးတဲ့သုတေသန ဆရာ ဆိုသူတစ်ဦးရဲ့ ထင်မြင်ချက်ကို အခြေခံကျကျ
ဝေဖန်သုံးသပ်ပြတာဖြစ်ပါတယ်။

အဆိုပါဆရာဟာ မြစေတီကျောက်စာ (ခေါ်) ဂူပြောက်ကြီးကျောက်စာပါ စတုတ္ထမျက်နှာကို မြန်မာနဲ့မတူသော ပျူစာလို့ ရည်ရွယ်သုံးသပ်
ပြီးနောက် သူ့အမြင်ကို တင်ပြသွားတာဖြစ်ပါတယ်။ နေလင်းအောင်ကိုအားနာလို့ အဆိုပါဆရာအမည်
ကို ထည့်မရေးတော့ပါဘူး။

သို့သော် ဘာသာဗေဒပါရဂူတစ်ဦးသဘောနဲ့သာ ပြောဆိုသွားခဲ့သူက သူ့စာထဲမှာပဲ ပျူဘက် အခြမ်းမှာတော့ ဒီလိုရေးထားတယ်။အဲ့ဒီအတိုင်း မြန်မာဘက်မှာ ဒီလိုရေးထားလို့ မြန်မာစာနဲ့ (သူ့အခေါ်)ပျူစာ မတူပါလို့ ဆိုပါတယ်။ တစ်ဖန် အက္ခရာပညာရှင် ဆရာကြီးဦးသာမြတ်၊ ဘာသာဗေဒ ပါရဂူ စီအိုဗလက်ဒင်တို့ သက်ရှိထင်ရှားရှိ နေစဉ် ကာလဆိုရင်တောင် သူ့အယူအဆဟာ မတူကြောင်း နဲ့ဆရာကြီးဦးသာမြတ်တို့ အမှားတွေရေးခဲ့သယောင် ဆိုပါတယ်။

သုတေသနအမည်ခံရင် ဒီလိုလေဖမ်းဒန်းစီးပြီး မျက်မမြင်ဆင်စမ်းပြောလို့မရပါဘူး။ ကိုယ်ပိုင်သုတေသန၊ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်
အတည်ပြုချက်နဲ့ ပညာရှင်များရှေ့ စစ်ဆေးခ့အတည်ပြုနိုင်ရပါမယ်။
ဒါဟာ သုတေသန စံ/နည်း/လုပ်ထုံး ဖြစ်ပါတယ်။

ဂူပြောက်ကြီးကျောက်စာ စတုတ္ထမျက်နှာမှာ ပါဠိသက်နဲ့ သက္ကဋသက်
အနည်းငယ်ကို ဖယ်ပြီးနောက် တွေ့ရတယ်လို့ ဆရာကြီးဦးသာမြတ်၊
ဆရာကြီး ဦးကျော်ဇင်(ဘုန်းတင့်ကျော်)တို့ ကိုယ်ပိုင်သုတေသနပြု
ထုတ်နုတ်တင်ပြထားတဲ့

*နှိ (နှစ်) ၊ င (ငါး) ၊ ခြော (ခြောက်) ၊ က္နိ (ခုနှစ်) ၊ ရှံ (ရှစ်) ၊ သ္နိ (သစ်နှစ်) ၊ တိမ်း (တိမ်းပါးကွယ်လွန်သည်) ၊ ရုပ်ကြေး (ရုပ်ကြွင်း) ၊ သား ၊ မယား ၊ ဗ္လိ (မြေး) ၊ တိုင်း ၊ ပြိ (ပြည်) ၊ ရော (ရွော=ရွာ) ၊ မြ ၊ ပံ့ ၊ ပေး ၊ မဒိံ(မုဒိမ်း) ၊ညှိဆဲ (ညှင်းဆဲ) ၊ မိဘိသည် (မည်ဘိသည်)၊ ဘိသိဥမိ (ဘိသိက်အမည်) ၊ ယံဗံးမယးဥသး (ယင်းမြတ်မယား၏သား) ၊ ဗံးမယးဥသးရာဇဂုမဥဠံ
(မြတ်မယား၏သား ရာဇကုမာအထံ) ၊ ဎေါ်ဗံးမယး (ထိုမြတ်မယား) ၊ ဎေါ်တဏးတောဥ ကျေးမြေား (ထိုထိပ်တင်တော်၏ကျေးဇူး) ၊ ဎေါ်ဗံးဗူဓဥဆးဗော် (ထိုမြတ်ဗုဒ္ဓ၏အဆင်းပုံ) ၊ ဂေါဥလှော်ဗိးသံရေား (ထိုဂူအား လှူပြီးသရောခါ) ၊ ယံဂေါ်ဗူဓဥဋ္ဌံ (ယင်းဂူဗုဒ္ဓအထံ) ၊ ဂိသးဠေဂီပြိဠေ (ငါ့သားလေး ငါ့မြေးလေး) ၊ ယံတိပြိရိမဓနဗူဥမိဘိသိ (ယင်းတိုင်း ပြည် အရိမဒ္ဒနပူရဟု မည်ဘိသည်) ၊ ယံဗံးဗူဓအရိမေဒေဒံဗး (ယင်းမြတ်ဗုဒ္ဓ
အရိမေတေယျထံပါး) ၊ ပံးစေဆေား (ပေးစေသော) ၊ ခြောရ (ခြောက်ရာ) ၊ယံ (ယင်း) ၊ နု (နည်း) ၊ ပံးစေနတိံပံ(းဠ)ပ (ပေးစေနည်းတိုင်း ပေးလှည့်ပါ) ၊ မတားငူးဗူး (မတားငဲ့မူ)၊ မပံးစေဆေား (မပေးစေသောဝ်) ၊ ဟိဥမ္တုတဠု (ဟိဥမတုလု-သေအမ့် မတော့လု) ၊ ယံတြးတိ မတုကုံးဒူ (ယင်းတရားအတိုင်း မတုကန်တုံ့) ၊ ရော (သရော်၊ ရှေးသရော)*

