Friday, July 31, 2015

ဘင်္ဂလီအောင်တင်သို့ ဖြေရှင်းချက်

အောင်တင်ရဲ့ပို့စ်ကို လာမေးထားတဲ့
လူငယ်လေးတစ်ယောက်အတွက်ပါ။
ဒီလူကြီး ဒီလိုတွေရေးနေပါတယ်။ မှန်
သလားဆိုတော့ မမှန်ဘူးလို့ ပြောရမှာပဲ။
ဒီဘက်ခေတ်မှာ အိန္ဒိယနိုင်ငံအတွင်း
ဗုဒ္ဓဘာသာကွယ်ခြင်း အဖြစ်မှန်ကို
မွတ်စလင်တွေဘက်က သူတို့လုပ်တာ
မဟုတ်သယောင် ၀ါဒဖြန့်နေတာတွေ
ရှိလာတယ်။ ဒါကြောင့် အိန္ဒိယကျောက်
စာဌာနကထုတ်ဝေထားတဲ့ အိန္ဒိယသမိုင်း
ထဲက ဗုဒ္ဓဘာသာသမိုင်းဖြစ်စဉ်တချို့ကို
ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။
အေဒီ ၆ ရာစုလောက်မှာ ၀င်္ဂတိုင်း၊
ဘင်္ဂလားပြည်အလယ်ပိုင်းက ဟိန္ဒူ
အယူသည်းမင်း ဆဆင်္ကာမင်း နန်းတက်
ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာအလွန် ညှိုးမှိန်
ခဲ့ရပါတယ်။ မြင်းယဇ်ပူဇော်တာကို
အလွန်နှစ်ချိုက်တဲ့ ထိုမင်းလက်ထက်မှာ
ဗုဒ္ဓဘာသာဝင်တွေကို အလွန်ဖိနှိပ်ပြီးတော့
မဟာဗောဓိပင်ကို အမြစ်ကနေလှန်ပြိး မီးရှို့
တဲ့အထိ ဗုဒ္ဓဘာသာကိုနှိပ်ကွက်ခဲ့ပါတယ်။
ဒါပေမယ့် ဆဆင်္ကာမင်းနတ်ရွာစံပြီးတဲ့နောက်
ဂေါပလဒေ၀ အမည်ရှိတဲ့မင်း နန်းတက်ပြီး
နောက်မှာ ပါလမင်းဆက်နဲ့ သေနမင်းဆက်တွေ
လက်ထက် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဟာ
လင်းတလှည့် မှိန်တလှည့် ထွန်းကားနေကြာင်း
အိန္ဒိယမှာ အတိအကျမှတ်တမ်းတင်ရေးထိုး
ထားတဲ့ကျောက်စာတွေ ကျန်ရှိနေပါတယ်။
အိန္ဒိယကနေ ဗုဒ္ဓဘာသာ အမြစ်ပြတ်ပျောက်
ကွယ်သွားတာကတော့ မွတ်စလင်တွေရဲ့
လက်ချက်ဖြစ်ပြီး အိန္ဒိယမှာ ဗုဒ္ဓဘာသာကို
အမြစ်ပြတ်အောင်လုပ်ခဲ့တဲ့ မွတ်စလင်စစ်ဗိုလ်
တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 “အာဂျာဇ်”
------------
“အသျှဝဒ္ဓနသီလာဒိတြမင်းကြီး” နတ်ရွာစံပြီး
သည့်နောက် ခရစ်သက္ကရာဇ် (၇၀၀) အစပိုင်း
လောက်မှစ၍ အိန္ဒိယပြည်တစ်ပြည်လုံးအား
စုစည်းအုပ်ချုပ်နိုင်သော မဟာရာဇဓိရာဇ
ဘွဲ့ခံမင်းများ မရှိတော့ပေ။ တစ်မြို့ တစ်နယ်၊
တစ်ပြည် တစ်မင်း ဆိုသကဲ့သို့ အမျိုးမျိုးကွဲပြားလျှက်
ရှိလေသည်။ ဤသို့ ဖရိုဖရဲကွဲပြားလျှက်ရှိနေစဉ်
အာရပ်ပြည်သား “အာဂျာဇ်”မည်သော အာရပ်မွတ်
စလင်စစ်ဗိုလ်ကြီးသည် ခရစ်သက္ကရာဇ် (၈)ရာစု
ကုန်ခါနီးတွင် “ဒါဟိရ်”အမည်ရှိသော သိန္ဓုရှင်ဘုရင်အား
ဝင်ရောက်တိုက်ခိုက်လေသည်။ သို့သော် ဒါဟိရ်ဘုရင်၏
ရဲဝံ့စွာ ခုခံတိုက်ခိုက်မှုကြောင့် အာရပ်စစ်သည်တော်တို့မှာ
မိမိတို့တိုင်းပြည်သို့ဆုတ်ခွါထွက်ပြေးရလေသည်။
“မိုဟမ္မက် ဘိန်ကာစင်”
------------------------
ဒုတိယတစ်ဖန် မိုဟမ္မက်ဘိန်ကာစင်မည်သော
အာရပ်လူငယ်စစ်ဗိုလ်တစ်ယောက်သည် ၃-နှစ်တိုင်တိုင်
ထပ်မံ၍ သိန္ဓုနယ်ကိုထိုးစစ်ဆင်တိုက်ခိုက်လေသော်
“ဒါဟိရ်” မင်းမှာ ဘိန်ကာစင်၏လက်ချက်ဖြင့် အနိစ္စ
ရောက်ရလေသည်။ ကြင်ယာတော် အနိစ္စရောက်သည့်
သတင်းကို ကြားသော် “မဟာရာဏိသိန္ဓုမတီ”
ကြားသော် ကိုယ်တိုင် စစ်တပ်ကိုဦးစီးကာ
တိုက်ခိုက်ပြန်လေသည်။
သို့သော် မည်သို့ပင် ရဲစွမ်းသတ္တိရှိစွာ ခုခံတိုက်သော်လည်း
အင်အားကြီးမားလှသော မိုဟမ္မက်ဘိန်ကာစင်၏ အင်အားကို
မနှိမ်နင်းနိုင်သဖြင့် မိမိတို့ကိုယ်ကို ထောပတ်များဖြင့် သွန်းလောင်းကာ နောက်ပါစစ်သည်တော်များနှင့်အတူ
မီးပုံကြီးထဲသို့ ခုန်ဆင်းသဖြင့် မရဏပွဲဝင်ရလေသည်။
ထိုအချိန်မှစ၍ သိန္ဓုနယ်မှာ မွတ်စလင်တို့၏
လက်အောက်ခံဖြစ်လာသည်။

