Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Friday, February 19, 2016

“တိဿ ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ အနှစ်ချုပ် (၂)




“တိဿ      ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ
သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ
အနှစ်ချုပ် (၂)
..................................................................................
*မုတ္တမရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးတွင် ပထမသထုံမြို့ကြီးသည်
အင်္ကုရမင်းလက်ထက်တွင် ပျက်ကြောင်း၊တွတ်တော် မင်းသား
ညီနောင် ကျန်ကြောင်း၊ ညီတော်မင်းသား ဥဒိန္ဒရာဇသံဝေသည်
ပထမ မုတ္တမမြို့ဟောင်းကိုတည်ထောင်ကြောင်း၊ ယင်း ဥဒိန္ဒ
ရာဇသံဝေ မင်းသားသည် ပထမဦးသထုံမင်းကြီး တိဿဓမ္မ
သီဟရာဇာဒွတ္တပေါင် ပျူမင်းကြီး၏ တွတ်တော် မင်းသားညီနောင်
အနက် အငယ်ဖြစ်ကြောင်း ဖော်ပြထားသည်။*
*တရုတ်နန်းတော်မှတ်တမ်း ထန်မှတ်တမ်းတွင်လည်း
မုတ္တမပျူမြို့ ဟု ဖော်ပြထားသည်။*
*ပထမသထုံမင်းကြီး ဒွတ္တပေါင်မျိုးရိုးမှ တွတ်တော် အင်္ကုရမင်း
လက်ထက် ပထမသထုံမြို့ကြီး မြေမြိုပျက်စီးကြောင်း၊ ဖအေတူ
မအေကွဲ တွတ်တော် မင်းသားညီနောင်အနက် နောင်တော် ဥပ
ဒေ၀ရာဇသံဝေ မင်းသားသည် မြို့ဟောင်းရာ၏ တောင်ဘက်တွင်
သုဓမ္မပူရမြို့ကို တည်ထောင်နန်းစံကြောင်း သထုံရာဇ၀င်ပေါင်းချုပ်
ကျမ်းကြီးတွင် ပြဆိုသည်။*
*ဥပဒေ၀မင်း ကံကုန်ပြီး ထိုမင်း၏ သားတော် ရာဇာစောနီသည်
နေရာရွှေ့ပြောင်း၍ ဘီးလင်းမြစ်ဝကျွန်းငယ် ၅ ခုကို ပေါင်း၍
တတိယမြို့ မရိဿဘူမိသုဓမ္မ၀တီ ဟု တည်သည်။ ၃ နှစ်တိုင်အောင်
မြို့မပြီး။ မင်း ကွယ်လွန်သည်။*
*ယင်း၏သားတော် ရာဇာစောဝေသည် ထိုနေရာကို စွန့်၍ ထိုမြို့မှ
အနောက်မြောက် ရွှေလောင်းအင်းအရပ်တွင် “ဟရိသဘူမိ
သုဓမ္မာဝတီမြို့” ဟု တည်ပြန်သည်။ သာသနာ ၂၀၈ ခုတွင်
ရာဇာစောဝေသည် ရောဂါထူပြောသော ယင်းရွှေအင်းမြို့
ရွှေလောင်းမြို့ကို စွန့်ခွါ၍ တိုက်ကုလားမြို့ဟောင်းနယ်အတွင်း
“သုဝဏ္ဏဘူမိရဌ သုဓမ္မာဝတီ” ဟု မြို့သစ်တည်ပြန်သည်။
တိုက်ကုလား ဟုလည်း ခေါ်ကြ၏။ ပထမ သထုံမင်းကြီးမှ
၁၈ ဆက်မြောက် ယုဂန္ဓာကုမာမင်း လက်ထက်တွင်
တိုက်ကုလားမြို့ကို ပင်လယ်ရေတိုက်စားကာ ပျက်သဖြင့်
မြို့ကိုစွန့်ကာ ဥပဒေ၀ရာဇသံဝေမင်းကြီး တည်ထောင်ခဲ့သော
သုဓမ္မာပူရ မြို့ဟောင်းရာသို့ ပြန်၍ ပြောင်းရွှေ့ပြီးမြို့သစ်တည်
စိုးစံသည်။ သာသနာနှစ် ၄၅၀ ပြည့်နှစ် ဟု ပြဆိုသည်။*
*မုတ္တမရာဇ၀င်ပေါင်းချုပ်ကျမ်းတွင် ပထမမြောက် ယေးမြို့ကို
တနင်္သာရီ ပျူဘုရင်မ တည်ထောင်ခဲ့ကြောင်း၊ ယင်း ယေးပျူမြို့
ပျက်သုန်းတိမ်ကောပြီး နှစ် ရာပေါင်းများစွာ ကြာသောအခါ
မွန်အမတ်ကြီးတစ်ဦးက ပထမယေးမြို့ဟောင်း နေရာတွင်
ယေးမြို့အသစ် တစ်ဖန်ပြန်လည် တည်ဆောက်ခဲ့ကြောင်း
မှတ်တမ်းတင်ပါရှိပါသည်။*
အထက်ပါ ရာဇ၀င်နှင့် ဘုရားသမိုင်းများ အဆိုအရ ပုဂံအနော်
ရထာမင်း မတိုင်ခင် ဘီစီ ၆ ရာစု၊ အေဒီ ၁၀ ရာစု အတွင်း
တောင်ပိုင်းကမ်းရိုးတန်းတွင် သထုံ တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းဆက် (၀ါ) သထုံ ဒွတ္တပေါင်ပျူအုပ်စုမှ
တည်ထောင်ခဲ့သော သထုံ၊ ပါဒ၊ ပဲခူး၊ မုတ္တမ ရှေးပျူမြို့များ၊
တနင်္သာရီဘုရင်မ တည်သော ယေးပျူမြို့၊ မှော်ဇာပျူအုပ်စုဝင်
ပေါက္ခရ၀တီ(တွံတေး)ပျူမြို့ စသည်တို့ ရှိကြောင်းသိရပါသည်။
*ပျူရာဇ၀င် ၁၂ စောင်တွဲတွင် အေဒီ ၉ ရာစု ပျဉ်ပြားမင်း မတိုင်ခင်
ရှေးခေတ်မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် မွန်လူမျိုးတို့
မရောက်ရှိသေးကြောင်း၊ စတုတ္ထပုဂံမြို့တည် ပျဉ်ပြားမင်းလက်ထက်တွင်
တစ်ကြိမ်၊ အေဒီ ၁၁ ရာစု အနော်ရထာမင်း လက်ထက်တွင် တစ်ကြိမ်
မွန်တို့ အမြောက်အမြား ပြောင်းရွှေ့ဝင်ရောက်လာကြောင်း ဖော်ပြ
ထားသည်ဟု ဆရာ ဦးသက်တင် ကောက်နှုတ်ဖော်ပြခဲ့ပါသည်။*
*တရုတ်မှတ်တမ်းများအရ ဒွါရာဝတီနိုင်ငံမှ မွန်တို့သည် အရှေ့ဘက်မှ
ခမာစစ်ဆင်မှု၊ တောင်ဘက်မှ ဂျာဗားရေတပ်စစ်ဆင်မှုများနှင့် ကြုံတွေ့
ဒုက္ခရောက်ကြောင်း၊ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက်
လင်ဖွန်းမြို့မှ မွန်တို့ မြို့လုံးကျွတ် ပုဂံနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံလာကြောင်း
ဦးနိုင်ပန်းလှ ဆိုခဲ့ပါသည်။*
*လက်တွေ့အားဖြင့်လည်း တောင်ပိုင်းကမ်းရိုးတန်းဒေသ ရှေးမြို့ဟောင်း
နေရာများတွင် ဘီစီ ၆ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူစဥ့်စာ၊ ပျူအုတ်ခဲစာ၊
ပျူခေတ်စေတီ၊ ပျူခေတ်ဗုဒ္ဓရုပ်ပွားများ၊ ပျူခေတ် အုတ်ခွက်ဘုရားများ၊
ပျူဒင်္ဂါးများ၊ ပျူခေတ်မြို့ရိုးအချို့၊ ပျူကျောက်စာ၊ ပျူအရိုးအိုးများ အပါအ၀င်
အထက်တွင် တင်ပြခဲ့သော ပျူယဉ်ကျေးမှု ပစ္စည်းမျိုးစုံတို့ကို ခေတ်ပြိုင်
အထောက်အထားများအဖြစ် မြေပေါ်မြေအောက်တို့တွင် ထင်ရှားစွာ
တွေ့မြင်ရလျှက် ရှိပါသည်။*
*သို့သော် အနော်ရထာမင်း မတိုင်ခင် ဘီစီ ၆ ရာစု - အေဒီ ၁၀ ရာစု ကာလ
မွန်ယဉ်ကျေးမှု အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိသေးပါ။*
*မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဦးစီးဌာနသည်လည်း သံလျင်၊ ပါဒ၊
ကျိုက္ကသာ၊ အယ(က်)သမ -၀င်းက(ဘီးလင်းနယ်)၊ သထုံနယ်များတွင်
တတ်အားသမျှ သုတေသန ပြုခဲ့ ပြုဆဲရှိပြီး အနော်ရထာမင်း အေဒီ ၁၁
ရာစုမတိုင်ခင် မွန်ယဉ်ကျေးမှုပစ္စည်း အထောက်အထား တွေ့ရှိသည်ဟု
မကြားသိရသေးပါ။*
*ကွမ်းဆိပ်ပျူကျောက်စာ အပါအ၀င် အနော်ရထာထက် စောသော
ပျူယဉ်ကျေးမှု အထောက်အထားတစ်ချို့ကို မြေပေါ်၊ မြေအောက်တွင်ပါ
အထင်အရှားတွေ့မြင်ခဲ့ကြပါသည်။ ကမ်းရိုးတန်းဒေသ မွန်ယဉ်ကျေးမှု
အထောက်အထား တွေ့ရသည်တို့မှာ အနော်ရထာမင်းခေတ်မှ
နောက်ပိုင်းကာလ၀င် ပစ္စည်းများသာ ဖြစ်ပါသည်။*
*ဆရာ မိုက်ကယ်အောင်သွင် (ပါမောက္ခ ၊ သမိုင်း ၊ ဟာဝိုင်ယီတက္ကသိုလ်)က
မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ မြို့ရွာတို့၏ မွန်အမည်များမှာ
ခေတ်လယ်မွန် (အင်းဝခေတ်၊ ညောင်ရမ်းခေတ်) အေဒီ ၁၅ရာစု ၁၇ ရာစု
မွန်ဘာသာစကား အမည်များသာဖြစ်ပြီး ခေတ်ဟောင်းမွန်အမည်
(အေဒီ ၇ရာစု- ၁၄ ရာစု)အမည်များ မဟုတ်သော အချက်အရ
တောင်ပိုင်းကမ်းရိုးတန်း မွန်အမည်မြို့ရွာတို့သည် အင်းဝခေတ်ပြိုင်
ရာဇာဓိရာဇ်မင်း ခေတ်အခါ ၀န်းကျင်မှ ပေါ်ပေါက်သော မွန်မြို့ ရွာများ
ဖြစ်ကြောင်း၊ အနော်ရထာမင်း မတိုင်ခင်အောက်မြန်မာနိုင်ငံ ကမ်းရိုးတန်း
ဒေသတွင် (မွန်လူမျိုးမရှိဟု မဆိုလို)၊ မွန်နိုင်ငံ၊ မွန်ဧကရာဇ်မင်း၊ မွန်ယဉ်
ကျေးမှုခေတ်တို့ မပေါ်ပေါက်သေးကြောင်း၊ ယင်းသို့ ပေါ်ပေါက်သည်ဟု
ခေတ်ပြိုင်အထောက်အထားတစ်ခုမှ မတွေ့ရကြောင်း သူ၏ သုတေသန
စာတမ်းတွင် ဖော်ပြထားပါသည်။*
နိဂုံးချုပ်အားဖြင့် ဆိုရသော် အထက်တွင် တင်ပြခဲ့သည့် ဘုရားသမိုင်းများ၊
တောင်ပိုင်းကမ်းရိုးတန်းဒေသမြို့ဟောင်းရာဇ၀င်များသည် အနော်ရထာမင်း
မတိုင်ခင် တောင်ပိုင်းကမ်းရိုးတန်းဒေသ သထုံ၊ ပါဒ၊ တွံတေးဒွတ္တပေါင်မင်းများ၊
သထုံတိဿဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းဆက်မှ တည်ထောင်သော ကမ်းရိုးတန်း
သထုံပျူအုပ်စုဝင် မြို့များ၊ တနင်္သာရီဘုရင်မ တည်ထောင်ခဲ့သော ယေးပျူမြို့တို့ကို
အထင်အရှား ဖော်ပြသည်မှာ အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား
များက ဖော်ပြထားသော ပင်လယ်အထိ ကျယ်ဝန်းသည့် ပျူနိုင်ငံ ခေါ် ဗရမ္မာနိုင်ငံ
ခေါ် ပျူမြန်မာနိုင်ငံနှင့် ကိုက်ညီ အကြုံးဝင်နေပါသည်။
ထို့နည်းတူစွာ သထုံဒွတ္တပေါင်မင်းဆက်က တည်ခဲ့သည်ဟု သထုံရာဇ၀င်၊
ပါဒရာဇ၀င်တို့တွင် ဖော်ပြထားသော ဒလတိုင်း၊ ပါဒမြို့၊ ပဲခူးမြို့၊ ဘုရားကြီးတိုင်း၊
တိုက်ကုလားမြို့၊ ဘီလူးကျွန်းတို့ကို သရေခေတ္တရာ အတိတျာမင်းကျောက်အိုးစာတွင်
ဥရုဟိတိုင်းလှည်းကူး၊ က၀တိုင်း၊ တကွာပါတိုင်း တို့နှင့်အတူတကွ ဒလတိုင်း၊ ပါဒတိုင်း၊
ပဂေါတိုင်း(ပဲခူးတိုင်း)၊ ဘုရားကြီးတိုင်း၊ တက္ကလတိုင်း (တိုက်ကုလားတိုင်း)၊
ဘီလူးကျွန်းတိုင်း ဟူ၍ သရေခေတ္တရာနိုင်ငံပိုင် ပျူမြို့ပြတိုင်းများ ဖြစ်ကြာင်း
လေ့လာတွေ့မြင်ရပါသည်။
.............................................................................................
ကျမ်းကိုး (ဘုန်းတင့်ကျော်၊ ဦး၊ ၂၀၁၄၊ မတ်၊ ၃၊ တောင်ပိုင်းကမ်းရိုးတန်း
ဒေသ ပျူစဥ့်စာများ၊ ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဖာခန်းမ)

တိဿ ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ အနှစ်ချုပ် (၁)