စတဲ့ သံဝဲမြန်မာဝေါဟာရတွေကို အဆိုပါပုဂ္ဂိုလ်အနေနဲ့ မြန်မာဝေါဟာရ
မဟုတ်ဟု ဆိုလျှင် ကိုယ်ပိုင်သုတေသနအမြင်နဲ့ တစ်လုံးချင်း၊ စကားစု
တစ်စုချင်း ဘာသာပြန် ဆွဲထုတ်ပြဖို့ လိုပါလိမ့်မယ်။

ဒီစကားစုတွေဟာမြန်မာဝေါဟာရ၊ မြန်မာစကားစစ်စစ်ဖြစ်ကြောင်း
သုတေသနပြု သုံးသပ်ခဲ့တဲ့ မြန်မာပဏ္ဍိတ် အက္ခရာပညာရှင် ဆရာကြီး ဦးသာမြတ်က မြန်မာစာ၊ မြန်မာအက္ခရာသည် ပျူကနေဆင်းသက်လာခြင်း
ဖြစ်ကြောင်း အတည်ပြုခဲ့သလို၊ ဦးစွာပထမလေ့လာခဲ့တဲ့ ဘာသာဗေဒပါရဂူ
စီအို ဗလက်ဒင်ကိုယ်တိုင်ကလဲ ရှေးဟောင်းသုတေသနရုံး(ယခင်ကျောက်စာ
ရုံး) ကို ၁၄.၇.၁၉၁၁ မှာပေးထားတဲ့ ဖိုင်နံပါတ်(၃၀၊ ဂျေ-အေ) အစီရင်ခံစာမှာ
*ပျူဘာသာစကားကို မွန်ခမာဘာသာစကားအုပ်စုမှာ လုံးဝမထည့်သွင်းနိုင်ကြောင်း၊ မြစေတီကျောက်စာ စတုတ္ထမျက်နှာမှာ မြန်မာဝေါဟာရ မြောက်
များစွာတွေ့ရကြောင်း၊ ထို့ကြောင့် မြန်မာဘာသာစကားနဲ့ ပျူဘာသာစကား
ဟာ အလှမ်းဝေးသောညီအစ်ကိုတော်စပ်ကြောင်း* ဖော်ပြထားတဲ့အတွက်အဲ့ဒီဖိုင်နံပါတ်အတိုင်း အဲ့ဒီစာထဲမှာ အဲ့ဒီအတိုင်းရေးထား မထား သုတေ
သနသမားကောင်းပီပီ လေ့လာရန်လိုပါတယ်။ ပြီးရင်တော့ဖြင့် ဦးသာမြတ်အပါအ၀င် အက္ခရာပညာရှင်များ၊ ဘာသာဗေဒပါရဂူများ မှားယွင်းကောက်ချက် ချခြင်းဖြစ်ကြောင်း ကိုယ်ပိုင်သုတေသနနဲ့ တင်ပြရမှာဖြစ်ပါတယ်။
ပညာရှင်ပေါင်းများစွာရဲ့ မေးခွန်းကို ကျော်ဖြတ်ပြနိုင်ရပါမယ်။

ယင်းနောက် အဆိုပါဆရာက ရိုးသားစွာဝန်ခံ ထားတာရှိပါတယ်။ သူဟာတရုတ်မှတ်တမ်းများကို လေ့လာမှုအားနည်းကြောင်း ရိုးသားစွာဝန်ခံထား
ပါတယ်။ အဆိုပါစကားအရ သူသည် ပျူနှင့်မြန်မာ မတူဆိုတဲ့ ဂျီအိပ်ခ်ျလုစ်ရေးခဲ့တဲ့ လုပ်ကြံသမိုင်းကို နားယောင်ပြီး မတူ မတူ မတူ ဆိုတဲ့စိတ်နဲ့
လေ့လာနေတဲ့သဘောသက်ရောက်ပါတယ်။