 “ဆဗုတ္တဂိန်”
-------------
ခရစ်သက္ကရာဇ် (၁၀)စုအလယ်လောက်တွင်
“ဆဗုတ္တဂိန်”အမည်ရှိသော “ပဂနီမြို့စော်ဘွား”
အာဖဂန်နစ္စတန်ပြည်သား မွတ်စလင်သည်
“ပန်ဂျပ်နယ်”သို့ ၀င်ရောက်တိုက်ခိုက်ပြန်သည်။
ထိုခေတ်တွင်ပန်ဂျပ်နယ်ကို အစိုးရသောမင်းမှာ
“ဇယပါလ”ဖြစ်၍ သူသည် မဟာမိတ်မင်းများ၏ အကူအညီဖြင့် ပြန်လည်တိုက်ခိုက်လေရာ
ဆဗုတ္တဂိန်မှာ အာဖဂန်သို့ ပြန်လည်ဆုတ်ခွါ
ရလေသသည်။
မကြာမှီပင် ထိုဆဗုတ္တဂိန်မှာ သိန္ဓုနယ်သို့ ၀င်ရောက်
တိုက်ခိုက်ရာအာရပ်ပြည်သားမွတ်စလင်တို့မှာ စစ်ရှုံးသဖြင့်
မိမိတို့ဌာနေသို့ပြန်သွားရလေသည်။
“စူလတန်မိုဟမ္မက်”
--------------------
ဆဗုတ္တဂိန်ကွယ်လွန်သော် ၎င်း၏ဒုတိယသားတော်
စူလတန်မိုဟမ္မက်မှာ ဂဇနီမြို့ကို သိမ်းပိုက်အုပ်ချုပ်
မင်းလုပ်လေသည်။အိန္ဒိယပြည်ရှိ မြို့ကြီးများတွင် ရွှေ၊ ငွေ၊
ရတနာ ပေါကြွယ်ဝကြောင်းနှင့် ကျောင်းကန်၊ ဘုရား၊ စေတီ
ပုထိုးများတွင် ရွှေ၊ ငွေများ အများအပြားရှိနေကြောင်းကို
သိရှိသောအခါ သူသည်ဖခင် ဆဗုတ္တဂိန်နည်းတူ ပန်ဂျပ်ပြည်သို့ ၀င်ရောက်တိုက်ခိုက်လေရာ အရွယ်လွန်၍ အိုမင်းမစွန်းဖြစ်နေသော “ဇယပါလမင်းကြီး” မှာ သူ့အား မတွန်းလှန်နိုင်သဖြင့် မီးပုံကြီးထဲသို့
ခုန်ဆင်းကာ အဆုံးစီရင်ခဲ့လေသည်။