တိဿ      ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ
သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ
အနှစ်ချုပ် (၁)
.........................................................................................
*ပျူရာဇ၀င် ၁၂ စောင်တွဲတွင် တောင်ပိုင်းကမ်းရိုးတန်းဒေသများ၌
တိန်မယ်ပျူအုပ်စု (မြို့တော် ပဲခူး)၊ ကလောက်ကေးပျူအုပ်စု
(မြို့တော် သထုံ)၊ တနင်္သာရီပျူအုပ်စု (မြို့တော် ထားဝယ်) များ
ပါရှိကြောင်းဖော်ပြထားပါသည်။* *ယင်းဖော်ပြချက်ကို ၁၉၉၃ ခုနှစ်၊ သရေခေတ္တရာမြို့ဟောင်းတွေ့
အတိတျာကျောက်အိုး ဟု အမည်ပေးထားသော သရေခေတ္တရာမင်းကြီး တစ်ပါး၏ ကျောက်အိုးစာပါ ပျူတိုင်းများနှင့် နှိုင်းယှဉ် လေ့လာ ကြည့်သင့်ပါသည်။*
*အတိတျာကျောက်အိုးစာ (အေဒီ ၁ ရာစု - ၂ ရာစု)တွင် ပါဒတိုင်း၊
ဎလတိုင်း (ဒလတိုင်း)၊ ဥရုဟိတိုင်း၊ လှည်းကူးပဂေါတိုင်း (ပဲခူးတိုင်း)၊
ဟြတိုင်း = ဘုရားကြီးတိုင်း၊ တက္လခ္ဃတိုင်း၊ ယက္ဂတိုင်း (ဘီလူးကျွန်း)၊
တက္ဗောတိုင်း ဟူ၍ သရေခေတ္တရာတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ
ပျူတိုင်းများကို ဖော်ပြထားပါသည်။ ဟြတိုင်း=ဘုရားတိုင်းသည်
ပဲခူး-ဘုရားကြီးနယ်၊ တက္ကလချတိုင်းသည် တိုက်ကုလားသထုံတိုင်း၊
ယက္ဂတိုင်း=ယက္ခတိုင်းသည် ဘီလူးကျွန်းနယ်၊ တက္ဗောတိုင်းသည်
မလေးကျွန်းဆွယ် တကွာပမြို့နယ် များဟုယူဆရပါသည်။*
*ယင်း သရေခေတ္တရာ ပျူမင်းကြီးကျောက်အိုးစာအရ တောင်ပိုင်း
ကမ်းရိုးတန်းဒေသများတွင် ပျူတိုင်း ပျူမြို့များ ထွန်းကားနေကြောင်း။
ပါဒမြို့၊ ဒလမြို့၊ လှည်းကူးမြို့၊ ပဲခူးမြို့၊ ဘုရားကြီးရွာ၊ တိုက်ကုလားမြို့၊
ဘီလူးကျွန်းနှင့် တကွာပမြို့များသည် ပျူမြို့များဖြစ်ကြောင်း
ပေါ်ပေါက်နေပါသည်။*
*ရှေးအိန္ဒိယသားတို့သည် သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗရမ္မာနိုင်ငံ
ဗရမ္မာလူမျိုးဟု သိရှိခေါ်ဝေါ်ကြောင်း ကိုလိုနီခေတ် ကျောက်စာဝန်ဆရာကြီး
တော်စိန်ခို ဖော်ထုတ်ခဲ့ပါသည်။*
*ရှေးအိန္ဒိယသားတို့သည် မြန်မာနိုင်ငံကို ရှေးခေတ်ကတည်းက အစဉ်အလာ
အားဖြင့် ဗရမ္မာဒေ့ရှ် (ဗရမ္မာနိုင်ငံ)ဟု သိရှိခေါ်ဝေါ်လာခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်
၁၉၄၆ သမိုင်းပါမောက္ခဆရာကြီးဒဗလျူအက်(စ်)ဒေဆိုင်း ဖော်ပြခဲ့ပါသည်။*
*ဘီစီ ၂ ရာစုနှင့် အေဒီ ၃ ရာစုကာလ ရှေးတရုတ်တို့ ပျူနိုင်ငံကို ခေါ်ဆိုခဲ့သော
အမည်များမှာ ပျူနှင့် ဗရမ္မာ(ဗမာ)ဖြစ်ကြောင်း၊ အေဒီ ၆ ရာစု လျန်မင်းဆက်ခေတ်တွင်
ဗရမ္မာဟု ခေါ်ဆိုကြောင်း၊ အေဒီ ၆ ရာစု စွေ့မင်းဆက်ခေတ်တွင် ကျူးပေါဟု
ခေါ်ကြောင်း၊ အေဒီ ၇ ရာစု - ၁၀ ရာစု ထန်မင်းဆက် ခေတ်တွင် ပျူဟုခေါ်ကြောင်း၊
အေဒီ ၁၁ ရာစု - ၁၃ ရာစု ဆုန့်မင်းဆက်ခေတ်နှင့် အေဒီ ၁၃ ရာစု-၁၄ ရာစု
ယွန်းရှိမင်းဆက်ခေတ်တို့တွင် ပျူဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း
သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။*
*ထို့အပြင် ဘီစီ ၂ ရာစု ပုဂံမြို့၊ အေဒီ ၃ ရာစု ပုဂံနိုင်ငံ၊ ပုဂံမြို့၊ အေဒီ ၆ ရာစု
ဗရမ္မာနိုင်ငံနှင့် ပုကမ်မြို့၊ အေဒီ ၁၀ ရာစု - ၁၃ ရာစု ပုဂံနိုင်ငံ၊ အေဒီ ၁၃ ရာစု -
၁၄ ရာစု ပုဂံနိုင်ငံ-ပျူနိုင်ငံ-မြန်မာနိုင်ငံ ဟု သိရှိခေါ်ဆိုကြောင်းကို ဆရာဦးရည်စိန်
ဖော်ထုတ်ချက်များအရ သိရှိရပါသည်။*
*ရှေးအိန္ဒိယသားတို့က ဗရမ္မာဟု ခေါ်ဆိုသော သရေခေတ္တရာ လူမျိုးနှင့် နိုင်ငံကို
ရှေးတရုတ်တို့က ဗရမ္မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊
မြန်မာဟုလည်းကောင်း သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ပါသည်။ ထို့အပြင် အေဒီ ၁၅ ရာစု
တရုတ်မင်မင်းဆက်ခေတ်တွင် မြန်မာ ဟု ခေါ်ဆိုသော လူမျိုးကို အေဒီ ၆ ရာစု
စွေခေတ်တွင် ကျူးပေါ၊ အေဒီ ၇ - ၁၀ ရာစု ထန်ခေတ်တွင် ပျူ၊ အေဒီ ၁၁ - ၁၃ ရာစု
ဆုန့်ခေတ် တွင် မြန်မာ ဟု တရုတ်တို့ သိရှိခေါ်ဆိုခဲ့သော သူများဖြစ်ကြောင်းကို
မင်မင်းဆက်ခေတ် တရုတ်ပညာရှိ ပေါင်းကျိယ်ကျိယ် ၏ မြန်မာနိုင်ငံသမိုင်းအကျဉ်း
စာတမ်းတွင် ဖော်ပြပါရှိကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။*
*ပျူနိုင်ငံသည် မြောက်ဘက်တွင် ယူနန်၊ အရှေ့ဘက်တွင် ကျဲလာ့ (ခမာ
ကမ္ဗောဒီးယား)၊ တောင်ဘက်တွင် ပင်လယ်၊ အနောက်ဘက်တွင် အိန္ဒိယ
အရှေ့ဖျားနှင့် နယ်ချင်းထိစပ်ကြောင်း၊ ၎င်းမှာ ပျူနိုင်ငံ၏ နယ်နိမိတ်ဖြစ်ကြောင်း
ထန်မင်းဆက် အုပ်ချုပ်ပုံမှတ်တမ်း၊ ထန်မှတ်တမ်းသစ်များတွင် သိရှိ မှတ်တမ်း
တင်ထားကြောင်း ဆရာ ဦးရည်စိန် ပြန်ဆိုဖော်ပြခဲ့သည်။*
*အထက်ပါ ခေတ်ပြိုင် အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာ အထောက်အထားများကို
ပေါင်းစုကြည့်လျှင် ဘီစီ ၂ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူနိုင်ငံ ခေါ် ပျူဗရမ္မာနိုင်ငံ
ခေါ် ပျူမြန်မာနိုင်ငံသည် တောင်ဘက်တွင် ပင်လယ်နှင့် နယ်နိမိတ်ဖြစ်ကြောင်း၊
ပျူမြန်မာနိုင်ငံသည် ပင်လယ်အထိ ကျယ်ဝန်းကြောင်း၊ ပျူမြန်မာနိုင်ငံနှင့် ပင်လယ်ကြားတွင်
ရာမညမွန်နိုင်ငံ မပေါ်ပေါက်သေးကြောင်း၊ မလေး ကျွန်းဆွယ်တကွာပမြို့ (စဲလန့်ဂူအနီး)
အထိသည် ပျူမြန်မာနိုင်ငံတော်ကြီး ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။*
*သုဓမ္မာဝတီသထုံ ဒွတ္တပေါင်မင်းကြီးနှင့် မြို့ - ၁၉၂၆ ခုနှစ် ပုံနှိပ်သော
ဦးပညာ၏ သထုံရာဇ၀င်ပေါင်းချုပ်ကျမ်းကြီးတွင် ပထမသုဓမ္မ၀တီ
မြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ “တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းကြီး” ခေါ် “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး”
ဖြစ်ကြောင်း ရှေးသထုံရာဇ၀င်များ၊ မွန်ရာဇ၀င်များနှင့် ကလျာဏီသိမ်
ကျောက်စာ စုစုပေါင်း ၉ ခုကို ကျမ်းကိုးပြု ရေးသားဖော်ပြထားသည်။*
*မွန်ဆရာဦးစံဝင်း၏ ပေါင်မြို့နယ်၊ မုကျိရွာ ကျောက်နံရံစာ ဆောင်းပါးတွင်
အထက်ပါ ဦးပညာ ရေးသည့်သထုံရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးကို
ကျမ်းညွှန်းပြုထားသည်။*
*၁၉၇၅ ခုနှစ် ပုံနှိပ်သော အငြိမ်းစားကျောင်းအုပ်ကြီး ဥိးအောင်သိန်း၏
“သာသနာအစ သထုံက” ဟု အမည်ပေးကျမ်းတွင်လည်း ပထမသုဓမ္မာ
ဝတီမြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ “သူရိယစန္ဒာမဟာဒွတ္တပေါင်
မင်းကြီး” မည်ကြောင်း အတိအလင်းဖော်ပြထားသည်။*
*ပထမသထုံ တိဿဓမ္မသီဟရာဇာ (ဒွတ္တပေါင်)မင်းကြီး၏ သားတော်
၃ ပါးနှင့် သမီးတော် ၁ ပါး တို့သည် သထုံမှ ထွက်ခွါကာ ပါဒကျွန်းတွင်
မြို့နန်းအသစ်တည်ထောင်ကြောင်း ဦးထွန်းရီ၏ မွန်ဘာသာမှ မြန်မာ
ဘာသာပြန် ပါဒနိုင်ငံတော် ရာဇ၀င်သမိုင်းစာအုပ်တွင် ဖော်ပြသည်။*
*ပါဒမင်းဆက်တွင် မြစောနောင်မင်း၊ ရာဇစောနောင်မင်း၊ သုခမုခနန်းစောရှင်၊
နရကျော်မင်း၊ ဒွတ္တဘာဂဒွတ္တဘောင်မင်း၊ စောရဟံမင်း၊ ဇေယျကျော်ထင်မင်း၊
ဘိုးမင်းစောနောင်မင်း၊ နေသူရမင်း၊ စောဖျားကျော်မင်း၊ စောဘုန်းကြွယ်မင်း
ဟူသော ပျူမြန်မာအမည်ရှိ မင်းများအုပ်ချုပ်ကြောင်း ဖော်ပြထားရာ သထုံပထမဦး
မင်း ဒွတ္တပေါင်၏ မျိုးဆက် ပါဒဒွတ္တပေါင် ပျူမင်းဆက်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။*
*ပါဒမင်းဆက် ၂၀ မြောက်တွင်မှ ကော့ဒွတ်မင်းဟု မွန်အမည်ရှိ မွန်မင်းကို
တွေ့မြင်ရပါသည်။*
*ဒွတ္တပေါင်မင်းကြီး စားသုံးသောကြောင့် ဒွတ္တပတ်သီး ဟု နာမည်
ကျော်ကြားသော ဒွတ္တပတ်ပင် အနည်းငယ်သည် ပေါက္ခရ၀တီ
နန်းတော်ကုန်း အရှေ့အရပ်တွင် အတွင်းကျုံးငယ်ခြားလျှက်
(ယခုခေတ်) ဦးယောကြီးဥယျာဉ်ခြံနှင့် အခြားခြံတစ်ခြံတွင် ရှိပါသည်။*
*ပေါက္ခရ၀တီ တွံတေးသည် မှော်ဇာပျူအုပ်စုမှ ပျူမင်းသားစု
တွံတေးမျိုးဆက်များ အုပ်ချုပ်စိုးစံသည်ဟု တွံတေးဆံတော်ရှင်
ဘုရားသမိုင်းတစ်စောင်တွင် ဖော်ပြပါရှိပါသည်။*
*ပဲခူးရာဇ၀င်နှင့် ပဲခူးဘုရားသမိုင်းအချို့တွင် သထုံမြို့၊ သထုံမင်းကြီး
(ဒွတ္တပေါင်)၏ သားတော် ၂ ပါး မြို့သစ်အဖြစ် ပဲခူးကို တည်သည်ဟု
ဖော်ပြထားသည်။*
*ပဲခူးမြို့တည် မင်းသားတို့သည် သထုံ ဒွတ္တပေါင်မင်းဆက်မှဖြစ်ကြောင်း
ပဲခူးရာဇ၀င်၊ ဦးရွှေနော်၏ ရွှေမော်ဓောဘုရားသမိုင်းတို့တွင် ဖော်ပြထားသည်။*
*ပျူရာဇ၀င် ၁၂ စောင်တွဲအရ တိန်မယ်ပျူအုပ်စု မြို့တော်ပဲခူး ဖြစ်သည်။
ဦးသက်တင်၏ ပဲခူးနယ် ဘုရားစေတီ ၅၈ ဆူ သမိုင်းစာအုပ်တွင် တိန်မယ်
ပျူစေတီ (၇) ဆူ ဖော်ပြပါရှိသည်။*
*အနော်ရထာခေတ်ပြိုင်မှာ တိန်မယ်ပဲခူးပျူမင်း ဗောင်းတော်ရှည် ဟု
ဖော်ပြသည်။ အနော်ရထာမင်းသို့ ဆက်သသော ယင်းပဲခူးမင်း၏
သမီးတော် အမည်သည် မြန်မာပါဠိအမည် “မဏိစန္ဒာခင်ဦး” ဟု
ရာဇ၀င်တို့၌ ပြဆိုသည်။* (မဏိစန္ဒာခင်ဦးသည် မွန်အမည်မဟုတ်ပါ)
....................................................................................
ဆက်လက်ဖော်ပြသွားပါမည်။

Wednesday, November 18, 2015

သာသနအလံတီထွင်သူ နှင့် { သာသနအလံအကြောင်း သိမှတ်ဖွယ်ရာများ }

<<<<< သာသနအလံတီထွင်သူ နှင့် >>>>>
{ သာသနအလံအကြောင်း သိမှတ်ဖွယ်ရာများ }
******************************
သာသနာ့အလံ တီထွင်သူ အမှန်
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် (http://www.buddhistchannel.tv/index.php?id=43,4030,0,0,1,0) မှ
ကူးယူဖော်ပြရေးသားပါသည်။

Sunday, November 1, 2015

ခေတ်ပြိုင်အထောက်အထားတို့က ပြောသော မြန်မာ့သမိုင်း (၁)