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စတဲ့မြို့ဟောင်းကြီးများရဲ့အတိတ်ဖြစ်ရပ်
သမိုင်းကို မည်သည့်ရာဇ၀င်များက ညွှန်းဆိုပါသလဲဆိုတဲ့မေးခွန်းကို ဖြေဆို
ဖို့ လိုလာပါတယ်။ ဒီမြို့ဟောင်းကြီးတွေရဲ့သမိုင်းကို မည်သည့် ရှမ်းရာဇ၀င်၊
မွန်ရာဇ၀င်ကမှ ပြဆိုခြင်းမရှိ၊ ယင်းမြို့ဟောင်းကြီးများသမိုင်းကို မြန်မာ့ရာဇ၀င်
များကသာ ပြဆိုနိုင်ခြင်းသည်လည်းကောင်း၊ မြန်မာ့ရာဇ၀င်အစောင်စောင်မှာ
သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ကြီးများ တည်ထောင်ခဲ့တဲ့ လူမျိုးကို မြန်မာ
နှင့်မတူသော ပျူလူမျိုးလို့ ညွှန်းဆိုပြသခြင်းမရှိတာကို အဆိုပါဆရာအနေနဲ့
သတိပြုသင့်ပါတယ်။

*သရေခေတ္တရာပျက်ဆဲအခါ၌ လျှင်မြန်သန်မာသော ပျူအချင်းချင်းကို မြန်မာဟုခေါ်သည်*

*ပျူစစ်လျှင်မြန်မာ*

*မြန်မာဟူသည် ပျူ့သား ပျူ့မြေး* ဆိုတဲ့ ရှေးရာဇ၀င် ဆိုစကားများ၊ ပုဂံရာဇ၀င်ပေမူပါ မှတ်တမ်းတင်ချက် များကို လေ့လာရန်လိုပါတယ်။

ထိုမျှမကသေး ကုန်းဘောင်ရာဇ၀င်ပေမူများမှာပါ သရေခေတ္တရာပျူဗရမ္မာမင်းကြီးဒွတ္တဘောင်ကို ကုန်းဘောင်မင်းဆက်မြန်မာများက ဘေးလောင်း
တော်လို့ အဘိုးခေါ် အဘေးခေါ်ပြီး မှတ်တမ်းတင် ထားချက်တွေ၊ ဆင်ဖြူရှင်မင်းလက်ထက်မှာ တရုတ်စစ်ရောက်တော့

“ငါသည် ဘေးလောင်းတော် ပျူမင်းထီးကဲ့သို့ အရေးယူတွန်းလှန်မည်။ တရုတ်တို့သည် တောမှ သစ်ရွက်များကဲ့သို့ မရေမတွက်နိုင်အောင် ချီလာ သည်ဆိုသည်ကို ငါသည် ညီတော်လေးပါးနှင့်အတူ မြစ်ငယ်ကိုဖြတ်ကာ ရွှေကြက်ယက်မှသည် ရွှေတောင်ဦးအထိ ငါကိုယ်တော်စစ်ထိုးမည်“ လို့ ဆင်ဖြူရှင်မင်းကြီးမိန့်ကြားချက်တွေ။

ကုန်းဘောင်မင်းဆက်တည်ထောင်သူအလောင်းမင်းတရားကြီး ဦးအောင်ဇေယျကိုယ်တိုင် မိမိသည် ဗျူ (ပျူ)လူမျိုးဖြစ်ကြောင်း မှတ်တမ်းတင်ချက်တွေ၊

စေတိယကထာရာဇ၀င်ချုပ်ပါ “ဗြဟ္မာလူမျိုး၊ ဗျူလူမျိုး၊ မြန်မာလူမျိုး” လို့အမည်သုံးမျိုးတွင်ကြောင်း မှတ်တမ်း တင်ချက်တွေ၊ ရခိုင်ရာဇ၀င်များပါ ပြည်မမြန်မာ မင်း များကို ပျူလူမျိုးလို့ ခေါ်ဆိုမှတ်တမ်းတင်ချက်တွေကို ပေမူများအထိ လိုက်လံမလေ့လာနိုင်ရင်လည်း ထုတ်နှုတ်တင်ပြခဲ့တဲ့ မြန်မာ့သမိုင်း သုတေသန ပညာရှင်ကြီးများဖြစ်တဲ့ တမ္ပ၀တီဦးဝင်းမောင်၊ ဆရာဦးကျော်ဇင်စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့သုတေ
သနပြု လေ့လာတင်ပြချက်များကို မျက်ကွယ်မပြု သင့်ကြောင်း ရိုးသားစွာထောက်ပြလိုက်ရပါတယ်။