 “မိုဟမ္မက်ဂေါ်ရီ”
-----------------
ခရစ်သက္ကရာဇ် (၁၁၉၁)ခုနှစ်တွင် မိုဟမ္မက်ဂေါ်ရီ မည်သော
အာဖဂန်စစ်ဗိုလ်ကြီးတစ်ဦးသည် အိန္ဒိယပြည်ထဲသို့ ကျူးကျော်
တိုက်ခိုက်ပြန်ရာ ၃ပုံ ၂ပုံလောက်သော နယ်ပယ်တို့မှာ ၎င်း၏
လက်အောက်သို့ ကျရောက်ရလေသည်။
မိုဟမ္မက်ဂေါ်ရီ ၀င်ရောက်တိုက်ခိုက်စဉ်က “ပြီထွီရာဇ်”(ပထ၀ီရာဇ)
မည်သောမင်းမှာ ဒေလီမြို့ကို အစိုးရ၍ “ဇယချန္ဒရ”မည်သောမင်းမှာ
ဗာရာဏသီအပါအ၀င်ဖြစ်သော “ကာနောဇ်”(ကသိကရာဇ်တိုင်း) ကို
အစိုးရလေသည်။ ထိုမင်းတို့သည်လည်း အချင်းချင်းမသင့်မြတ်သဖြင့်
တိုက်ခိုက်နေချိန်ဖြစ်၏။
ဤသို့ဖြစ်နေစဉ် မိုဟမ္မက်ဂေါ်ရီသည် နောက်လိုက်စစ်သည်တော်
အလုံးအရင်းဖြင့် ၀င်ရောက်ကာ ပြီတွီရာဇ်မင်းကို ထိုးစစ်ဆင်တိုက်ခိုက်
လေသည်။ ပြီတွီရာဇ်မင်းသည် ယောက်ဖတော် သျှမဆင်၏ အကူအညီဖြင့်
ပြင်းထန်စွာ ခုခံတိုက်ခိုက်သော်လည်း စစ်ရှုံးသဖြင့် ဂေါ်ရီ၏လက်ချက်ဖြင့်
ကျဆုံးရလေသည်။
ဤသတင်းကို ကြင်ယာတော် သံယုတ္တိမိဘုရားကြီး ကြားသိရသော်
ယမုံနာမြစ်အတွင်းသို့ ခုန်ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့လေသည်။