ခေတ်ပြိုင်အထောက်အထားတို့က ပြောသော မြန်မာ့သမိုင်း (၁)
====================================
စာတမ်းဖတ်ပွဲတစ်ချို့မှာရော၊ ပုဂ္ဂိုလ်တစ်ဦးချင်း တွေ့ဆုံချိန်မှာရော
ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးဦးအေးမြင့်ကြူ ပြောနေကျစကားလေး
တွေကို ပြန်သတိရမိပါတယ်။ ဒါကြောင့် ၀န်ကြီးပြောတဲ့စကားလေးနဲ့ပဲ
ဒီဆောင်းပါးကို ကျွန်တော်အစပျိုးလိုက်တယ်။
“ဆရာတို့ရယ် ကျွန်တော်က သမိုင်းအကြောင်းသိပ်မသိပါဘူး။ ဒီဌာနကို
ရောက်တော့ ကျွန်တော်မသိတာတွေအများကြီးမို့ အတော်လေးကို
လေ့လာရပါတယ်။ ဒီလိုလေ့လာကြည့်တဲ့အခါ မြန်မာ့သမိုင်းတင်ခေတ်လို့
သတ်မှတ်ထားကြတဲ့ အေဒီ ၁၁ ရာစု(အနော်ရထာခေတ်) ကနေစပြီးတော့
အကြောင်းအရာအချက်အလက်တွေ၊ မှတ်တမ်းတင်ထားတာတွေ တွေ့ရ
ပါတယ်။ ဒါပေမယ့် အေဒီ ၁၁ ရာစုမတိုင်ခင် အကြောင်းအရာတွေက
မှတ်တမ်းတင်ချက်အားအလွန်နည်းတော့ ကျွန်တော်တို့မြန်မာ့သမိုင်းဟာ
အေဒီ ၁၁ ရာစုမတိုင်ခင်မှာ အမှောင်ခေတ်ကြီးရောက်သလို ဖြစ်နေတယ်လို့
ခံစားမိတယ်။ ဒီမတိုင်ခင် အကြောင်းအရာတွေကို ရှာဖွေဖော်ထုတ်ပြီးတော့
မြန်မာ့သမိုင်းကို ပြည့်ပြည့်စုံစုံဖြစ်အောင် အားထုတ်ပေးကြဖို့ ဆရာတို့ကိုပဲ
အားကိုးရမှာပါ”
အဲ့ဒီလို မသိတာကို မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့
ဝန်ခံရဲတဲ့ ၀န်ကြီးဦးအေးမြင့်ကြူကို လေးစားမိပါတယ်။ တစ်ဆက်တည်းမှာပဲ
သူ့အပြော၊ သူ့အတွေး၊ သူ့မေးခွန်းတွေကို လေ့လာဆန်းစစ်ကြည့်မိတယ်။
ဝန်ကြီးပြောသလိုပဲ လူအတော်များများက ဒီလိုထင်မြင်သုံးသပ်နေကြတာ
ကိုလဲ တွေ့နေရတယ်။
ကျွန်တော်တို့မြန်မာ့သမိုင်းဟာေ၀၀ါးခဲ့ပါသလား? ဆိုရင် ..........
မေ၀၀ါးခဲ့ပါဘူး။ ကမ္ဘာဦး လူသားနေထိုင်မှု အထောက်အထားတွေ၊
ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ချောခေတ်၊
ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် ဆိုတဲ့ ခေတ်အဆက်ဆက်
လူသားနေထိုင်မှုသမိုင်းအထောက်အထားတွေ မြောက်များစွာ
ရှိနေပါတယ်။ တူးဖော်သုတေသနပြုပြီးခဲ့တာတွေ ရှိသလို
တူးဖော်နေဆဲနေရာတွေ၊ တူးဖော်ရမယ့်နေရာတွေလဲ မြောက်များစွာ
ကျန်ရှိနေဆဲဖြစ်ပါတယ်။
တူးဖော်လေ့လာပြီးတဲ့နောက်မှာ တွေ့ရှိရတဲ့အထောက်အထားအပေါ်
သစ္စာရှိဖို့၊ အထောက်အထားက ပြောတဲ့အတိုင်း မှန်ကန်စွာကောက်ချက်
ချနိုင်ဖို့၊ သမိုင်းကြောင်းရေးသားမှတ်တမ်းတင်ရာမှာ ချစ်ခြင်း/မုန်းခြင်း
ကင်းကင်းနဲ့ မိမိအတ္တကိုရှေ့တန်းမတင်ဘဲ မှန်တာကိုပြောဖို့/ရေးဖို့၊
မိမိတို့လေ့လာကောက်ချက်ချမှုများဟာ အထောက်အထားပေါ်မှာသာ
အမှီပြုအားထားဖို့ လိုနေတာဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ယဉ်ကျေးမှုဝန်ကြီးဌာနတွင်းမှာ
ဒီလိုရေးတတ်-ပြောတတ်တဲ့ ပုဂ္ဂိုလ်မျိုး ရှိသလားဆိုရင် မရှိသလောက်
နည်းလို့ မြန်မာ့သမိုင်းေ၀၀ါးသယောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာ့
သမိုင်းေ၀၀ါးအောင် သူတို့လုပ်နေကြတယ်။ မြန်မာ့သမိုင်းကို နှစ်ထောင်
ပေါင်းများစွာ ပိုင်းဖြတ်ပြီးတော့ အထောက်အထားပေါ်သစ္စာမရှိဘဲ
အထာက်အထားမဲ့ လိုရာဆွဲတွေးပြီး လိုသလိုရေးနေကြတယ်။
သမိုင်းပညာကို မသိသောသူများ၊ နှံစပ်အောင်လေ့လာခြင်းမရှိသူများ၊
လေ့လာဖို့ ပျင်းသူများ အစရှိတဲ့ ထိုထိုသောပုဂ္ဂိုလ်များရေးသော
မြန်မာ့သမိုင်းသည် မည်သို့ တိကျသေချာနိုင်ပါသနည်း။ေ၀၀ါးမြဲ
ေ၀၀ါနေဦးမှာ ဖြစ်ပါတယ်။
ထိုသူတို့ပြောဆိုသလို မြန်မာ့သမိုင်းတင်ခေတ်သည် အေဒီ ၁၁ရာစုမှ
စတင်ပါသလား (သို့မဟုတ်) ခေတ်ကာလအလိုက် မှတ်တမ်းတင်ချက်များ
ရှိနေပါသလား (သို့မဟုတ်) သမိုင်းမှတ်တမ်းတင်ရန် မြေပေါ်မြေအောက်
ခေတ်ပြိုင်အထောက်အထားများ ရှိနေပါသလား? မေးခွန်းတွေကို ဖြေဆိုဖို့
လိုအပ်လာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ကျောက်ခေတ်ကာလ
====================
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကမ္ဘာ့မြောက်ဘက်ခြမ်းတွင်
ရေခဲခေတ် (Glacial Period) ဖြစ်ထွန်းနေစဉ် ကမ္ဘာ့တောင်ဘက်
ပိုင်း၌ မိုးသန်းထန်စွာ ရွာသွန်းနေခဲ့သည်ဟု ပညာရှင်များက လေ့
လာဖော်ထုတ်ခဲ့ကြသည်။
ပထမမိုးစွေကာလသည် နှစ်ပေါင်း ၆၅၀၀၀၀ နှင့် ၆၀၀၀၀၀ ကြား
ဖြစ်ပေါ်ခဲ့ပြီး ပထမ မိုးစဲကာလ ရောက်ရှိခဲ့သည်။ ထို့နောက် မိုးသည်း
ထန်စွာရွာသွန်းခဲ့ပြီး ဒုတိယမိုးစွေကာလမှာ လွန်ခဲ့သောနှစ်ပေါင်း
၅၅၀၀၀၀ မှ ၃၃၀၀၀၀ ကြားဖြစ်ခဲ့ပြီး ဒုတိယမိုးစဲကာလမှာ နှစ်ပေါင်း
၃၃၀၀၀၀ မှ ၂၅၀၀၀၀ ကြားပေါ်ပေါက်ခဲ့သည်။
တတိယမိုးစွေကာလမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀၀၀ မှ ၁၂၅၀၀၀
ကြားဖြစ်ခဲ့ပြီး တတိယမိုးစဲကာလမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၂၅၀၀၀ မှ
၇၅၀၀၀ အကြားဖြစ်ပေါ်ခဲ့သည်။
စတုတ္ထမိုးစွေကာလသည် လွန်ခဲ့သောနှစ်ပေါင်း ၇၅၀၀၀ မှ ၁၀၀၀၀ ကြား
ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြသည်။
မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိရသော ရှေးဦးအညာသားယဉ်ကျေးမှုသည်
ဒုတိယမိုးစွေကာလမှ တတိယ မိုးစဲကာလအကြား လွန်ခဲ့သောနှစ်ပေါင်း
၅၅၀၀၀၀ ခန့်မှ ၁၂၅၀၀၀ အကြား ဖြစ်ပေါ်ထွန်းကားခဲ့ပြီး ခေတ်နှောင်း
အညာသားယဉ်ကျေးမှုမှာ တတိယမိုးစဲကာလနှင့် စတုတ္ထမိုးစွေကာလအကြား
လွန်ခဲ့သောနှစ်ပေါင်း ၇၅၀၀၀ နှင့် ၁၀၀၀၀ အတွင်း ဖြစ်ထွန်းပေါ်ပေါက်ခဲ့
ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။
ဧရာဝတီမြစ်ဝှမ်း ကျောက်ခေတ်ဦးအညာသား ယဉ်ကျေးမှုဖြစ်စဉ်ကို
လွန်ခဲ့သောနှစ်ပေါင်း (၇၅၀၀၀၀ မှ ၂၅၀၀၀) ၊ မူးမြစ်ဝှမ်းရှိ အနှောင်းပိုင်း
အညာသားယဉ်ကျေးမှုဖြစ်စဉ်ကို လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀ မှ
၂၀၀၀၀) ၊ ပြဒါးလင်းဂူရှိ အနှောင်းပိုင်း အညာသားယဉ်ကျေးမှုဖြစ်စဉ်ကို
နှစ်ပေါင်း (၁၂၀၀၀ မှ ၆၀၀၀) ၊ ထောက်မကုန်း - မိုးကြိုးပြင်ရှိ ကျောက်ခေတ်
သစ်အညာသားယဉ်ကျေးမှုဖြစ်စဉ်ကို ဘီစီ (၅၀၀)ခန့်အတွင်း တည်ရှိခဲ့သည်
ဟု စဉ်ဆက်မပြတ် တူးဖော်တွေ့ရှိခဲ့ကြသည်။
ကမ္ဘာ့သုတေသနပညာရှင်ကြီးများက မြန်မာနိုင်ငံ၏ လူသားသမိုင်းနှင့်
ပက်သက်၍ ကွင်းဆင်းလေ့လာခဲ့ကြရာတွင် -
(၁) ပရိုင်းမိတ်ခေတ်
(၂) ကျောက်ကြမ်းခေတ် (အညာသားကျောက်ခေတ်ဦး)
(၃) ကျောက်ခေတ်လယ် (အညာသားကျောက်ခေတ်လယ်)
(၄) ကျောက်ချောခေတ် (ကျောက်ခေတ်သစ်)
(၅) ကြေးခေတ်
(၆) သံခေတ်
ဟူ၍ လူသားနေထိုင်မှုသမိုင်းကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်သည်။
၁၉၁၄ ခုနှစ်မှ ၂၀၀၂ အတွင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန
(ရှေး/သု)နှင့် ပြင်သစ်၊ ဂျပန် သုတေသနပညာရှင်ကြီးများ ပူးပေါင်းလေ့
လာမှုအရ - ပုံဆောင်တောင်တန်းဒေသရှိ -
(၁) မြိုင်မြို့နယ်၊ ပေါက်ကျစ်ချောင်
(၂) မြိုင်မြို့နယ်၊ ဗယင်းရွာ
(၃) ပုလဲမြို့နယ်၊ မိုးကောင်းရွာ များသည် ပရိုင်းမိတ်ခေတ် သက်သေ
အဖြစ်လည်းကောင်း ခိုင်မာစွာတွေ့ရှိမှတ်တမ်းတင်ပြီးနောက် -
၁၉၃၈ ခုနှစ်တွင် အမေရိကန်သုတေသနပညာရှင်အဖွဲ့မှ မြန်မာနိုင်ငံ
အလယ်ပိုင်းဒေသများရှိ ကျောက်ခေတ်ဟောင်းယဉ်ကျေးမှုကို လေ့လာ
ဖော်ထုတ်မှတ်တမ်းတင်ခဲ့ကြပြီး ၎င်းယဉ်ကျေးမှုကို အညာသားယဉ်
ကျေးမှု (Anyathian Culture) ဟု သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။
ထိုကျောက်ခေတ်ဟောင်းလက်နက်ကိရိယာများ တွေ့ရှိခဲ့ရာ နယ်မြေ
များမှာ -
(၁) မကွေးငချင်းအောင်ဘကုန်း
(၂) ချောက်
(၃) ရေနံချောင်း
(၄) စလေ
(၅) ညောင်ဦး
(၆) ၀ါးတောချောင်း
(၇) မင်းဘူး
(၈) ဆီးချိုပင်
(၉) ပုဂံ
(၁၀) ပခုက္ကူ
(၁၁) မကွေးမြသလွန်ဘုရားအရှေ့ဘက်
(၁၂) စဥ့်ကူး
(၁၃) ပေါက်
(၁၄) မင်းကွန်း
(၁၅) မန္တလေးဝန်းကျင် ဒေသများ -
စသည်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အခြေချနေထိုင်ခဲ့သည့် ခေတ်ဦးလူ
သားတို့၏ သမိုင်းကြောင်းကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့သည်။
.................................................................................
(ဆက်လက်ဖော်ပြပါမည်)

Wednesday, October 14, 2015

"မလေးရှားနိုင်ငံ၏ ဗုဒ္ဓသာသနာတော် သမိုင်း"

Dhammavira Ashin
"မလေးရှားနိုင်ငံ၏ ဗုဒ္ဓသာသနာတော် သမိုင်း"
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

မလေးရှားနိုင်ငံသည် အရှတိုက်၏အရှေ့တောင်ဘက်အစွန်းထိပ်နှင့် ဘော်နီယိုခေါ် ကာလီမာ တန်ကျွန်း၏ မြောက်ဘက်တွင်တည်ရှိပြီး၊ မလေးရှားနိုင်ငံ၏မြောက်ဘက်တွင် ထိုင်းနိုင်ငံ နှင့် တောင် ဘက်ခြမ်းတွင် အင်ဒိုးနီးရှားနိုင်ငံတို့နှင့် နိုင်ငံနယ်နိမိတ်ချင်းကပ်လျှက်တည်ရှိပါသည်။ နိုင်ငံ၏အကျယ် အ၀န်းမှာ စတုရန်းမိုင် (၁၂၇၃၁၆) ကျယ်ဝန်းပြီး။နိုင်ငံ၏မြို့တော်မှာ “ကွာလာလမ်ပူ”ဖြစ်ပြီး ၁၉၉၂ ခုနှ စ်ဇူလိုင်လတွင် ကောက်ခံထားသည့်မှတ်းတမ်းများအရ လူဦးရေမှာ ၂၂.၂သန်းရှိပါသည်။

မလေးရှားနိုင်ငံ၏ နောက်ခံသမိုင်းရာဇ၀င်မှာ တရုပ်နွယ်များမှဆင်းသက်လာကြခြင်း ဖြစ်ကြောင့်လေ့လာတွေ့ရှိရပါသည်။ B.C,1500,2000 .ခန့်တွင် တရုပ်ပြည်၊ယူနန်ပြည်နယ်အတွင်းမှ မွန်ဂိုနွယ် ဖွားတရုပ်များသည် မလေးကျွန်းဆွယ်ရှိ ကျွန်းစုများသို့ ရောက်ရှိအခြေချခဲ့သည်မှ မလေးနိုင်ငံသည်စ တင်ခဲ့ခြင်းဖြစ်သည်။ ထိုမိန်ဂိုတရုပ်များသည် မလေးကျွန်းစွယ်ကို မလက္ကာမြို့ပြတည်ထောင်၍ အုပ် ချုပ်ခဲ့ကြသည့်၊ ထိုသို့မလက္ကာမြိုကပြတည်ထောင်၍ အုပ်ချုပ်ခဲ့ကြသည့် ဘုရင်တို့အားလည်း မလ က္ကာဘုရင်များဟု ခေါ်ဆိုခဲ့ကြ၏။ ထိုအချိန်ကာလကို မလေးကျွန်းစွယ်ကို မလေးရှားနိုင်ငံဟု အမည် မတွင်းသေးချေ၊ “မလ္လာယုနိုင်ငံတော်”ဟုသာ အမည်တွင်ခဲ့လေ၏။

မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာတော်သည် B.C, 309, ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနှစ်ပေါင်း (၂၅၀)အကြာ တတိယင်္ဂါယနာတင်ပြီးချိန်မှ စတင်၍ ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ်ကိုလည်း သုဝဏ္ဏဘူမိဒေသတွင်ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါသည်။ တိကျခိုင်လုံသောသမိုင်းအထောက်အထားများအရ မလေးရှားနိုင်ငံတွင် သာသနာနှစ် (၉၀၀) နှင် (၁၀၀၀)အတွင်း ခရစ်နှစ်၎-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ၌အသုံးပြုသောသက္ကတဘာသာဖြင့်ရေးထိုး သည့်သောဗုဒ္ဓဘာသာကျမ်းစာကျောက်ချပ်များစွာတို့ကို မလေးရှားနိုင်ငံအနှံ့တွင်တွေ့ရှိရပါသည်။

ထို့အပြင် အဘိဓမ္မာကျမ်းမှ ဂါထာတော် သုံးပုဒ်အား ရေးထိုးထားသည့် ရွှံ့အုတ်ချပ်ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက်၃-တိုက်နှင့် စေတီတော် (၅)ဆူကို ဘုရင်နှင့် သံဃာတော်များကြီးမှု၍ ပြည်သူ၊ပြည်သား၊ဒကာ၊ဒကာမအများစုပေါင်းကာလှုဒါန်းတည်ဆောက်ထားခဲ့ကြကြောင်း ရေးထိုး ထားသည့် ကမ္ဗည်းမော်ကွန်းကိုလည်းတွေ့ရှိခဲ့ကြပါသည်။ နခွန်ရှရီဓမ္မရာဇ် ခေါ် နခွန်ရှရီ တမ္မရတ် ဘွဲ့တော်ရှိသည့် စေတီတော်ကြီးကိုလည်းတွေပရှိရသဖြင့် ခရစ်နှစ်(၅)ရာစုခန့်ကပင် မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွားနေပြီး နေလိုလလိုထွန်းပခဲ့ကြောင်း သိရှိရပေသည်။

ရှေ့အခေါ်သီရိဝိဇယနိုင်ငံ ယခုအင်ဒိုနီးရှားနိုင်ငံသည် ခရစ်နှစ်(၇)ရာစုတွင် ဗုဒ္ဓဘာသာ ထွန်း လင်းအားကောင်းသည့် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ပြီး၊ မလေးရှားကျွန်းစွယ်များသို့ ဗုဒ္ဓသာသနာတော်ပြန့် ပွား အောင် ထောက်ပန့်ခဲ့၏။ တရုပ်သုတေသီရဟန်းတော် အီချင်း၏ (၇)ရာစုကုန်ခါနီး သွားရောက်ခဲ့သည့် သီရိဝိဇယနိုင်ငံခရီးသွားမှတ်တမ်းတွင် “သီရိဝိဇယ (ခ) အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော်လွန်စွာ ထွန်းကားနေပြီး ရေမြေဆက်စပ်လျှက်ရှိသည့် မလ္လာယုကျွန်း (ခ) မလေးရှားနိုင်ငံစသော နိုင်ငံများသို့ လည်း ဗုဒ္ဓသာသနာတော်ဖြန့်ဝေပေးနေပြီး”ထေရ၀ါဒကိုအဓိကထားလက်ခံကျင့်သုံနေပြီး မဟာယာန ၀ါဒအနည်းငယ်ရှိကြောင်းကို မှတ်တမ်းတင်ထားပါသည်။

မလ္လာယုကျွန်းခေါ် မလေးရှားနိုင်ငံသည် မူဆလင်တို့အတင်းအဓမ္မဘာသာရေး မတိုက်ခိုက် မသိမ်းပိုက်မှီအချိန်များတွင် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားမှုမှာလွန်စွာအားကောင်းလေ၏။ မလ္လာယုဘုရင်ကိုယ်တိုင်ပင် ၀ိနည်းတော်ကိုနားလည်တတ်ကျွမ်းလို၍ သင်ကြားတတ်မြောက်ခဲ့ခြင်း ကိုထောက်ရှု၍ မလေးတွင် ဘုရင်နှင့် ပြည်သူ၊ပြည်သားတို့၏ ဗုဒ္ဓသာသနာတော်အား ကြည်ညို ထောက်ပန့်မှုကို သိရှိနားလည်ခန့်မှန်းနိုင်ကြမည်ဖြစ်သည်။ပုဂံပြည်ခေါ် မြန်မာနှင့် မလ္လာယုကျွန်းခေါ်မလေးရှားနိုင်ငံ တို့အကြားဘာသာရေးဆက်နွှယ်မှုများကိုလည်း တွေ့ရှိရပါသည်။

