Thursday, September 3, 2015

သတိပေးစကား

ရေးချင်သလို ရေးသားနေတဲ့ သုတေသန
အမည်ခံ ကလောင်ရှင်တချို့ကို လေ့လာ
သုံးသပ်ပြီးတဲ့နောက် မဖြစ်မနေလိုအပ်လာတာ
တစ်ခုက မြန်မာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့
ဖွဲ့စည်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါမှသာ
မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့သမိုင်းကို ကာကွယ်
နိုင်မှာဖြစ်တယ်။
ကိုယ်ပိုင်သုတေသနလဲမလုပ်၊ စာပေလေ့လာရာ
မှာလဲ စာစုံ/စာနှံ့အောင် မလေ့လာဘဲနဲ့ ဟိုကွက်
ဒီကွက် စပ်ထမိန်ဆန်ဆန် အရေးအသားတွေ၊
နောက်ကွယ်က ခွဲထွက်ရေးဝါဒီ အစွန်းရောက်
တချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အထောက်
အထားမဲ့ လိုရာဆွဲရေးသားမှုတွေကြောင့်
မြန်မာ့စာပေနဲ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းကို
ကာကွယ်ဖို့ အဖွဲ့အစည်းတစ်ခု ရှိသင့်ပြီလို့
ထင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် *မောင်သာ (ရှေးဟောင်း
သုတေသန)* ဆိုတဲ့ ကလောင်ရှင်လို ပုဂ္ဂိုလ်မျိုး၊
*ဦးနိုင်မောင်တိုး၊ ဦးစံဝင်း၊ ဦးညွန့်ဟန်* တို့လို
ရာထူးတာဝန်ကို အသုံးချပြီး မြန်မာ့သမိုင်းကို
အထောက်အထားမဲ့ ဘေးပြောနေသူတွေကို
တားဆီးနိုင်မှာဖြစ်ပါတယ်။
ယခင်နှစ်တချို့မှာ ဆရာချစ် (ဆရာချစ်စံဝင်း)
ဦးဆောင်တဲ့ ပျူအသင်း ဖြစ်ပေါ်လာဖို့ အစပျိုး
ခဲ့ဖူးတယ်။ ဆရာချစ်စံဝင်း၊ ဆရာဘုန်းတင့်ကျော်
အစပြုတဲ့ သုတေသနပညာရှင်ကြီးများ ကြိုးစား
အားထုတ်မှုနဲ့ အစပြုတဲ့ ဒီအသင်းရဲ့အစမှာပဲ
ဇေကမ္ဘာဦးခင်ရွှေရဲ့ တားဆီးနှောင့်ယှက်မှုကို
သူ့ခမည်းခမက် သူရဦးရွှေမန်းရဲ့ အာဏာနဲ့
အားဖြည့်တားဆီးခံခဲ့ရတာကြောင့် နှောင့်နှေး
ခဲ့ရပါတယ်။ ပထမအကြိမ် ပျူအသင်းစာတမ်း
ဖတ်ပွဲကို သူရဦးရွှေမန်းအမိန့်နဲ့ ကျင်းပခွင့်
ပိတ်ခဲ့ပေမယ့် ဆရာကြီးများက နိုင်ငံတော်
သမ္မတအဆင့်အထိ စာတင်အကြောင်းကြား
ခဲ့တာကြောင့်သာ ကျင်းပခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဒီ့နောက်မှာတော့ မြန်မာစာပေနဲ့ ယဉ်ကျေးမှု့ကို
ဖျက်စီးနေတဲ့အရေးအသား အပြောအဆိုတွေ၊
သုတေသနအချက်အလက်တွေကို လိုတာဆွဲယူ/
ဖျောက်ဖျက်ချင်တာတွေကို ဖျောက်ဖျက်နဲ့ ယဉ်
ကျေးမှုဝန်ကြီးဌာနတွင်းက မြန်မာ့သမိုင်း ဖျက်ပွဲ
ကြီးကို အကြီးအကျယ် ကြိုးစားအားထုတ်လာတာ
တွေ့နေရပါတယ်။