 “ကုတ်ဘွဒ္ဒိန် နှင့် ဘတ်တိယာခိလဂျီ”
--------------------------------------
မိုဟမ္မက်ဂေါ်ရီနှင့် ၎င်း၏ စစ်ဗိုလ်မှူး ၂ဦးဖြစ်သော ကုတ်ဘွဒ္ဒိန်အဲဘတ်နှင့်
ဘတ်တိယာခိလဂျီတို့သည် ယူပီနယ်သို့ လာရောက်သောအခါ ဘုရင်ဇယျ
ချန္ဒရနှင့် အီတာဝမည်သော စစ်မြေပြင်၌ ကြောက်မက်ဖွယ်ကောင်းသော
စစ်ပွဲကြီးကို ဆင်နွှဲရလေသည်။ ထိုစစ်ပွဲ၌ ဇယျချန္ဒရမင်း ကျဆုံးသဖြင့်
ခန္ဓာကြွေရလေသည်။
ဘုရင်ဇယျချန္ဒရနှင့် နောက်လိုက်စစ်သည်တော်တို့ကို အောင်မြင်ပြီးနောက်
မွတ်စလင်စစ်သည်တို့သည် ဗာရာဏသီမြို့တွင်းသို့ တစ်ဟုန်ထိုးဝင်ရောက်
လာပြီးလျှင် များစွာသော ဘုရားရှိခိုးကျောင်းများနှင့် ပုဏ္ဏားများအား သတ်ဖြတ်
ကြလေရာ အကြွင်းမရ ပျက်စီးရလေသည်။ ဗာရာဏသီမြို့ကြီးလည်း (၁၅)ရက်တိုင်တိုင် မီးဟုန်းဟုန်းတောက်ခဲ့ရလေသည်။
ထို့နောက် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဓမ္မစတြာတရားဦး ဟောကြားခဲ့ရာ
မိဂဒါဝုန်တောသို့ စစ်ချီလာပြီးလျှင် များစွာသော ကျောင်း၊ စေတီပုထိုးများ၊
ဘုရားရုပ်၊ ဘုရားလောင်းရုပ်တုများ၊ နတ်သမီးရုပ်တုများကို ချိုးဖဲ့ဖျက်စီး
ပြီးလျှင် သံဃာတော် အပါး(၁၆၀၀)ကျော်တို့ကိုလည်း သတ်ဖြတ်ပစ်လေသည်။
ထို့နောက် ကုတ်ဘွဒ္ဒိန်အဲဘတ်သည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူရာ
ကုသိနာရုံကျောင်းတော်ကြီးသို့ ချီတက်ပြီးလျှင် ကုသိနာရုံကျောင်း၊ စေတီ၊
ပုထိုးများကို မီးရှို့ဖျက်စီးလေသည်။
ကုတ်ဘွဒ္ဒိန်အဲဘတ်သည် ခရစ်သက္ကရာဇ် (၁၁၉၇)ခုနှစ်တွင် ကုသိနာရုံသို့
ချီတက်တိုက်ခိုက်ရာ ကုသိနာရုံဌာနတွင် ကျောင်းကြီးငယ်ပေါင်း ၃၀၊
စေတီ ၈-ဆူနှင့် ရဟန်းသံဃာ အပါး(၃၀၀)ကျော် သီတင်းသုံးနေထိုင်နေချိန်
ဖြစ်သည်။
မွတ်စလင်စစ်သည်တို့သည် ကျောင်းရှိ သံဃာတော်တို့အား ၀ါဝါမြင်သမျှ
လိုက်လံသတ်ဖြတ်လေသော် ရဟန်းတော်တို့မှာ ဓါး၊ လှံ လက်နက်တို့၏
လက်ချက်ဖြင့် အတုံးအရုံးသေပွဲဝင်ရလေသည်။
အသက်ဘေးမှ လွတ်အောင်ထွက်ပြေးတိမ်းရှောင်သောငြာ တစ်ချို့သော
သံဃာတော်များသည် ဘုရားရှင် ပရိနိဗ္ဗိာန်ပြုရာ ဂူကြီးထဲသို့ ၀င်ပြေးကြ
လေသည်။ ထိုသို့ ၀င်ပြေးသော သံဃာတော်တို့အား အပြင်ဘက်မှနေ၍
တံခါးများကိုပိတ်ကာ မီးရှို့သတ်လေရာ သံဃာတော်တို့မှာ အရှင်လတ်လတ်
မီးပုံထဲတွင် သေပွဲဝင်ရလေသည်။
............................................................................
အိန္ဒိယကျောက်စာဘက်ဌာနက ရေးသားစီစဉ်ထုတ်ဝေထားတဲ့
အိန္ဒိယသမိုင်းထဲက အကြောင်းအရာအချို့ကို ထုတ်နှုတ်တင်ပြ
ထားတာဖြစ်ပါတယ်။ အိန္ဒိယကို နောက်ဆုံးဝင်တိုက်ခဲ့တာက
ဘတ်တိယာခိလဂျီ လို့ခေါ်တဲ့ မွတ်စလင်စစ်ဗိုလ်ဖြစ်ပြီးတော့
အေဒီ ၁၁၉၃ လောက်မှာ ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင်
ရှင်းထုတ်သွားခဲ့တဲ့သူဖြစ်ပါတယ်။ ဒိနောက်မှာ ဘီဟာနယ်
တကြော မွတ်စလင်တွေအခြေချနေထိုင်ခဲ့တာဖြစ်ပြီးတော့
ဒီမတိုင်ခင်မှာ အိန္ဒိယပြည်နယ်အတွင်း မွတ်စလင်တွေ
အခြေချနေထိုင်ခြင်းမရှိကြောင်း အိန္ဒိယသမိုင်းမှာ အတိအလင်း
ပြဆိုထားပါယ်။
နောက်တစ်ခုက ဘိုးတော်ဘုရား၊ ဆင်ဖြူရှင်၊ အနော်ရထာ၊
အလောင်းဘုရားတို့က စေတီတွေဖျက် ဘုန်းကြီးတွေသတ်
တယ်ဆိုတာ ဘယ်ရာဇ၀င်မှာမှ ညွှန်းဆိုပြသထားခြင်း
မရှိသလို ဘာအထောက်အထားမှလည်းမရှိပါဘူး။
မွန်အစွန်းရောက်နဲ့ ကုလားအစွန်းရောက်တို့ရဲ့
အိပ်ယာဝင်ပုံပြင်/ပါးစပ်ရာဇ၀င်မျှသာဖြစ်ပါတယ်။
ဒီအကြောင်းကတော့ နောက်မှ အကျယ်တ၀င့်ရေးသားပေးပါ့မယ်။

No comments:

Post a Comment