A.D,11. ရာစုခန့်တွင် ပုဂံနေပြည်တော်မှ သီဟိုဠ်တွင်ပရိယတ္တိပညာများသင်ကြားခဲ့သည့် “အရှင်ဆပ္ပဒမထေရ်”သည် (၁၀)၀ါအရတွင် ပုဂံနေပြည်တော်သို့ပြည်လည်ကြွချီတော်မူလာပြီး သီဟိုဠ် မှ “အရှင်သီဝလိ၊အရှင်တာမလိန္ဒ၊အရှင်အာနန္ဒာ၊ အရှင်ရာဟုလာ”ဟူသောမထေရ်လေးပါးကို ပုဂံနေ ပြည်တော်သို့ပင့်ဆောင်ခဲ့ပါသည်၊ နောက်တွင်အရှင်ရာဟုလာသည် ပုဂံနေပြည်တော်မှ မလ္လာယုကျွန်း မလေးရှားသို့ကြွရောက်ပြီး ၀ိနည်းတရားတော်ကိုတတ်သိနားလည်ရန် ဆန္ဒပြင်းပြနေသော မလ္လာယု ဘုရင်အား ခုဒ္ဒသိက္ခာဝိနည်းကျမ်းကို အဖွင့်ဋီကာကျမ်းနှင့်တကွသင်ပေးခဲ့၏။ ထိုမလ္လာယုဘုရင်သည် ၀ိနည်းကျမ်းတော်သင်ပေးသည့် မိမိဆရာအရှင်ရာဟုလာအား ပတ္တမြားသပိတ်တော်ကိုလှုဒါန်လေ၏။ ထိုမလ္လာယုဘုရင်ဝိနည်းတော်သိကြားနေချိန်တွင် ပုဂံနေပြည်တော်တွင် နရပတိစည်သူမင်းကြီး ထီးနန်းစံတော်မူနေချိန်သာသနာတော်နှစ်(၁၇၀၀)ခန့်တွင်ဖြစ်ပါသည်။

A.D,15 ရာစုနှောင်းပိုင်းတွင်အာရတ်နွယ်ဖွား မူဆလင်တို့သည် ကုန်သွယ်ခြင်းအကြောင်းပြ ချက်ဖြင့် ထိုမလ္လာယုကျွန်းနှင့် သီရိဝိဇယနိုင်ငံတော်အတွင်းသို့ဝင်ရောက်လာကြပြီး၊အစပိုင်တွင် မူဆ လင်တို့သည် ဒေသခံဗုဒ္ဓဘာသာတို့အား အလျှော့ပေါင်းသင်းကာ သဘောထားပြည့်သရောင် အယော င်ဆောင်၍ ဗုဒ္ဓဘာသာဘုရင်နှင့် ဘုရင်နှင့်နီးစပ်သူများအား ပေါင်းသင်း၍ ၄င်းတို့မျက်နှာရအောင် အား ထုတ်ကြပြီး၊ တဖြည်းဖြည်းနှင့် ၄င်းတို့အရာရောက်လာကြသည့်အခါ ဗုဒ္ဓဘာသာတို့အား သွေးခွဲခြင်း၊ သွေးထိုးခြင်းများပြုလုပ်၍၊ နောက်ပိုင်းတွင်ထိုကုန်သည်များမှ မူဆလင်တို့အား အလုံးအရင်းဖြင့်ခေါ် ယူ၍ ဗုဒ္ဓဘာသာနိုင်ငံတော်များဖြစ်ကြသည့် သီရိဝိဇယနိုင်ငံ(အင်ဒို) နှင့် မလ္လာယုကျွန်းဂမလေး)တို့ကို စစ်တိုက်သိမ်းပိုက်လိုက်ကြ၏။ သတိလက်လွတ်ကြောင့်ကြမဲ့နေကြသော ဗုဒ္ဓဘာသာတို့မှာ မူဆလင် တို့၏ ဓါးဖျားဝယ် မရှုမလှအသတ်ခံကြရ၏။

ဒေသခံဗုဒ္ဓဘာသာသမီးမျိုတို့အား မူဆလင်တယောက်လျှင် အနည်းဆုံးလေးယောက်ယူ၍ မူဆလင်ဦးရေးများပွားစေရန်သားဖောက်ခြင်းများကိုပြုလုပ်ကြ၏။ မူဆလင်ဦးရေများပြားလာသောအ ခါ အာဏာပိုင်ဘုရင်မှာလည်း မူဆလင်ဘုရင်ဖြစ်လာကာ နောက်ဆုံး မလ္လာယုကျွန်းတွင် ဗုဒ္ဓသာသနာ တော်မှာ ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့ရပါသည်။

ယနေ့မလေးရှားနိုင်ငံ၏ ဗုဒ္ဓဘာသာရပ်တည်နိုင်ရန်အတွက် အဓိက ကျားကန်ပေးထား သည် မှာတရုပ်နွယ်ဖွားများပင်ဖြစ်ပါသည်။မလေးအစိုးရသည် ရှေ့ဟောင်းဗုဒ္ဓဘာသာအဆောက်အဦးတို့အား အစဖျောက်ချင်ကြ၏၊သို့သော်တရုပ်တို့မှ ကမ္ဘာယဉ်းကျေးမှုထိန်းသိမ်းရေး အဖွဲစသည်တို့နှင့် ပူပေါင်း ကာ မလေးတို့မဖျက်ဆီးနိုင်အောင် လူအား၊ငွေအားတို့ဖြင့် အကာအကွယ်ပေးထားကြပါသည်။ တရုပ်တို့သည်ဗုဒ္ဓနေ့ ကဆုန်လပြည့်(မေလ)နှင့် ၀ါဆိုလပြည့်နေ့တို့ကို ရုံပိတ်ရက်များအဖြစ်သတ် မှတ်ထားကြပြီး ညအခါတွင် ရောင်စုံမီးပန်းများထွန်းညှိ၍ ဘုရားအပူဇော်ခံ လှည့်လည်လေ့ရှိကြပါ သည်။

မလေးရှားနိုင်ငံသည် (State Religion) အဖြစ် အစ္စလာမ်ဘာသာကိုသတ်မှတ်ထားသည်။ မှတ်တမ်းများအရ ဗုဒ္ဓဘာသာကိုးကွယ်သူ ၃၂% ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသော်လည်း ထိုအ ထဲတွင်တာအိုး၊ကွန်ဖြူရှပ်စသည့်တို့ကိုပါ ဗုဒ္ဓဘာသာထဲထည့်သွင်းထားခြင်းဖြစ်၏။ အမှန်တကယ် ဗုဒ္ဓဘာသာမှာည ၁၇.၃% ရာခိုင်နှုန်းသာရှိ၏။ မလေးရှားနိုင်ငံသည် တချိန်တခါက ဗုဒ္ဓသာသနာတော် မည်မျှထွန်းကားခဲ့ကြောင်းကို မလေးရှားနိုင်ငံ၏ ၀ိသေသအထူးပြုနာမည်ဖြစ်သည့် “ဗုဒ္ဓဘာသာ စေတီ တော်များနှင့် မူဆလင်ဗလီများ ပေါများသောနိုင်ငံ (The Land of Mosques and Pagoga ) “ကိုထောက်ရှု၍သိနိုင်ပေသည်။ (ဗလီများသည် နောက်မှသာတည်ဆောက်ခြင်းသာဖြစ်)

မူဆလင်တို့၏ အစ္စလာမ်ဘာသာချဲ့ထွင်ခြင်းမှာ “ဘာသာတရား၏အဆုံးအမ၊ အစ္စလာမ်ဝါဒ များကို ဟောပြောခြင်းဖြင့် ချဲ့ထွင်ခြင်းမဟုတ်ပဲ ဘာသာတရားတခုနှင့် မည်သို့မှမသက်ဆိုင်သည့် ချဲ့ ထွင်ခြင်းမျိုးဖြင့် ချဲပထွင်းကြခြင်းဖြစ်၏။” မူဆလင်တို့သည် စစ်တိုက်၍၄င်း၊ မယားမြောက်များစွာယူပြီး သားဖောက်၍၄င်း၊အစ္စလာမ်ဘာသာဝင်များတိုးပွားအောင် လုပ်ဆောင်လေ့ရှိပါသည်။ ယခုလိုဒီမိုကရေစီ ခေတ်ကာလတွင်မူ ရှေ့ကကဲ့သို့မူဆလင်တို့သည် စစ်တိုက်၍ ဘာသာပြန့်ပွားအောင်လုပ်ဆောင် ၍မရေ တာ့ချေ၊ ( အယ်(လ်)ကိုက်ဒါး ကဲ့သို့သောမူဆလင်တို့ကား ၄င်းမူဝါဒကိုပဲဆက်လက်ကျင့်သုံးနေဆဲဖြစ်) ထို့ကြောင့် ဒီမိုကရေစီကိုခုတုံးလုပ်၍ အစ္စလာမ်ဘာသာတိုးပွားအောင်လုပ်ဆောင်လာကြပါတယ်။ သားဖောက်သာသနာပြုနည်းကိုကားယခုထက်တိုင်ကျင့်သုံးလျှက်ပင်ဖြစ်ပါသည်။

မူဆလင်တို့သည် ခေတ်ကာလမကောင်းသည့်အခါ ရိုးရိုးကုတ်ကုတ်နေ၍ ဆိုင်ရာအာဏာပိုင် များနှင့် မဏာသင့်အောင်ပေါင်းသင်းပြီး ခေတ်ကာလကောင်းသည့်အခါတွင်မူ အခွင့်အရေးကိုဦးဆုံး ယူတတ်ကြပါသည်။ ကမ္ဘာ့သမိုင်းကိုအသာထားလို့ မြန်မာ့သမိုင်းလောက်ကိုပင် လေ့လာကြည့်မည်ဆို ပါက မူဆလင်တို့၏ သဘောကိုကောင်းစွာရိပ်မိလာကြမည်ဖြစ်ပါသည်။ မြန်မာပြည်လွတ်လပ်ရေး မရမီက မူဆလင်တို့သည် နယ်ချဲ့တို့နှင့် သင့်မြတ်အောင်ပေါင်း၍ အိမ်ရှင်မြန်မာတို့အား ဒုက္ခပေးခဲ့ ကြပြီး မြန်မာပြည်လွတ်လပ်ရေးရသည့်အခါတွင်လည်း ၄င်းတို့မှ ဦးစွာအခွင့်အရေးယူခဲ့ကြပေသည်။ မြန်မာပြည်သည် ၁၉၄၈-ခုနှစ် ဇန်န၀ါရီ-၄-ရက်နေ့တွင် လွတ်လပ်ရေးရ၏ လွတ်လပ်ရေးရ၍ ရက်ပိုင်း မျှသာရှိတဲ့သည့်အချိန်တွင် မူဆလင်နယ်ချဲ့ ဘင်္ဂါလီ “မူဂျာဟစ်”သူပုန်တို့သည် ရခိုင်ပြည်နယ်အား သိမ်းပိုက်ရန် ဂျီဟတ်စစ်ပွဲဆင်နွဲကာ အခွင့်အရေးလက်တဆုံးယူခဲ့ပြီး မြန်မာနိုင်ငံတော်၏ လွတ်လပ် ရေးအား အကာအကွယ်ယူအသုံးချခဲ့ကြလေ၏။

စစ်အာဏာရှင်ခေတ်တွင်လည်း မူဆလင်တို့သည် ထိုအာဏာရှင်များနှင့်ပေါင်း၍ မြန်မာတိုင်း ရင်းသား၊တိုင်းရင်သူများအား စိတ်တိုင်းကျစော်ကားအနိုင်ကျင့်ခဲ့ကြပါသည်။ ထိုသို့အနိုင်ကျင့်ခံ တိုင်း ရင်းသားတို့မှာ အာဏာရှင်များအားသွားရောက်တိုင်ကြားပါကလည်း မူဆလင်ငွေကြေး သြဇာခံဖြစ် နေသည့် အာဏာပိုင်တို့မှာ မည်သည့်အရေးယူမှုမျှမလုပ်သဖြင့် မြန်မာတို့မှာ ကုလားစော်ကား အနိုင် ကျင့်သမျှ အံ့ကျိတ်ခံခဲ့ရရှာပါသည်။

ယခုမျက်မှောက်အချိန်တွင်မူလည်းအားလုံးသိကြသည့်အတိုင်း ခရစ်နှစ်(၂၀၁၀)တွင် ရွေးေ ကာက်ပွပြုလုပ်၍ (၂၀၁၁)ခုနှစ်တွင် ဒီမိုကရေစီအနည်းငယ်ပုံပေါ်၍ ရုပ်လုံးပေါ်လာသည့် (၂၀၁၂)တွင် ၄င်းမူဆလင်တို့သည် ဒီမိုကရေစီအားခုတုံးလုပ် အခွင့်အရေးယူ၍ မြန်မာနိုင်ငံ၏ နယ်မြေ၊ဘာသာ၊ သာသနာ၊လူမျိုးတို့အား စော်ကားကျူးကျော်ကြလေ၏။ ယခုတကြိမ်တွင်မူ၁၉၄၈ ခုနှစ်ထက်ပို ၍ဆိုး ၀ါးလေ၏ ၊၁၉၄၈ ခုနှစ်တွင် ရခိုင်ပြည်နယ်ကိုသာ ဂျီဟတ်လုပ်ရန်စကျူကျော်နိုင်ခဲ့ ရာ၊ ယခုမူ တနိုင်ငံ လုံးအတိုင်းအတိုင်ဖြင့် ပြည်တွင်း၊ပြည်ပ အချိတ်အဆက်မိမိဖြင့် ကျူးကျော်စော်ကားလာကြသည် ကိုတွေ့မြင်ရပေသည်။ထိုသို့တနိုင်ငံလုံးအတိုင်းအတိုင်ဖြင့် ရန်စကျူကျော်ရဲကြသည်မှာ မြန်မာနိုင်ငံရှိ အာဏာရအဖွဲ့အစည်းနှင့် အတိုင်းအခံ အဖွဲ့အစည်းအကြား အမြတ်ထုတ်အပြစ်ပုံချမှုများ သည်လည်း တခုအပါအ၀င်ဖြစ်၏

ပြဿနာဖြစ်ခြင်း၏ဇစ်မြစ်အကြောင်းရင်းတိုင်းမှာ အိမ်ရှင်ဗုဒ္ဓဘာသာများမှ ရန်စခြင်းကြောင့်မ ဟုတ်ပဲ၊ ဧည့်သည်မူဆလင်များ၏ အကွက်ကျကျစီစဉ်ပြဿနာရှာရန်စမှုများကြောင့်ပင်ဖြစ်၏။ ထိုသို့ မူဆလင်များမှရန်စသည့်အခါတွင် အတိုက်အခံများမှ မသိသယောင်နေတတ်ကြပေမဲ့လည်း၊ အနိုင် ကျင့် စော်ကားခံရသည့် အမိတိုင်းရင်းသားများမှ ပြန်လည်ခုခံကာကွယ်ကြသည့်အခါမှ အသံ ထွက် လာကြ သည်မှာလည်း တကြိမ်မကတော့ခြင်းကြောင့် တိုက်ဆိုင်မှုမဖြစ်နိုင်တော့ချေ၊ ထိုသို့အတိုက် အခံများ၏ ခုခံကာကွယ်ပြောဆိုမှုများသည်လည်း မူဆလင်တို့၏ရန်စစော်ကားမှုကို အပြစ်မရှိသကဲ့ သို့ဖြစ်ပြီး၊မူဆ လင်တို့အား ရန်စနိုင်စေရန် အခွင့်အရေးပေးနေသကဲ့သို့ဖြစ်စေပါသည်။ဒီအချက်ကို အတိုက်အခံများ အနေဖြင့် ကောင်းစွာနားလည်သဘောက်ထားဖို့လိုပါသည်။ သမိုင်းတရားခံအမျိုး သားရေး သစ္စာ ဖော က်၊သူခိုးဓါးရိုးကမ်းမဖြစ်စေရန် နှစ်ဖက်လုံးက အထူးသတိထား ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အမျိုးသား ရေးနှင့်ပတ်သက်လာလျှင် တဖွဲ့တဖွဲ့အပြစ်ပုံချ၊ချောက်တွန်းကာမနေကြပဲ နိုင်ငံတော်၏ လုံခြုံးရေးနှင့်၊ အမျိုးဘာသာ၊သာသနာတော် အရှည်ခန့် တည်တံ့ရေးအတွက် လက်တွဲညီညာစွာဆောင်ရွက်သင့် ကြပါသည်။

အချို့သောသူတို့သည် “မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို မူဆလင်တွေကမတရားသောနည်းဖြင့် ၀ါမျိုသွားနိုင်တယ်ဆိုတာ အခြေအမြစ်မရှိပါဘူး၊ အစိုးရိမ်လွန်နေကြတာပါ”ဟု သမိုင်းကိုမလေ့လာကြပဲ ပြောဆိုနေကြသည်ကို ကြားနေတွေ့နေရပါသည်။ တချိန်တခါကဗုဒ္ဓဘာသာနိုင်ငံတော်ကြီး များဖြစ် ကြတဲ့၊အာဖဂန်နစ္စတန်၊ပါကစ္စတန်၊အီရတ်၊အီရန်၊ဆီးဒီယား၊ဂျော်ဒန်၊အင်ဒိုနီးရှားမလေးရှား၊မလေးရှားနှင့် ကရှိမီးယားဒေသတို့ကို မူဆလင်တို့အတင်းအဓမ္မ၀ါးမျိုခြင်းကို ခံခဲ့ရသည်မှာ သမိုင်းမှတ်တမ်းများ နှင့် အဆောက်အဦးဟောင်းတို့ကိုက သက်သေခံလျှက်ရှိပါသည်။ထိုသို့မူဆလင်များမှ ဗုဒ္ဓဘာသာ ကိုဝါးမျိုခဲ့သည်မှာ အစ္စလာမ်ဝါဒကို ထိုသမိုင်းသက်သေများကို မလေ့လာကြပဲ တတ်သိနား လည်အရှ ည်တွေးသူတို့၏ သတိပေးစကားကို မနာခံ၊မလိုက်နာသူတို့သာ အသိတရားကင်း စုံလုံးကန်းများသာ ဖြစ်၏။