မြို့ဟောင်းပညာရှင် ဆရာဦးမြင့်အောင် ယာယီ
အမည်တပ်ထားတဲ့ ကျိုက္ကသာမြို့ဟောင်းထဲက
တွေ့ရှိခဲ့တဲ့ ပျူအရိုးအိုး၊ ပျူပုတီးစေ့၊ ပျူလက်ရေး
စင်းအုတ် စတဲ့အထောက်အထားတွေကို ဆရာကြီးဒေါက်တာသန်းထွန်း သက်ရှိထင်ရှား
ရှိစဉ် ၂၀၀၁ ခုနှစ်မှာ ဦးစံဝင်းအနေနဲ့ ဌာနတွင်း
အစီရင်ခံစာတွေမှာ ရေးသားတင်ပြခဲ့ပေမယ့်
ဆရာကြီးဒေါက်တာသန်းထွန်း မရှိတဲ့နောက်မှာ
ပျူအထောက်အထားတွေကို ဖျောက်ဖျက်ပြီး
မွန် ယဉ်ကျေးမှုဖြစ်သယောင်ယောင် ပြောဆို
နေတာ ယနေ့အထိပဲဖြစ်ပါတယ်။ ကျိုက္ကသာ
မြို့ဟောင်း တူးဖော်ရေးကုန်းတစ်ခုကရတဲ့
ပျူခေတ်အက္ခရာတွေနဲ့ရေးထားတဲ့ အုတ်ပြား
တစ်ချပ်ကို ပျူအက္ခရာပညာရှင် ဆရာဦးစိန်ဝင်း
အက္ခရာလှယ်ပေးခဲ့ပေမယ့် ရှေးသုညွှန်မှူးဟောင်း
ဦးညွန့်ဟန်လက်ထက်ကနေ ယနေ့အထိ သတင်း
ထုတ်ပြန်ခြင်းမရှိဘဲ တိုးတိုးတိတ်တိတ်နဲ့ အစ
ပျောက်ခဲ့ရပါတယ်။
ရှေ့မညီ နောက်မညီ ရာဇ၀င်ယူဆချက်တွေနဲ့
ိုနိုဘီထောမွန်၊ ဦးနိုင်မောင်တိုး၊ မောင်သာ စတဲ့
စာရေးဆရာအမည်ခံများက အံ့သြဖွယ်ရာ သုတေ
သနအမည်ခံပြီး စုံအောင်မလေ့လာဘဲနဲ့ လေဖမ်း
ဒန်းစီး ရေးသားကြပါတော့တယ်။ အောက်မြန်မာ
နိုင်ငံတ၀ှမ်းမှာ အနော်ရထာခေတ် (အေဒီ ၁၁
ရာစု) ထက်စောတဲ့ မွန်ယဉ်ကျေးမှုအထောက်အထားများ တွေ့ရှိပြီလားဆိုရင် မရှိပါဘူး။ဒါကိုလဲ
မွန်အမျိုးသား သုတေသနပညာရှင် မိုက်ကယ်အောင်သွင် (ဟာဝိုင်ရီတက္ကသိုလ် သမိုင်းပါမောက္ခ၊ အမေရိကန်)ကိုယ်တိုင်က *အနော်ရထာမတိုင်ခင် အောက်မြန်မာနိုင်ငံတ၀ှမ်း
မွန်တိုင်း၊ မွန်နိုင်ငံ ရှိခဲ့သည်ဟူသောပုံပြင်* ဆိုတဲ့
စာတမ်းတင်သွင်းခဲ့ပြီး အထောက်အထားမဲ့ရေး
သားပြောဆိုနေတာတွေကို သတိပေးခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်ပေါင်းများစွာနဲ့ မြန်မာ့သမိုင်းကို
ဖျက်စီးချင်နေတဲ့ သူတွေကတစ်ဖက်၊ ကာကွယ်နေတဲ့ ပညာရှင်ကြီးများကတစ်ဖက်နဲ့ တရွေ့ရွေ့
လျောက်လှမ်းလာတဲ့ မြန်မာ့သမိုင်းခရီးစဉ်ဟာ
အမှန်လမ်းရောက်ဖို့ မဝေးတော့ပါဘူး။ ဒီ့အတွက်
လိုအပ်နေတာက မြန်မာ့စာပေနဲ့ယဉ်ကျေးမှု၊
မြန်မာ့သမိုင်းကို ကာကွယ်မယ့် ပညာရှင်အစု၊
ဝါသနာရှင်လူငယ်များအစု အချိုးညီညီပေါင်း
စပ်ထားတဲ့ အဖွဲ့တစ်ခု တရားဝင်ဖွဲ့စည်းဖို့
လိုအပ်နေပြီဖြစ်တယ်ဆိုတဲ့အကြောင်းကို
လုပ်နိုင်စွမ်းရှိတဲ့ တက်သစ်လူငယ်တွေကို
ကျွန်ုပ်အနေနဲ့ သတိပေးပြောကြားလိုက်ပါတယ်။

No comments:

Post a Comment