Wednesday, July 29, 2015

မြန်မာ့တိုက်ပုံနှင့်ခေါင်းပေါင်းအကြောင်းသိကောင်းစရာအဖြာဖြာ


မောင် Aung Myo Oo ရဲ့ ပို့စ်တစ်ခုထဲက
ဘင်္ဂလီအောင်တင်ရဲ့ မန့်တစ်ခုကို မရှင်းလို့
လာမေးထားတဲ့ မိတ်ဆွေလေးတစ်ယောက်ရဲ့
အမေးအတွက် ဖြေရှင်းပေးထားတာဖြစ်ပါတယ်။
မအားလပ်တဲ့အတွက် အခုမှဖြေပေးနိုင်တာကို
ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်။


        အောင်တင် ဆိုတဲ့ ငမွှေဒိုးဘင်္ဂလီသမိုင်းလိမ်က မြန်မာ့ရိုးရာ တိုက်ပုံအင်္ကျီနဲ့ ပုဆိုးကို မြန်မာ့ရိုးရာ
အ၀တ်အစား မဟုတ်သယောင်၊ သို့လောသို့လော ဖြစ်အောင် ရမ်းဖြီးသွားတဲ့ကိစ္စ။

တိုက်ပုံအင်္ကျီရယ်လို့ မပေါ်လာခင်မှာ မြန်မာ့ရိုးရာ အမျိုးသားအင်္ကျီအဖြစ် သိုရင်းအင်္ကျီအပါအ၀င် ရင်စေ့အင်္ကျီတွေရှိနေခဲ့ပါတယ်။ 1910 ခုနှစ်ခန့်မှာ
အင်္ဂလန်က ရိုးလ်ကုပဏ္ဏီဟာ မြန်မာနိုင်ငံအတွင်း
ဥရောပတိုက်သုံး အင်္ကျီတွေမရောင်းရတဲ့အတွက်
ရှိရင်းစွဲ မြန်မာသိုရင်းအင်္ကျီနဲ့ ရင်စေ့အင်္ကျီတွေကို
ကြည့်ပြီး မြန်မာအမျိုးသားတွေအတွက် ယနေ့
တိုက်ပုံအင်္ကျီလို့ခေါ်တဲ့ အင်္ကျီဒီဇိုင်းကို တီထွင်
ချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး မြန်မာသိုရင်းအင်္ကျီနဲ့
ရင်စေ့အင်္ကျီတွေကို အိတ်ကပ်တပ်ပြီး ချုပ်ပေး
ထားတာပါပဲ။ ထူးထူးခြားခြားမဟုတ်သလို
မြန်မာ့ယဉ်ကျေးမှု ရှိရင်းစွဲဒီဇိုင်းကို အခြေခံထားတဲ့
မြန်မာ့မူဟန်သီးသန့်သာဖြစ်ပါတယ်။
ခေါင်းပေါင်းနဲ့ ပုဆိုးကတော့ သရေခေတ္တရာခေတ်
ကတည်းက ရှေ့ပြေးအဖြစ်ရှိခဲ့ကြောင်း အောက်ပါ
ပုံကိုကြည့်ပြီး သုံးသပ်နိုင်ပါလိမ့်မယ်။ သရေခေတ္တရာ
ခင်ဘုန်းစေတီပျက်တွေ့ ဌာပနာတိုက်ကျောက်ပြား
အဖုံးပေါ်မှာ အေဒီ ၅ ရာစုလို့ ပညာရှင်များခန့်မှန်း
ထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ၀တ်စားဆင်ယင်ပုံ
စစ်စစ်ကို လေ့လာသိရှိနိုင်ပါတယ်။
ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးခါးတောင်းကျိုက်နဲ့
ထီးတော်တို့ဟာ ယနေ့တိုင် မြန်မာတွေအသုံးပြုနေဆဲ
မြန်မာ့ယဉ်ကျေးမှု စစ်စစ်သာဖြစ်ပါတယ်။
မောင်းကျက်သရေခေါင်းပေါင်းအဖြစ် ကြိမ်ယက်ခေါင်း
ပေါင်းတွေ မပေါ်ခင်မှာ ယနေ့အငြိမ့်သဘင်တွေမှာ
လူပြက်တွေသုံးတဲ့အတိုင်း လည်တင်ပ၀ါကို ခေါင်း
ပေါင်းအဖြစ် ထုံးဖွဲ့အသုံးပြုကြပြီး ပါလီမန်ခေတ်ကို
ရောက်တဲ့အခါ လွှတ်တော်အမတ်တွေဟာ အစည်း
အဝေးမစခင်မှာ ပ၀ါနဲ့ခေါင်းပေါင်းလုပ်၊ အစည်းအဝေး
နားတဲ့အချိန်မှာ ပူတာကြောင့် ခေါင်းပေါင်းပ၀ါကို
ပြန်ချွတ်၊ အစည်းအဝေးမစခင် ခေါင်းပေါင်းပြန်ဖွဲ့နဲ့ အတော်အလုပ်ရှုပ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်
တချို့က ကြိမ်ပါးပါးလေးတွေနဲ့ ခေါင်းပေါင်းပုံစံယက်
လုပ်ကာ ပ၀ါပါးအုပ်ပြီး အသင့်ဆောင်း မောင်းကျက်
သရေခေါင်းပေါင်းတွေကို တီထွင်ထုတ်လုပ်ရောင်း
ချခဲ့တာဖြစ်ပါတယ်။
ဆိုလိုချင်တာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ
ဝတ်စားဆင်ယင်မှုတွေဟာ အေဒီ ၄-၅ ရာစု သရေ
ခေတ္တရာခေတ်ကတည်းက ယနေ့တိုင်အောင်
ပြောပလောက်အောင် ပြောင်းလဲခြင်းမရှိသေးဘူး
ဆိုတာကို တူးဖော်တွေ့ရှိရတဲ့ သုတေသနအထောက်
အထားတွေအရလည်းကောင်း၊ ကုန်းဘောင်ပေမူများပါ
ဖော်ပြမှတ်တမ်းတင်ချက်တွေကိုလည်းကောင်း တိုက်
ဆိုင်စစ်ဆေးပြီး သုတေသနပညာရှင်များအနေနဲ့
ခိုင်မာစွာ မှတ်တမ်းတင်ထားပြီးဖြစ်တဲ့အတွက်
ဘင်္ဂလီအောင်တင်တို့အနေနဲ့ အထောက်အထားမဲ့
လေဖမ်းဒန်းစီး ကလေက၀ပြောဆိုတာတွေကို
မထိန်းသိမ်းရင်ဖြင့် မြန်မာနိုင်ငံအတွင်းမှာ
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတာ ရေမှာ
အရုပ်ရေးသလို ဖြစ်နေဦးမှာပါပဲ။
(အချိန်မအားလပ်တာကြောင့် အကျဉ်းမျှသာ
တင်ပြထားတာဖြစ်ပါတယ်။ နောက်များကျရင်
ခေါင်းပေါင်း၊ ပုဆိုး၊ အင်္ကျီ၊ တူရိယာပစ္စည်းတွေကို
အသေးစိတ်ထုတ်နုတ်တင်ပြသွားပါမယ်။)

Thant Lwin Oo

No comments:

Post a Comment