တချိန်တခါက ကမ္ဘာမှာ ၁၀-ပုံပုံလျှင် ဗုဒ္ဓဘာသာသည် ၈-ပုံနီးပါးခန့်ရှိခဲ့ပြီး၊ ယခုမူပြောင်းပြန် ဖြစ်၍သွားချေ၏။ ထိုသို့ဗုဒ္ဓဘာသာနိုင်ငံများဝါးမျိုခံရခြင်းမှာ မူဆလင်ဘာသာ၏ဘာသာတရားကို သဘောကျကြိုက်နှစ်သက်၍ ဘာသာပြောင်းခြင်းကြောင့်မဟုတ်ပဲ၊ အတင်းအဓမ္မတိမ်းသွင်း ခြင်းေ ကြာင့်ပင်ဖြစ်၏။ မူဆလင်များသည် ခရစ်ယာန်နိုင်ငံတို့အားမ၀ါးမျိုနိုင်ပဲ ဗုဒ္ဓဘာသာနိုင်ငံများကိုသာ ၀ါးမျိုနိုင်ကြသည်မှာလည်း ဗုဒ္ဓဘာသာတို့၏ ခန္တီတရားနှင့် ပျော့ညံ့ခြင်းကို မကွဲပြားခြင်း၊ ဗုဒ္ဓတရား တော်နှင့်အညီ အချင်းချင်းစည်းလုံးတိုင်ပင်ညီညွှတ်စွာ ဣဿာ၊မစ္ဆရိယကင်းကင်းဖြင့် မနေခဲ့ကြ၍ မူဆလင်တို့၏ အလွယ်တကူ သွေးခွဲဝါမျိုးခြင်းကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခုအချိန်တွင်လည်း မူဆလင်တို့သည် မြန်မာအမျိုးသမီးတို့အားနည်းမျိုးစုံဖြင့်စော်ကား အနိုင်ကျင့်နေသည်မှာလည်း နေ့စဉ်နေ့တိုင်းလိုလိုပင်ဖြစ်၏။ မူဆလင်တို့သည် အမိမြန်မာပြည်အား ၀ါမျိုရန်အတွက်အကွက်ကျကျ၊ အစီအစဉ်တကျလုပ်ဆောင်နေသည်မှာ သေခြာလေ့လာကြည့်သူ တိုင်းသိမြင်နိုင်ကြမည်ဖြစ်ပါသည်။မူဆလင်တို့သည် အကြမ်းဖက်ခြင်း၊တိုင်းရင်သူတို့အား သိမ်းပိုက် ယူခြင်းဖြင့်ဝါးမျိုနေရုံမကပဲ၊ အတွင်းကလှိုက်စား၍ ၀ါးမျိုးနေပြီဖြစ်သည်။ အာဏာရှိပါတီများ၊ ပါဝါရှိ ပါတီများတို့အားအတွင်းလူအဖြစ်ပူကပ်၍ သွေးခွဲနေကြပေ၏။ သစ်ပင်တပင်တွင် သစ်ရွက်သစ်ကိုင်း များတွင်ကျရောက်နေသော ပိုးပွားများကို အလွယ်တကူနှိမ်နှင်းလို့ရပေမဲ့လည်း ၊ အတွင်းအမြစ်ပိုင်း လူမမြင်နိုင်ရာနေရာတွင် ပိုးကျနေပါက သတိမထားကြမိတော့ပဲ နောက်ဆုံး အပင်ဗုန်းဗုန်းလဲမှသာ သတိထားမိကြလေ့ရှိပါသည်။ ထိုအတူမူဆလင်တို့သည် ယခုအခါ အတွင်းအမြစ်များမှ တွယ်ကပ် လျှက် ၀ါးမျိုဖျက်ဆီးနေကြလေပြီ၊ ထိုအမြစ်ကိုဖျက်ဆီးနေခြင်းသည် အကိုင်း၊အရွက်ထက်ပို၍ အန္တရာယ်များသလို၊တွေ့မြင်ရန်၊နှိုမ်နှင်းရန်လည်း များစွာခက်ခဲလှပါသည့်၊ထို့ကြောင့် အဖျက်ပိုးများ အားမကောင်းခင် တရားဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ပေါင်းစုအားဖြင့်အမြစ်ပြတ်အောင် ရှင်းလင်းဖယ်ရှားသင့်လှပါသည်။


(အမျိုးဘာသာ၊သာသနာတော်အကျိုး၊သည်ပိုးနိုင်သူများဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ

Monday, August 10, 2015

ဖြေသင့်ဖြေထိုက်တဲ့ မေးခွန်းများရဲ့အဖြေတွေကို
လိုတိုရှင်း ဖြေပေးထားပါတယ်။ မေးသူကစာတစ်ကြောင်း၊
ဖြေသူက စာတစ်ပုဒ်ဖြစ်တာကြောင့် သိလိုသမျှကို အတိုချုပ်
ဖြေပေးတာဖြစ်ပါတယ်။
Q - မြန်မာကို တရုတ်က မန်စို(မန်စော)လို့ခေါ်တာရယ်၊
အခြားလူမျိုးစုများကလဲ မန် လို့ခေါ်ကြတာရှိပါတယ်။
မန် အစုဝင်အကြောင်းလေးများရှင်းပြပါ။ လို့ဆိုပါတယ်။
ဒီမေးခွန်းရဲ့အစကို ပြန်သွားကြည့်ရင် ဂျီအိပ်ခ်ျလုစ်ရဲ့
ဗမာအစကျောက်ဆည် ဆိုတဲ့ဗမာ့သမိုင်းလုပ်ဇတ်ကနေ
အဆင့်ဆင့်ကိုးကားလာတဲ့ နောက်ရေး ဇာတ်လမ်းများသာ
ဖြစ်ပါတယ်။ လုစ်ဟာ ဗမာအစကျောက်ဆည်စာတမ်းမှာ
အေဒီ ၈၃၂ ခုအရောက် နန်စောတို့က ပျူနိုင်ငံကိုဝင်တိုက်
တဲ့အတွက် ပျူနိုင်ငံ၊ ပျူလူမျိုးတို့ပျက်သုန်းကာ လူသူမရှိတဲ့
လစ်လပ်နေရာ (Vacuum) ဟာလာဟင်းလင်းနိုင်ငံကြီး
ဖြစ်သွားကြောင်း၊ ထိုသို့ နေသူမရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း
မြေပြန့်ဒေသတွေကို နန်စောလက်အောက်ခံ မန်အရိုင်းလူမျိုးစု
တွေဝင်ရောက်လာကြောင်း၊ ထို မန်အရိုင်းလူမျိုးစုတွေဟာ
ရှေးဦးမြန်မာကြီးများဖြစ်ကြောင်း စတဲ့အချက်အလက်တွေကို
တရုတ် မန်ရှုကျမ်းကိုးကားပြီးတော့ ပြောဆိုရေးသားခဲ့တာ
ဖြစ်ပါတယ်။
ထိုအဆို မှန်မမှန်ကို စစ်ဆေးကြည့်တဲ့အခါမှာ မန်ရှုကျမ်း
မူရင်းထဲမှာ ရေးထားတာတွေနဲ့ လုစ်ပြောသွားတာတွေဟာ
လုံးဝမမှန်ကန်ဘဲ ရှေ့နောက်မညီ အကြီးအကျယ်မှားယွင်း
နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
*မန်ရှုကျမ်းမူရင်းမှာ အေဒီ ၈၃၂ မှာ နန်စောရန်ကြောင့်
ပျူနိုင်ငံ/ပျူလူမျိုး ပျက်သုန်းတယ်လို့ မပါရှိပါ။ နန်စောတို့
ပျူဒေသတစ်ခုကို ၀င်ရောက်တိုက်ခိုက်ပြီးတော့ သုံ့ပန်း
(၃၀၀၀)သုံးထောင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသာ
ပါရှိပါတယ်။ မည်သည့်ဒေသကို ၀င်ရောက်တိုက်ခိုက်တယ်
လို့တောင် သေသေချာချာမဖော်ပြထားပါ။*
*ထိုမန်ရှုကျမ်းမှာပဲ အေဒီ ၈၆၄ ခုနှစ်အထိ ဧရာဝတီမြစ်ကမ်း
ဘေးမှာ ပျူတပ်မြို့ကြီးတည်ရှိထွန်းကားနေကြာင်း၊ ထိုအရပ်
ကကုန်သည်များဟာ ယူနန်နယ်အထိ ကုန်စည်ကူးသန်း
ရောင်းဝယ်မှု ပြုကြကြောင်းဖော်ပြပါရှိပြီး ထိုမန်ရှုမှတ်တမ်းပါ
ပျူတပ်မြို့ကြီးသည် အေဒီ ၈၄၆ ကနေ အေဒီ ၈၇၆ အထိ
နန်းစံခဲ့တဲ့ ပျဉ်ပြားမင်းကြီးရဲ့ စတုတ္တပုဂံမင်းနေပြည်သာ
ဖြစ်ပါတယ်။ *
*ဒါ့အပြင် မန်အရိုင်းလူမျိုးစုနဲ့ ၀န်ကျူထော်၊ ဖုထော်
လူမျိုးစုတွေဟာ အေဒီ ၈၆၄ ခုနှစ်အထိ ယူနန်နယ်ကနေ
ဘယ်အရပ်ဒေသကိုမှ ပြောင်းရွှေ့မသွားခဲ့ဘဲ နန်စော
လက်အောက်ခံအဖြစ်သာနေထိုင်နေကြောင်း မန်ရှုကျမ်းမှာ
အတိအလင်းဖော်ပြထားပါတယ်။ ဒါကို လုစ်က ထိမ်ချန်ပြီး
ဗျောင်လိမ်သွားတာဖြစ်ပါတယ်။ မန်ရှုကျမ်းကိုရေးသားခဲ့တဲ့
စစ်သူကြီးဖန်ချောကိုယ်တိုင်က မန်လူမျိုးစုတွေ မြန်မာနိုင်ငံ
အတွင်းဝင်ရောက်လာခြင်းမရှိတာကို သိတာကြောင့်
အေဒီ ၈၄၆ ပုဂံနိုင်ငံကို ပျူနိုင်ငံအဖြစ်သိရှိမှတ်တမ်း
တင်ခဲ့တာဖြစ်ပါတယ်။ *
မြန်မာတွေဟာ အေဒီ ၉ ရာစုမှ တခြားအရပ်ဒေသကနေ
ရွှေ့ပြောင်းလာတယ်ဆိုတဲ့ လုစ်ရဲ့ဗမာ့သမိုင်းလုပ်ဇာတ်
မှားယွင်းကြောင်းကိုလည်း တရုတ်နန်းတော်မှတ်တမ်း
ကြီးတွေက အတိအလင်းညွှန်ပြနေပါတယ်။
*ဆရာဦးရည်စိန်ရဲ့ “တရုတ်မှတ်တမ်းပါ ရှေးဟောင်း
မြန်မာနိုင်ငံ အမည်တစ်ခု” သုတေသနစာတမ်းမှာ
စုန့်မင်းဆက်ခေတ် (အေဒီ ၁၀-၁၃ ရာစု) တရုတ်တို့သည်
ပုဂံနိုင်ငံ (ဗမာနိုင်ငံ)ကို မြန်မာနိုင်ငံဟုလည်း ခေါ်ဝေါ်ကြောင်း၊
ပျူနိုင်ငံဟုလည်းခေါ်ဝေါ်ကြောင်း ဖော်ထုတ်တင်ပြခဲ့ပါတယ်*
*ထို စုန့်ခေတ်တရုတ်နန်းတော်သို့ ပုဂံ-ဗမာ ကျန်စစ်သားမင်းကြီး၏
သံအဖွဲ့၊အလောင်းစည်သူမင်းကြီး၏ သံအဖွဲ့များ ရောက်ရှိခဲ့ပြီး
ယင်းပုဂံနိုင်ငံ ဗမာနိုင်ငံကို စုန့်မင်းဆက်ခေတ် တရုတ်တို့က
“ပျူနိုင်ငံ ပျူ” လို့ သိရှိမှတ်တမ်းတင်ခဲ့ကြပါတယ်။*
*ထန်မင်းဆက် (အေဒီ ၇-၁၀ ရာစု) သမိုင်းသစ် ဖျောက်(ပျူ)နိုင်ငံ
အခန်းတွင် “ဖျောက်(ပျူ)နိုင်ငံသည် ရှေးဟောင်း ကျူးပေါဖြစ်၏”
ဟုလည်းကောင်း၊ အေဒီ ၁၅ ရာစု တရုတ် မင်မင်းဆက် ၀မ်လိခေတ်
တရုတ်ပညာရှင် ပေါင်းကျိ-ယန်ကျိ-ယယ်၏ မြန်မာနိုင်ငံအကျဉ်း
စာတမ်းတွင် “မီယယ်(န်)(မြန်)သား (မြန်မာ) တို့သည် ရှေးဟောင်း
ကျူးပေါဖြစ်၏။ ဟန်မင်းဆက်ကာလ (ဘီစီ ၂ ရာစု) တရုတ်တို့သည်
ဖန်(ဗြဟ္မာ) ဟုခေါ်သည်။ ထန်မင်းဆက်ကာလတွင် ဖျောင်(ပျူ) ဟု
ခေါ်သည်။ စုန့်မင်းဆက်နှင့် ယွယ်(န်)မင်းဆက်ကာလတွင် မီယယ်
(မြန်)(မြန်မာ)ဟု ခေါ်ကြသည်။” ဟု သိရှိမှတ်တမ်းတင်ထားကြောင်း
ဆရာဦးရည်စိန် ဖော်ထုတ်ခဲ့ပါတယ်။*
*ယွယ်န်ရှိမင်းဆက် (မွန်ဂိုမင်းဆက်) အေဒီ ၁၃-၁၄ ရာစု မှတ်တမ်းမှာ
ဗမာနိုင်ငံကို “ပုဂံနိုင်ငံ ၊ ပျူနိုင်ငံ ၊ မြန်မာ (မီယန်)နိုင်ငံ” ဟုမှတ်တမ်း
တင်ခဲ့ကြောင်း၊ ကူဗလိုင်ခန်၏ စစ်သူကြီး သုသုတက္ကီမင်းသားသည်
တကောင်းကို သိမ်းပိုက်၍မြန်မာပြည်အုပ်ချုပ်ရေးဒေသ ဖွင့်လှစ်ခဲ့သည့်
အပြင် ပုဂံမင်း ကျော်စွာ၏ သံအဖွဲ့သည် ယွန်ရှိနန်းတော်သို့ ရောက်ရှိ
သကဲ့သို့ ယွန်ရှိနန်းတော်မှ ခန်းမင်းကြီး၏အဆင့်မြင့် အရာရှိများလည်း
ပုဂံသံအဖွဲ့အပြန်တွင် ပုဂံနိုင်ငံ ပုဂံနန်းတော်သို့ရောက်ရှိခဲ့ရာ
ဗမာ-မြန်မာသည် ပျူ ၊ ပျူသည် ဗမာ-မြန်မာ ဖြစ်သည်ဆိုသည်ကို
ကောင်းစွာတွေ့မြင် သိရှိလျှက် ဗမာနိုင်ငံကို ပုဂံနိုင်ငံ၊ ပျူနိုင်ငံ၊
မြန်မာ(မီယန်) နိုင်ငံဟု ယွန်ရှိမင်းဆက်မှတ်တမ်းတွင် အမည် ၃
မည်ဖြင့် မှတ်တမ်းတင်ထားကြောင်း ဦးရည်စိန်၏ ရှင်ဒိသာပါမောက္ခ
ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ သုတေသနစာတမ်းနှင့် The Chinese
Incription at Pagan သုတေသနစာတမ်းများတွင်ဖော်ထုတ်တင်ပြ
ထားပါတယ်။*
မည်သည့်တရုတ်မှတ်တမ်း၊ အိန္ဒိယမှတ်တမ်း စတဲ့ခေတ်ပြိုင်မှတ်တမ်း
မှာမှ မြန်မာတွေကို မန်-မန်စော-မန်စု လို့ခေါ်ဆိုခြင်းမရှိဘဲ *ဗရမ္မာ-
မရမ္မာ(မြန်မာ)-ပျူ* ဟုသာ သိရှိခေါ်ဆိုမှတ်တမ်းတင်ခဲ့ကြပါတယ်။
------------------------------------------------------------------
Q - ပျူစောထီးမင်း ပုဂံကိုအုပ်စိုးခဲ့ကြောင်း အထောက်အထား
ရှိပါသလား။
ပုဂံမင်းဆက်တွေထဲက ပျူမင်းထီး-ပျူစောထီးမင်း တကယ်
ရှိခဲ့သလားဆိုရင် ရှိခဲ့ပါတယ်လို့ ဖြေရမှာပဲဖြစ်ပါတယ်။
ဦးကုလားရာဇ၀င်ညွှန်းဆိုမှုကြောင့် ဒဏ္ဍာရီသဖွယ်ဖြစ်ခဲ့
ရတာတွေနဲ့ ပျူစောထီးကို တကယ်မရှိဘူးလို့ လုစ်တို့က
ဆိုခဲ့ကြတာဖြစ်ပါတယ်။
*၁၉၇၅ ခုနှစ်မှာ ငလျှင်ဒဏ်ကြောင့် ပျူစောထီးတည်
ခဲ့တယ်လို့ ဗမာ့ရာဇ၀င်ဆိုရိုးစကားရှိတဲ့ ဗူးဘုရားဟာ
ဧရာဝတီမြစ်အတွင်းသို့ ပြိုကျ ပျက်စီးခဲ့ပါတယ်။
ပြန်လည်တည်ဆောက်ဖို့အတွက် မူလဌာပနာတိုက်ရာ
တူးဖော်ရာမှာ မြေအနက် ၁၆ ပေကနေ အေဒီ ၃ ရာစု
လက်ရာ အုတ်ခွက်ဘုရား အမြောက်အမြား တူးဖော်
ရရှိခဲ့ပြီး ပုံစီတူ ဗူးဘုရားအသစ်မှာ ပြန်လည်ဌာပနာထည့်
တည်ထားခဲ့ပါတယ်။ ဗူးဘုရားဟောင်းရာသည် အေဒီ ၂-၃
ရာစု ပျူစောထီးခေတ် တည်ခဲ့သော စေတီဖြစ်ကြောင်း
မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။*
*ပျူစောထီးခေတ်မှာ တရုတ်စစ်ရောက်လို့ ပျူစောထီး
မင်းကြီး နှိမ်နင်းတိုက်ခိုက်ရကြောင်း ပုဂံရာဇ၀င်မှာ
ဖော်ပြပါရှိသလို ပျူစောထီးခေတ်ပြိုင် အေဒီ ၂၂၆
တရုတ်နိုင်ငံ (ဝေ့မင်းဆက်ခေတ်) ခေတ်ပြိုင်မှတ်တမ်းမှာ
တရုတ်စစ်သူကြီး ချူကောလိယန်း ဆိုသူက ပုဂံနိုင်ငံကို
ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ပျူစောထီးဘုရင်ကြီးက
တိုက်ခိုက်ရကြောင်း၊ တရုတ်စစ်သူကြီး ချူကောလိယန်း
စစ်ရှုံးပြီးနောက် ငြိမ်းချမ်းရေးဘုရားတည်ကာ တပ်ပြန်
သိမ်းသွားရကြောင်း၊ ဘုန်းတန်ခိုးအလွန်ကြီးသော
ပျူစောထီးဘုရင်ကြီးကို ယူနန်နယ်တစ်ခုလုံးအုပ်ချုပ်ဖို့
ပေးခဲ့ရကြောင်း တရုတ်နန်းတော်မှတ်တမ်းမှာ
ဖော်ပြထားပါတယ်။*
*ပုဂံမှာ ဗူးဘုရားအပြင် ပျူစောထီးမင်းကြီးတည်ခဲ့တဲ့
သမီးဝှက်လှိုဏ်ဂူ ရှိပါတယ်။ အဆိုပါ ဂူကိုတည်ဆောက်
ထားတဲ့ အုတ်များဟာ ပျူခေတ်အုတ်များဖြစ်ပြီးတော့
ပုဂံ မနူဟာဘုရား၊ နန်းဘုရား စတဲ့ မှောင်သော လှိုဏ်
ဘုရားတို့ရဲ့ ရှေ့းပြေးဗိသုကာလက်ရာတွေဖြစ်ကြောင်း
ဆရာဦးအောင်ကြိုင်တို့ ဖော်ထုတ်တင်ပြခဲ့ဖူးပါတယ်။*
*ပျူစောထီး (အေဒီ ၃ ရာစု) ငှက်ပစ်တောင်ရှိ လှိုဏ်
ဂူများမှာ တည်ဆောက်ထားတဲ့ အုတ်ခဲစာတွေကို
ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ရာမှာ ဗုဒ္ဓ-
အသောကခေတ်သုံး ဗြဟ္မီ(အသံထွက်-ဗရမီ)
အက္ခရာအုတ်ခဲစာများ၊ ပျူခေတ်သုံး (ယာယီ
အမည်)ပျူစာအက္ခရာများ ရေးထိုးခပ်နှိပ်ထားတဲ့
ရှေးအုတ်များကို တွေ့ရှိခဲ့ပါတယ်။*
ဖော်ပြပါ ခေတ်ပြိုင်အထောက်အထားတွေကို
လေ့လာကြည့်ရှုပြီးနောက် ပျူစောထီးတကယ်
ရှိခဲ့သလားဆိုရင် ရှိခဲ့ကြောင်း ခေတ်ပြိုင်အထောက်
အထားတွေက ညွှန်းဆိုပြသနေတယ်လို့သာ
ဆိုရမှာဖြစ်ပါတယ်။
------------------------------------------------
ကျန်ရှိတဲ့မေးခွန်းအချို့ကိုလည်းဆက်လက်ဖြေဆို
ပေးသွားမှာ ဖြစ်ပါတယ်။ မိတ်ဆွေအများ လေ့လာ
ရင်းဖြင့် အသိပညာတိုးတက်ကြပါစေ။

Thant Lwin Oo

Saturday, August 8, 2015

တို့ပြည်ထောင်စုသမိုင်း (ဆရာဇော်ဂျီ)

တို့ပြည်ထောင်စု သမိုင်း ( ဆရာဇော်ဂျီ )

ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည်  အရှေ့တောင် အာရှ ၌ တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လေသည် ။ ထိုနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်မှ စ၍ ( ၀ါ ) ကမ္ဘာသုံးသက္ကရာဇ် ၁၀၀လောက်မှ စ၍ တစ်ဖြည်းဖြည်း တစ်စတစ်စ စည်းလုံးမှု့ရရှိလာသော နိုင်ငံ ဖြစ်လေသည် ။
အိမ်နီးချင်းနိုင်ငံများ
့ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကို ကြည့်လျှင် အရှေ့ဘက်၌ ယိုးဒယားနိုင်ငံကို၎င်း ၊ အနောက် ဘက်၌ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့ကို ၎င်း ၊ တောင်ဘက်၌ ဘင်္ဂလားပင်လယ်အော်ကို၎င်း ၊ မြောက်ဘက်၌ တရုပ်နိုင်ငံ ကို၎င်း  မြင်နိုင်လေသည် ။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရှေးရှေးအခါ မှစ၍ ထိုနိုင်ငံများနှင့် ဆက်ဆံလာခဲ့သော နိုင်ငံလည်းဖြစ်လေသည် ။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကသော်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကသော် ( ၀ါ ) ကမ္ဘာသုံးသက္ကရာဇ် ၁၀၀ စုလောက်ကသော် ယခုဖြစ်ထွန်းတည်ရှိနေသော ဧရာဝတီ မြစ်ဝကျွန်းပေါ် မြေနုဒေသအရပ်သည် ပင်လယ်အတိ ဖုံးလွှမ်းလျှက်ရှိလေသည် ။ သို့ရာတွင် ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့သည် ထိုအခါမှစ၍ စီးဆင်းလျှက်ရှိလေသည် ။  မွန် ၊ မြန်မာ ၊ ရခိုင် ၊ ကရင် ၊ ရှမ်း ၊ ချင်း ၊ ကရင် ၊ ကယား  အစရှိသော ပြည်ထောင်စုသားများသည်  မိမိတို့၏ နေရင်းဒေသဖြစ်သော အရှေ့အလယ်ပိုင်းဒေသကို စွန့်ခွာ၍ ဧရာဝတီမြစ်ကြောင်း ကို ၎င်း ၊သံလွင်မြစ်ကြောင်းကို ၎င်း လိုက်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်လာကြလေသည် ။ ၀င်လာကြသည်မှာ တစ်ကြိမ်တစ်ခါတည်းတွင် အားလုံးတစ်စုတဝေဒ၀င်လာကြသည် မဟုတ်ချေ ။ တစ်ခါတစ်ရံ သူ့အစုနှင့်သူ ၊ တစ်ခါတစ်ရံ တစ်ကွဲတစ်ပြားစီ ၊ အကြိမ်ကြိမ် အခါခါ ၀င်လာကြခြင်း ဖြစ်လေသည် ။
မြို့ရွာတည်ကြခြင်း
တို့ပြည်ထောင်စုသားများသည် ထိုသို့ဝင်လာကြပြီးနောက်  အချို့တို့သည် မြစ်ဝှမ်းရှိရာ ၊ ပင်လယ်ကန်းခြေရှိရာ မြေပြန့်ဒေသ၌ အ ခြေတကျ နေထိုင်ကျလေသည် ။ အချို့လည်း မြေပြန့်ဒေသများသို့ ဆင်းလာခြင်းမပြုပဲ တောင်တန်းဒေသများ၌သာ တောင်ယာ လုပ်ကိုင်၍နေထိုင်ကြလေသည် ။ မြေပြန့်ဒေသများ သို့ ဆင်းလာကြသူများတွင်  အုပ်စုအကြီးအကဲများသည် သစ်တပ်မြို့ရိုးဆောက်ကာ မြို့တည်၍ မြို့ပြင်တွင် ရွာငယ်အမြောက်အမြားကို တည်လေသည် ။ ထို့နောက် ထိုသူတို့သည် ရွာဥပစာတွင် ဆန် ၊စပါး ၊ လူး ဆပ် ၊ ပြောင်း ၊နှမ်း စသော ကောက်ပဲ သီးနှံများကို စိုက်၍ အသက်မွေး နေထိုင်ကြလေသည် ။  ထိုသို့နေထိုင်ကြသောအခါ မြောက်ဘက်ရှိ တရုတ်နိုင်ငံ  ( စိန့်ပြည်  ( ၀ါ ) စိနပြည် ) မှ တရုတ် ( စိန ) အမျိုးသားကုန်သည်များသည်  ရံဖန်ရံခါ  မြေပြန့်ဒေသရှိ မြို့များသို့ ရောက်လာတက်ကြလေသည် ။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ရောက်လာခြင်း
အထူးသဖြင့် အချို့သော အိန္ဒိယ အမျိုးသား ကုန်သည်များသည်  မိမိတို့နှင့်အတူတကွ  ဗုဒ္ဒဘာသာ ကျမ်းစာများယူလာကြလေသည် ။ တစ်ခါတစ်ရံ ဗုဒ္ဓဘာသာရဟန်းတော်များလည်း ပါလာကြလေသည် ။ ရှေးခေတ် ပြည်ထောင်စုသားများသည် ဗုဒ္ဓဘာသာတရားကို ကြားနာကြရသောအခါ ကြည်ညိုခြင်းရှိလာကြသည် ။ ထို့ကြောင့် စေတီများကို ၎င်း ၊ဆင်းတုတော် များကို ၎င်း တည်ထားကိုးကွယ် လာကြလေသည် ။ တဖန် ရဟန်းတော်များသတင်းသုံးရန် ရဟန်းကျောင်းများကို လည်း ဆောက်လုပ်လှုဒါန်းကြလေသည် ။ ရှေးခေတ် ပြည်ထောင်စု သားများသည် ထိုရဟန်းကျောင်းများတွင် ပညာ သင်ကြလေသည် ။ ဤသို့ ဖြင့် မြန်မာနိုင်ငံ မြေပြန့်ဒေသများတွင် အထက်ပိုင်း၌ တကောင်းပြည် ဟု ၎င်း ၊အလယ်ပိုင်း ၌ သရေခေတ္တရာ ပြည်ဟူ၍၎င်း ၊  အောက်ပိုင်း၌ သထုံပြည်ဟူ၍၎င်း ပြည်သုံးပြည် ထွန်းကားလာလေသည် ။
သထုံနှင့် သရေခေတ္တရာ
ကမ္ဘာသုံး သက္ကရာဇ် ၆၀၀ လောက်မှစ၍  သထုံပြည်နှင့် သရေခေတ္တရာပြည် တို့သည် အထူးထင်ရှားသော ပြည်နစ်ပြည် ဖြစ်လာလေသည် ။သထုံ ပြည် ကို လူ အများစု ဖြစ်သောမွန်အမျိုးသားတို့က တည်ထောင်လေသည် ။ သရေခေတ္တရာပြည်ကို လူများစုဖြစ်စော ပျူ အမျိုးသားတို့က တည်ထောင်လေသည် ။ ထိုပြည်နှစ်ပြည်တွင် ဗုဒ္ဓဘာသာထွန်းကားလေသည် ။ ထို ပြည်နှစ်ပြည် သည် တစ်ခါတစ်ရံ သင့်မြတ်၍ တစ်ခါတစ်ရံ စစ်မက် ဖြစ်ပွားတက်ကြလေသည် ။ ဤ သို့ ဖြင့် မွန် နှင့် ပျူ တို့ ၌ စည်းလုံးမှု့မရှိဘဲ နေလာခဲ့ရာ ၊ သက္ကရာဇ် ၈၀၀ လောက်တွင် မြောက်ဘက်ရှိ နန်ချောင်ပြည့်ရှင်သည်  သရေခေတ္တရာ ကို တိုက်၍ ပျူ အမျိုးသား အမြောက်အများ ကို ဖမ်းယူသွားနိုင်လေသည် ။
မြန်မာ တို့ ရောက်လာခြင်း
ထိုအခိုက်တွင် မြန်မာဟု ခေါ်သော အမျိုးသားများသည် မြန်မာနိုင်ငံ အတွင်းသို့ ၀င်လာစပြုကြလေသည် ။ ဤတစ်ကြိမ်တွင် လူဦးရေလည်းများ၍ တစ်စုတစ်ဝေးတည်း ၀င်လာခြင်းလည်း ဖြစ်ဟန်တူလေသည် ။ မြန်မာတို့သည် ကျောက်ဆည်ခရိုင် တည်ရှိရာဒေသတွင် ရှေးဦးစွာ စခန်းချ နေထိုင်ကြလေသည် ။ ထိုဒေသတွင် ဇော်ဂျီမြစ် ၊ ပန်းလောင်းမြစ် ၊ စမုံမြစ်တို့ စီးဆင်းလျှက်ရှိရာ  ဆန်စပါး စသော ကောက်ပဲသီးနှံအမြောက်အများ စိုက်ကြလေသည် ။ ထိုဒေသတွင် ပျူ အချို့တို့ နှင့်၎င်း ၊ မွန်အချို့ တို့နှင့်၎င်း တွေ့ကြသဖြင့် ဗုဒ္ဓဘာသာတရားကို  ထိုသူ တို့ထံမှ ကြားနာခွင့်ရကြလေသည် ။ ကာလ ကြာမြင့်သော် ပျူ ၊ မွန် ၊မြန်မာ တို့စည်းလုံးမိ၍ ပုဂံပြည်ကို တည်ထောင်လေသည် ။ အချို့လည်း ချင်းတောင် ၊ ရခိုင်ရိုးမ တောင် တို့ကို ကျော်၍ ရခိုင်တိုင်းမြောက်ပိုင်း အရပ်တွင် ဝေသာလီပြည်ကို တည်ထောင် နေထိုင်လေသည် ။
ပုဂံပြည်
ပုဂံ ရွှေမြို့တော်ကို သက္ကရာဇ် ၈၄၉ ခုနှစ်တွင်  ပျဉ်ပြားမင်း တည် လေသည်  ။ ထိုမင်းတည်ဆောက်ခဲ့သော အုတ်မြို့ရိုးရှိ သရပါ မြိုကတံခါးသည် ယခုတိုင် တည်လျှက်ရှိလေသည် ။ ပုဂံပြည် ကို တည်စအခါကသော် ပုဂံပြည်၏ အကျယ်အ၀န်းသည်  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ဝိုက်လောက်သာ ဖြစ်လေသည် ။ ထိုဒေသ တ၀ိုက်တွင် ပျူ ၊မွန် ၊ မြန်မာ ၊ ချင်း ၊ ကရင် ၊ရှမ်း  အစရှိသည်တို့ ပါဝင်သော ပုဂံသားတို့သည်  ကောက်ပဲသီးနှံစိုက်ပျိုး ၍ နေ ထိုင်စားသောက်ကြလေသည် ။ ဗုဒ္ဓဘာသာ အပြင် နတ်ကို ၎င်း၊ နဂါးကို ၎င်း၊ အရည်းကြီးများကို ၎င်း ကိုးကွယ်ကြလေသည် ။
အနော်ရထာ  နှင့် ရှင်အရဟံ
အနော်ရထာမင်းကြီး (၁၀၄၄ -၁၀၇၇) လက်ထက်သို့ရောက်သောအခါ ၊ ထိုမင်းနှင့် ရှင် အရဟံ တို့ အားထုတ်မှု့ကြောင့် ပုဂံပြည်သည် စည်းလုံးလာသည် ။ ယခုခေတ် ပြည်ထောင်စု  မြန်မာနိုင်ငံ နီးပါးလောက် ကျယ်ဝန်းလာ၍ အင်အား တောင့်တင်း လာလေသည် ။ ရှေးဦးစွာ မွန်တို့၏သထုံမြို့သည် ပုဂံဟုခေါ်သော မြန်မာနိုင်ငံ၏ ပင်လယ် သင်္ဘောဆိပ်မြို့ကြီး  ဖြစ်လာလေသည် ။ နတ် ကိုးကွယ်မှု့ ၊ နဂါးကိုးကွယ်မှု့ ၊ အရည်းကြီး ကိုးကွယ်မှု့တို့ ညှိုးမှိန်၍ ဗုဒ္ဓသာသနာသည် တစ်နိုင်ငံလုံးထွန်းကားလာလေသည် ။ အိန္ဒိယနှင့် တိုက်ရိုက် အဆက်အဆံရှိ ၍ယဉ်ကျေးမှု့ တိုးတက်လာလေသည် ။ အနော်ရထာမင်း လက်ထက်တွင် သီဟိုဠ် နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံ အဖြစ်ဖြင့် သီဟိုဠ် အား အကူအညီ ပေးနိုင်ခဲ့လေသည် ။ ယခုတိုင် ကျော်စောလျှက်ရှိသော ရွှေစည်းခုံ စေတီတော်ကြီးကိုလည်း တည်ခဲ့လေသည် ။ စပါး ၊ ဆန်ရေ ၊ ပေါပေါများများ  စိုက်နိုင်အောင် ကျောက်ဆည်ခရိုင်ရှိ ဆည်မြောင်းများကို ပြုပြင်ခဲ့လေသည် ။ ဤ သို့ဖြင့် ယခုခေတ် မွန်၊ မြန်မာ၊ ရခိုင် ၊ ချင်း ၊ ကရင် ၊ ရှမ်း အစရှိသော ပြည်ထောင်စုသားများ၏ ဘိုးဘွား ဘီဘင်တို့သည်  အနော်ရထာမင်းကြီးလက်ထက်မှစ၍ ပုဂံဟုခေါ်သော မြန်မာနိုင်ငံ၏ စည်းလုံးမှု့ ၊ယဉ်ကျေးမှု့၊ကမ္ဘာ့ရေးရာ ပါဝင်ကူညီမှု့တို့သည်  ကျွန်ုပ်တို့၏ မွန်မြတ်သော အမွေ အနှစ်တို့ပင် ဖြစ်ပေသည် ။
ကျန်စစ်သား နှင့် ရှင် အရဟံ
အနော်ရထာမင်းကြီး လွန်သောအခါ သားတော် စောလူးမင်းနန်းတက်လေသည် ။ ထိုမင်းသည် အအုပ် အချုပ် အထိန်းအသိမ်း ၌ မလိမ္မာသဖြင့် ဥဿပဲခူးမြို့စား ငရမန်ကာန်း ပုန်ကန်လေသည် ။ စောလူးမင်းသည် ငရမန်ကာန်း သူပုန်ကို တွန်းလှန်ခြင်းမပြုနိုင်ရှိလေသည် ။ နောက်ဆုံးတွင် စောလူးမင်းကွပ်မျက်ခြင်း ခံရလေသည် ။စောလူးမင်းမရှိသောအခါ အနော်ရထာမင်း၏ သားတော်တစ်ပါးဖြစ်သော ကျန်စစ်သား သည် ပုဂံစစ်သည် တို့ကို စုရုံး၍ သူပုန်ရန်ကို နှိမ်နှင်းရာ အောင်မြင်လေသည် ။ ကျန်စစ်သားမင်း သည် (၁၀၈၄ -၁၁၁၃) လက်ရုံးရည်ကို သုံးသောရန်သူကို လက်ရုံးရည်ဖြင့်ပင် နှိမ်နင်းအောင်မြင်ခဲ့လေသည် ။ သို့ရာတွင် အောင်မြင်မှု့ကိုရပြီးသည်နှင့် တစ်ပြိုင်နက် လက်ရုံးရည်ကို မသုံးတော့ပဲ နှလုံးရည်ကိုသာ သုံးလေတော့သည် ။ ထိုမင်းသည် ပြည်တွင်း ဆူပူ သောင်းကျန်းမှု့များကြောင်း သားတကွဲ ၊ မယားတကွဲ ဖြစ်ရခြင်း ၊သေကြေပျက်စီးကြရခြင်း ၊ ဆန်ရေစပါးရှားပါးရခြင်း ၊ သာသနာတော် ဆုတ်ယုတ်ရခြင်းတို့အတွက် အလွန်ကြေကွဲတော်မူလေသည် ။ ထို့ကြောင့် ရှင်အရဟံ နှင့် တိုပင်၍ မြန်မာနိုင်ငံတော် ၏ ပြန်လည်ထူထောင်ရေး ကိစ္စတို့ကို ဆောင်ရွက်လေသည် ။ သားတကွဲ ၊မယားတကွဲ ဖြစ်ခဲ့ကြသောသူများအား ပြန်လည်ဆုံတွေ့နိုင်ကြအောင် ဆောင်ရွက်ပေးသည် ။ အစားအစာမရှိသောသူတို့အား  ဆန်စပါး သီးနှံထောက်ပံ့သည် ။ အ၀တ်ပုဆိုးရှားပါး သူတို့အား အ၀တ်ပုဆိုးပေးကမ်းသည် ။ အုပ်ချုပ်ရေးတွင် မြန်မာများသာမက  ပျူ မွန် တို့သည်လည်း ၀င်ရောက်ဆောင်ရွက်ကြလေသည် ။ အချို့ အချို့ သော တိုင်းသူပြည်သား များ၏ ဆန္ဒကို လိုက်လျောသော သဘောဖြင့် နတ်ကိုးကွယ်မှု့ ၊နဂါးကိုးကွယ် မှု့တို့ကို ခွင့်ပြုလေသည် ။ မွန် အနုပညာ ၊ပျူအနုပညာ ၊မြန်မာ အနုပညာတို့ကို၎င်း ခွင့်ပြုချီးမြှင့်လေသည် ။
တဖန် ပြည်တွင်းသောင်းကျန်းမှု့ကြောင့် လွင့်ပါးပျက်စီးကြသော ပိဋကတ်တော်များကို ပြန်လည်စုဆောင်း၍ အမှန်အကန်သို့ ရောက်အောင် ပြန်လည်တည်းဖြတ်စေလေသည် ။ တိုင်းသူပြည်သားများမွန်မြတ်သော ကိုယ်နှုတ်နှလု့းသုံးတက်အောင်  ဗုဒ္ဓဘာသာစာပေကို သင်ကြားလေ့လာစေသလေသည် ။ရတနာ သုံးပါး၌ ကြည်ညိုခြင်းရှိလာကြအောင် ခမည်းတော် အနော်ရထာ တည်ထားတော်မူခဲ့ သောရွှေစည်းခုံ စေတီတော်ကို ဆက်လက်၍တည်တော်မူလေသည် ။ ထို့အပြင် ကမ္ဘာပေါ်၌ အသပ္ပာယ်ဆုံး တစ်ဆူဖြစ်သော အာနန္ဒာဂူဘုရားကိုလည်း တည်တော်မူခဲ့သည် ။ ထိုမင်းလက်ထက်မှ စ၍ ပုဂံနိုင်ငံသား အမြောက်အမြားတို့သည် ဗုဒ္ဓသာသနာ၌ ယုံကြည်လာကြ၍ စေတီ ၊ ဂူ ၊ဘုရားကျောင်းကန် အမြောက်အမြားကို ဆောက်လုပ်လှုဒါန်းကြလေတော့သည် ။ ထိုသို့ဆောက်လုပ်လှုဒါန်းကြသည်နှင့်အမျှ  ဗုဒ္ဓဘာသာ အနုပညာများဖြစ်ကြသော ဗိသုကာ ၊ပန်းချီ ၊ပန်းပု ၊ပန်းတော့ ၊ပန်းတမော့ ပညာများလည်းထွန်းကားလာကြလေသည် ။ ပေရွက်ပေါ်၌၎င်း ကျောက်ပြားပေါ်၌၎င်း ရှေးဦးစွာ ပျူစာ ၊မွန်စာ  ထို့နောက် မြန်မာစာ တို့ကို ရေးသားခြင်းလည်း ထွန်းကားလာလေသည် ။အချို့သော စေတီ ၊ ဂူ ဘုရားများနှင့်ကျောက်စာတို့ကို ပုဂံမြို့ဟောင်း၌ ယခုတိုင် ဖူးမြင်နိုင်လေသည် ။ ထိုစေတီ ဂူဘုရားများနှင့်တကွ ၊ ပုဂံအနုပညာ ၊ ပုဂံကျောက်စာတို့သည် ယခုခေတ် ပြည်ထောင်စုသားများ၏ ပုဂံခေတ် ဘိုးဘွားဘီဘင်တို့၌ စည်းလုံးမှု့ အင်အားတောင့်တင်းမှု့၊ ယဉ်ကျေးမှု့တို့ မားမားမတ်မတ် တည်ရှိခဲ့ကြောင်း သက်သေဖြစ်လေသည် ။ ထိုစေတီ ဂူ ဘုရား အနုပညာ ကျောက်စာတို့သည်လည်း ကျွန်ုပ်တို့ ပြည်ထောင်စုသားများ ၏မွန်မြတတ်သော အမွေအနှစ်တို့ပင် ဖြစ်လေသည် ။ ကျန်စစ်သားမင်းကြီး လက်ထက်၌ ပင် တရုတ် ( စိနပြည် ( ၀ါ ) စိန့်ပြည်) သို့ သံစေလွှတ်၍ မဟမိတ်ဖွဲ့လေသည် ။ ထိုသို့ မဟာ မိတ်ဖွဲ့သဖြင့် ပုဂံပြည်ကြီးသည် နှစ်ပေါင်း ၂၀၀ ပါးခန့် တရုတ်ပြည်နှင့် အကြည်အသာ ရောင်းဝယ်ဆက်ဆံ၍ ငြိမ်းချမ်းခဲ့လေသည် ။
နှစ်ပေါင်း ၂၀၀ လွန်သော်
ကျန်စစ်သားမင်းကြီး လွန်တော်မူသည့်နောက် ဆက်ခံကြသော ပုဂံမင်းများနှင့် ပုဂံ ပြည်သူပြည်သားတို့သည် အနော်ရထာမင်းကြီး နှင့် ကျန်စစ်သားမင်းကြီးတို့ အုတ်မြစ်ချခဲ့သော ဘာသာ သာသနာ  ယဉ်ကျေးမှု့ အုပ်ချုပ်ရေးမျှတမှု့ စည်းလုံးမှု့တို့ကို အခြေပြုလျှက် မြန်မာနိုင်ငံ တစ်ဝန်းလုံးကို နှစ်ပေါင်း ၂၀၀ နီးပါးခန့် ငြိမ်းချမ်းသာယာအောင် စီမံခန့်ခွဲ၍ သိုက်သိုက်ဝန်းဝန်း နေထိုင်လာခဲ့ကြလေသည် ။ သို့ရာတွင် ကမ္ဘာသက္ကရာဇ် ၁၂၅၀ ပြည့်လောက်၌ အာရှ အလယ်ပိုင်းမှ စ၍ စစ်မီးတောက်လာလေတော့သည် ။ ထိုစစ်မီးကို မွန်ဂို တာတာ ( တရုတ်) လူမျိုးကစ၍ မွှေးလေသည် ။ ထိုမွန်ဂို တာတာ စစ်သည်တို့သည် မြင်းစီးအရာ၌၎င်း ၊လေးမြားအတက်၌၎င်း ကျွမ်းကျင်ကြလေသည် ။ အာရှ အလယ်ပိုင်း ၊ အနောက်ပိုင်း၊အရှေ့ပိုင်းတို့ကို တိုက်ခိုက်အောင် မြင်ကြသည် ။ ဥရောပ အရှေ့ပိုင်းကို ပင် အောင်မြင်ခဲ့လေသည် ။  ပုဂံပြည်၌ နရသီဟပတေ့မင်း ( ၁၂၅၄ -၁၂၈၇ ) စိုးစံနေစဉ်တွင် မွန်ဂိုတာတာတို့၏ ဘုရင် ကုဗလေခန်မင်းကြီးသည်  တရုတ်  (စိနပြည် ( ၀ါ) စိန့်ပြည် ) ပြည်အလုံးကို  သိမ်းကျူံးအောင်မြင်လေသည် ။ ထို့နောက် ကူဗလေခန် မင်းကြီးသည် ၁၂၇၁ မှစ၍ တာတာ  (တရုတ်) စစ်သည်တို့ကို ပုဂံသို့ လွှတ်လေသည် ။ ၁၂၈၇ ခုနှစ်တွင် မြောက်ဘက်နယ်စပ်၌  တာ တာ (တရုတ် ) စစ်သည်တို့ကို ပုဂံစစ်သည်တို့ က မခုခံနိုင်သည်မှ စ ၍ အထိတ်တလန့်ဖြစ်ကာ ပုဂံပြည် ပျက်သွားလေတော့သည် ။
မွန် ၊ ရှမ်း ၊ မြန်မာ တို့၏ အရေးသစ်
ပုဂံပြည် ပျက်သောအခါ နိုင်ငံတော် ကစဥ့်ကလျားဖြစ်လေသည် ။ အောက်အရပ်ဒေသ ၌ ရှိသော ပဲခူး ၊ ဒလ ပြည်တို့၌ ၎င်း ၊ရခိုင်ဘက်၌၎င်း သူတစ်လူ ငါတစ်မင်း မင်းမူကြလေတော့သည် ။ ထိုအခါတွင် ပုဂံနိုင်ငံ အတွင်း၌ မွေးဖွားကြီးပြင်း၍ ပုဂံပြည်၌ ပညာတက်မြောက်ခဲ့သော အသင်္ခယာ ၊ ရာဇသင်္ကြန် ၊ သီဟသူ ရှမ်းညီနောင်တို့သည် ပုဂံမင်း၏ မှူုးမတ်များပီသစွာ တာ တာ တို့ နောက်ထပ် တိုက်ခိုက်လာသည် ကို တွန်းလှန်နိုင်ကြလေသည် ။ နောင်အခါ ထိုညီနောင်တို့သည် အညာဒေသတွင် နိုင်ငံ ငြိမ်ချမ်းအောင် ဆောင်ရွက်နိုင်၍ ကျောက်ဆည်ခရိုင်၌ မြင်စိုင်းမြို့  ၊ မက္ခရာမြို့ ၊  ပင်လယ်မြို့တို့ကို တည်ကြလေသည် ။ ထို့နောက် ဆက်ခံကြသော မင်းများသည် ပင်းယမြို့ ၊ အင်းဝမြို့ ၊စစ်ကိုင်းမြို့  တို့ကို တည်ကြပြန်လေသည် ။  အကြေဒေသတွင် မွန်တို့သည် ပဲခူးမြို့ကို ပြ၍နေထိုင်ကြလေသည် ။ ဝါရီယူမင်းဆက်တွင် ရာဇာဓိရာဇ်မင်း ၊ ဘုရင်မကြီးရှင်စောပု ၊ ဓမ္မစေတီမင်းတို့ သည် ထင်ရှားကျော်စောသည် ။ ထိုမင်းများ လက်ထက်တွင် အညာ နှင့် အကြေ အဆက်အဆံများလေသည် ။ တစ်ဖန် ရခိုင်ဘက်တွင်လည်း လောင်းကြက်မြို့ ၊ ထို့နောက် မြောက်ဦးမြို့များကို  တည်ထောင်ကြလေသည် ။ မွန် ၊ မြန်မာ ၊ ရှမ်းတို့ နှင့် အဆက်အဆံ အမြဲရှိသည် ။တစ်ခါတစ်ရံ ဘင်္ဂလားမင်း၏အနှောင့်အယှက်ကို ခံရသည် ။နောင်အခါ အနောက်ဥရောပသားများဖြစ်ကြသော ပေါ်တူဂီ တို့ ၏ အနှောင့်အယှက်ကို ခံရလေသည်။
ထူးခြားချက် သုံးခု
ဤသို့ဖြင့် အညာဒေသတွင် အင်းဝမြို့၌၎င်း၊ အကြေဒေသတွင်  ဟံသာဝတီပဲခူးမြို့၌၎င်း ၊ရခိုင်ဘက်တွင် မြောက်ဦးမြို့၌၎င်း ၊မွန်၊ မြန်မာ ၊ရခိုင် ၊ ရှမ်း တို့သည် ပုဂံပျက်သော ၁၂၈၇- ခုနှစ် မှ ၁၅၃၁ -ခုနှစ်အထိ နှစ်ပေါင်း ၂၅၀ နီးပါးမျှ ထီးနန်းပြိုင်ပြု၍နေကြလေသည်။ထို နှစ်ပေါင်း ၂၅၀ နီးပါးကြာမြင့်သောကာလအတွင်း ထူးခြားသော အချက် သုံးချက်ကို သိမြင်နိင်လေသည် ။ တစ်ချက်မှာ မြောက်ဘက်မှ ရှမ်း အမျိုးသား အမြောက်အမြားပင်လျှင် မွန်ဂို တာ တာ တို့ရန်ကြောင့် မြန်မာနိုင်ငံ အညာဒေသ ၊ အကြေဒေသ တို့ကို အနှံ့အပြားဝင်လာနေထိုင်ကြခြင်းဖြစ်လေသည် ။ အချို့လည်း အရှေ့ဘက် တောင်တန်းဒေသများ၌သာ နေထိုင်ကြလေသည် ။ အခြားတစ်ချက်မှာ ဗုဒ္ဓသာသနာတော်နှင့် ပုဂံယဉ်ကျေးမှု့တို့သည်  အညာ ၊အကြေ နှင့် ရခိုင်တို့တွင် ဆက်လက်ပျံ့နှုံ့ခြင်းဖြစ်လေသည် ။ ကျန်တစ်ချက်မှာ အင်းဝထီးနန်း ၊မြောက်ဦး ထီးနန်းတို့တွင် ဧချင်း ၊ မော်ကွန်း ၊ ပျို့ ၊ ရတု စသော မြန်မာစာပေ ထွန်းကားလာခြင်းဖြစ်လေသည် ။ အင်ဒ၀တွင် ရှင်ဥတ္တမကျော် ၊ ရှင်မဟာသီလ၀ံသ ၊  ရှင်ရဋ္ဌသာရ တို့သည်၎င်း ၊မြောက်ဦးတွင် အဒူးမင်းညိုသည် ၎င်း ထင်ရှားကျော်စောသော စာဆိုကြီးများဖြစ်ကြလေသည် ။
မြန်မာနိုင်ငံ ၏ အင်အားသစ်
သက္ကရာဇ် - ၁၅၅၀ လောက်သို့ ရောက်သောအခါ မြန်မာနိုင်ငံတွင် ထီးပြိုင် နန်းပြိုင်များရှိကြသဖြင့် အင်အားနုံ့နေသော နိုင်ငံတော် အခြေအနေသည် ဒုတိယအကြိမ်စည်းလုံးနိုင်၍ အင်အား ပြန်ကောင်းလာသော အခြေအနေသို့ တစ်စတစ်စ ပြောင်းလာလေသည် ။ ၁၅၃၀ ပြည့်နှစ်လောက်တွင် ကရင်  ၊မြန်မာ အမြောက်အမြား နေထိုင်ကြသော ကယားပြည်နယ် အပါအ၀င် အထက်စစ်တောင်းမြစ်ဝှမ်းဒေသ၌ ခေါင်းဆောင်ကောင်းများပေါ်ထွက်လာကြလေသည် ။ ထိုပုဂ္ဂိုလ်တို့ မှာ မင်းကြီးညို ၊ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့ ဖြစ်လေသည် ။ ရှေးဦးစွာ ကေတုမတီ တောင်ငူမြို့ကို တည်၍ နိုင်ငံတော် စည်းလုံးရေးကို စတင်ဆောင်ရွက်လာရာ ဘုရင့်နောင်မင်းကြီးလက်ထက်၌ အောင်မြင်လေသည် ။
ဘုရင့်နောင်မင်း ( ၁၅၅၁- ၁၅၈၁ )
ထိုမင်းလက်ထက်တွင် အင်းဝ ၊ ပြည် ၊ တောင်ငူ၊ဟံသာဝတီ ဟူ၍ ထီးပြိုင် နန်းပြိုင် မရှိတော့ချေ ။ တစ်အုပ်တစ်ချုပ်အောက်တွင် ပြန်လည်စည်းလုံးမိ၍ အင်သစ်အားသစ်ရလာလေသည် ။ ထိုမျှသာမကသေး သက္ကရာဇ် -၁၁၀၀လောက်မှစ၍ တစ်စတစ်စ ၀င်လာနေထိုင်ကြသော ကချင်အမျိုးသားများသည်လည်း မြောက်ဘက်တစ်လွှားတွင် အမြောက်အမြားတစ်စုတစ်ဝေးတည်းရှိနေကြပြီဖြစ်ရာ လူအင်အား တိုးလာပြန်လေသည် ။ ဘုရင့်နောင်မင်းနှင့် မှုးမတ်တို့သည် စစ်ကို လိုလားမိသဖြင့် ဇင်းမယ် ၊ ယိုးဒယား တို့ကို တိုက်ရာ အောင်မြင်မှု့ကိုရလေသည် ။ သို့ရာတွင် ထိုအောင်မြင်မှု့သည် ယာယီမျှသာဖြစ်၍ အရေးကြီးလှသည် မဟုတ်ချေ ။ အရေးကြီးသောအချက်မှာ ထိုပြန်လည်စည်းလုံးမှု့ရရှိလာသောကြောင့် အရှေ့ဘက် တစ်လွှားသို့ နယ်ချဲ့လာသော ဥရောပတိုက်သား ပေါ်တူဂီ တို့ရုတ်တရက် ချဥ်းကပ်ခြင်းမပြုနိုင်ခြင်းပင် ဖြစ်လေသည် ။ ဘုရင့်နောင်လက်ထက်တွင် ပြည်သူတို့ အကျိုးငှာ နိုင်ငံတော်အတွင်း တရားစီရင်ရာ၌ တရားမျှတမှုရှိအောင် ဓမ္မသတ်ကျမ်းများ ပြဋ္ဌာန်းခြင်း ၊ ကုန်ရောင်းကုန်ဝယ်ပြုရာ၌ အငြင်းပါားမှု့မရှိအောင် အလေးတင်းတောင်းသတ်မှတ်ခြင်း ၊ရှမ်း တောင်တန်း ဒေသများ၌ ဗုဒ္ဒသာသနာတော် ပွင့်လင်းအောင် ဆောင်ရွက်ခြင်း ၊ မြန်မာနိုင်ငံအတွင်း၌ ဆိတ် ၊ နွား စသည့် တိရစ္ဆာန်တို့ ၏ အသွေးအသားဖြင့် ယဇ်ပူဇော်သော အလေ့ဆိုးကို ဖျက်သိမ်းခြင်း ၊နိုင်ငံခြားရေးရာတွင် အထူးသဖြင့် သီဟိုဠ်ကျွန်းနှင့် အကြည်အသာ ဆက်ဆံခြင်းတို့ကိုပြုခဲ့သည် ဖြစ်ရာ ပုဂံခေတ်မှ  သက်ဆင်းလာသော ပုဂံယဉ်ကျေးမှု့သည် အားသစ်မာန်သစ်ရလာသည်ဟု  ဆိုနိုင်လေသည် ။
မြန်မာနိုင်ငံ နှင့် ဥရောပ
ကမ္ဘာသုံး သက္ကရာဇ် ၁၀၀လောက်မှ စ၍ တရုတ်နိုင်ငံမှ ပိုး ၊ဖဲ စသော ကုန်ပစ္စည်းတို့သည် ၎င်း ၊အင်ဒိုနီးရှားကျွန်းစုမှ  ငရုတ်ကောင်း ၊ ဇီယာ ၊ ကရဝေး စသော ဟင်းမွှေးအသီးအရွက် ကုန်ပစ္စည်းတို့သည်၎င်း အိန္ဒိယနိုင်ငံမှ  ရွှေထည် ၊ငွေထည် ၊ ပိတ်ကောင်း ၊ပိတ်ချော စသော ကုန်ပစ္စည်းများတို့သည်၎င်း အနောက်ဥရောပသို့ ရောက်ခဲ့ကြလေသည် ။ ထိုကုန်ပစ္စည်းတို့ကို အများအားဖြင့် အာရပ်ကုန်သည်ကြီးများက တရုတ် နိုင်ငံ ၊အင်ဒိုနီးရှားနိုင်ငံ ၊ အိန္ဒိယ နိုင်ငံတို့၌၀ယ်၍ ရွက်သင်္ဘောဖြင့် ဥရောပသို့ ယူသွားလေသည် ။ထိုအာရပ်ကုန်သည်ကြီးများသည် ထိုကုန်ပစ္စည်းအမြောက်အမြားကို ဥရောပ၌ ရောင်းချရာ အမြတ်အစွန်း အမြောက်အမြားရလေသည် ။ သက္ကရာဇ် ၁၅၀၀ လောက်သို့ ရောက်သောအခါ ဥရောပတိုက်ရှိ ပေါ်တူဂီနိုင်ငံမှ ကုန်သည်များသည် မိမိတို့ ကိုယ်ပိုင် ရွက်သင်္ဘောများဖြင့် မိမိတို့ကိုယ်တိုင် ပင်လယ်ခရီးသို့သွား၍ အရောင်းအ၀ယ်ပြုလိုကြလေသည် ။ သို့ရာတွင် အာရပ်ကုန်သည်များသည် အနှောင့်အယှက်ပေးလေ့ရှိသဖြင့် အာရက်သင်္ဘောများသွားလာသော လမ်းသို့ မလာရဲဘဲ လမ်းသစ်ကို ရှာလေသည် ၁၄၉၈ -- ခုနှစ်တွင် ပေါ်တူဂီနိုင်ငံသား ဗတ်စကိုဒဂါးမား သည် အာဖရိက တိုက် တောင်ပိုင်းကို ပတ်၍ အိန္ဒိယနိုင်ငံသို့ရောက်အောင် လာနိုင်လေသည် ။ ထိုအခါမျစ၍ ပေါ်တူဂီ ရွက်သင်္ဘော အမြောက်အမြားရောက်လာ၍ အာရပ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးလေသည် ။ မိမိတို့ ကိုယ်တိုင်လည်း အာရှတိုက်နိုင်ငံများနှင့် တိုက်ရိုက် အရောင်းအ၀ယ်ပြုလေသည် ။ ထိုသို့အရောင်းအ၀ယ်ပြုရာမှ အစပြု၍ နယ်ချဲ့စိတ်များဖြစ်ပေါ်လာကာ အီရန် ( ပါရှား ) နိုင်ငံတွင် အိုမာဇ မြို့ကို၎င်း ၊အိန္ဒိယနိုင်ငံတွင် ဂိုဝါမြို့ကို၎င်း ၊ပသျှုးကျွန်းဆွယ်တွင်  မလ္လကာမြို့ကို၎င်း တိုက်ခိုက်သိမ်းယူလေသည် ။ ထို့နောက် ပေါ်တူဂီ နယ်ချဲ့တို့သည် ရခိုင်ကမ်းခြေသို့ရောက်လာ၍ အနှောင့်အယှက်ပေးလေ့ရှိသည် ။ သို့ရာတွင် ဟံသာဝတီ ဘုရင့်နောင်မင်းကြီးလက်ထက်တွင်  မြန်မာနိုင်ငံစည်းလုံး၍ အင်အားတောင့်တင်းနေသဖြင့် ထိုပေါ်တူဂီနယ်ချဲ့များသည် အနှောင့်အယှက်မပေးဝံ့ကြချေ ။ ဘုရင့်နောင် မင်းတရားကြီး၏ တပ်မတော်များ၌ အမြောက်သေနတ်သားများအဖြင့်သာ အမှု့ထမ်းကြသည်က များသည် ။
အနောက်ဘက်လွန်မင်းနှင့် ပေါ်တူဂီနယ်ချဲ့
ဘုရင့်နောင်မင်းတရားကြီးလွန်သောအခါ တိုင်းပြည် စည်းလုံးမှု့ ပျက်ပျားလာသည် ။ထိုအခါ ငဇင်္ကာ ခေါ် ဒီဗရစ်တို ခေါင်းဆောင်သော ပေါ်တူဂီ နယ်ချဲ့ အချို့သည် သန်လျင်မြို့ကို သိမ်းယူ၍  မုတ္တမ ၊ဟံသာဝတီ ၊ တောင်ငူ တို့ကိုပါ နောက်ထပ်သိမ်းယူရန် ကြံရွယ်လျှက်နေလေသည် ။ ထိုအခါ ဘုရင့်နောင်မင်းတရားကြီး၏ မြေးတော်ဖြစ်သော မဟာဓမ္မရာဇာ အနောက်ဘက်လွန်မင်း ( ၁၆၀၅ -၁၆၂၈ ) သည် အင်းဝမျ အလုံးအရင်းနှင့် ချီလာ၍ သန်လျင် ကို ပေါ်တူဂီ နယ်ချဲ့ ဒီဗရစ် တို့ ၏ လက်မှ ပြန်သိမ်းရလေသည် ။ ထိုမျှသာမကသေး ပေါ်တူဂီ နယ်ချဲ့၏ ရန်ကို အပြီးအပိုင် သုတ်သင် လိုက်ရလေသည် ။ထိုအခါမှ စ၍ မြန်မာနိုင်ငံသည် ပေါ်တူဂီ နယ်ချဲ့ရန်မှ လွတ်ကင်းသွားလေတော့သည် ။
ဒတ် (ခ်ျ) ၊အင်္ဂလိပ် ၊ ပြင်သစ်
ပေါ်တူဂီ  နယ်ချဲ့တို့သည် သက္ကရာဇ် -၁၆၀၀ကျော်လောက်မှစ၍ မြန်မာနိုင်ငံ၌သာမက အရှေ့ဘက်တစ်ခွင်၌လည်းအရေးနိမ့်လာလေသည် ။ အဘယ်ကြောင့်ဆိုသော် ဥရောပတိုက်ရှိ ဟော်လန် (ဒတ်ခ်ျ) နိုင်ငံမျာ ဒတ်(ခ်ျ) ကုန်သည်များတို့သည် အင်္ဂလန်နိုင်ငံ မှ အဂ်လိပ်ကုန်သည်များ တို့သည်လည်း မိမိတို့ကိုယ်ပိုင် ရွက်သင်္ဘောများဖြင့်လာ၍ ပေါ်တူဂီ တို့ နှင့် အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုနိုင်သောကြောင့် ဖြစ်လေသည် ။ ထို့ပြင် ထိုသို့ အရောင်းအ၀ယ်ပြုကြရင်း သူတို့အချင်းချင်းတိုက်ခိုက်သောကြောင့်လည်း ဖြစ်လေသည် ။ ပေါ်တူဂီ တို့ တန်ခိုးမှေးမှိန်သွားပြီးသည့်နောက် ဒတ်ခ်ျ ကုန်သည်နှင့် အင်္ဂလိပ်ကုန်သည်တို့ အပြင် ပြင်သစ်ကုန်သည်များလည်း မြန်မာနိုင်ငံသို့ ရောက်လာပြန်လေသည် ။ ထို ကုန်သည်အားလုံးပင်လျှင် မြန်မာ့ ကျွန်းသစ် ၊ ရေနံ တို့ကို လိုချင်ကြလေသည် ။ ကျွန်းသစ်နှင့် ရေနံတို့ကို လိုချင်ကြလေသည် ။ ကျွန်းသစ်နှင့် ရေနံကို ရွက်သင်္ဘောများ တည်ရာ ပြင်ဆင်ရာတို့တွင် အသုံးပြုကြလေသည် ။ ထို့ကြောင့် မုတ္တမ မြို့ ၊ပဲခူးမြို့ ၊သန်လျှင်မြို့၊ ပုသိမ်မြို့၊ မြောက်ဦးမြို့ တို့၌ ကုန်တိုက်များဖွင့်လှစ်၍  အရောင်းအ၀ယ်ပြုကြလေသည် ။ ဒတ်ခ်ျ ကုန်သည်တို့သည် အင်းဝမြို့၌ပင်  ကုန်တိုက်များဖွင့်၍ အရောင်းအ၀ယ်ပြုကြလေသည် ။ ဒတ်ခ်ျ ကုန်သည် တို့သည် အင်းဝ မြို့၌ ပင် ကိုယ်တိုင် ဖွင့်နိုင်လေသည် ။ သို့ရာတွင် နောင်အခါ၌ ရုပ်သိမ်းသွားလေသည် ။
ဦးအောင်ဇေယျ နှင့် ဦးအောင်လှ
သက္ကရာဇ် -၁၇၅၀ လွန်သော်အခါ မဟာဓမ္မရာဇာဓိပတိ မင်းလက်ထက်၌ တိုင်းပြည်မငြိမ်မသက်ဖြစ်လာလေသည် ။  အညာတွင် မဏိပူရကလည်း စစ်သည်တို့သည် အခါအခွင့်ရတိုင်း နိုင်ငံတော်အတွင်းချင်းနင်းဝင်းရောက်၍ လုယက်ဖျက်ဆီးလေ့ရှိလေသည် ။ အကြေတွင် ဟံသာဝတီရှိမြို့ဝန်သည် အင်းဝထီးနန်းကို လိုချင်သဖြင့် ပုန်ကန်လေသည် ။ မဟာရာဇာဓိပတိ မင်းသည်ကလည်း စစ်သည်တို့၏ ရန်ကိုလည်း အပြီးအပိုင် မတားဆီးနိုင် ။ ဟံသာဝတီ က သူပုန်ရန်ကိုလည်း မနှမ်နင်းနိုင် ဖြစ်လာ၍ နောက်ဆုံးတွင် အထက်အညာ ၀မ်းဘဲ အင်းစံရွာသား ဆင်ဝန်ဟောင်း ဦးအောင်လှသည် ဗညားဒလဘွဲ့ခံပြီးလျှင် အင်းဝသို့ချီ တက်သိမ်းပိုက်လေသည် ။ မဟာဓမ္မရာဇာဓိပတိ ကိုလည်း ကွတ်မျက် လိုက်လေသည် ။ ထိုအခါ မုဆိုးဘိုမြို့မှ ဦးအောင်ဇေယျသည် ဦးအောင်လှ၏သစ္စာကို မခံလိုသဖြင့် ဦးအောင်လှ၏ တပ်များကို ခံတိုက်၍ အင်းဝ ကိုပြန်သိမ်းလေသည် ။  အလောင်းမင်းဘွဲ့ခံကာ  မင်း အဖြစ်ကို ယူလိုက်လေသည် ။ ထို့နောက် ဧရာဝတီမြစ်ကို ဆန်၍ ဦးအောင်လှတပ်တို့ကို လိုက်တိုက်ရာ ရန်ကုန်မြို့အထိ အောင်မြင်လေသည် ။ သို့ရာတွင် ပုသိမ် ၊သန်လျင် ၊ ဟံသာဝတီ ၊မုတ္တမ တို့ကား ဦးအောင်လှ ၏ နယ်အတွင်း ၌ပင် ရှိလေသေးသည် ။ အင်းဝထီးနန်းရလိုမှု့အတွက် ဦးအောင်ဇေယျ (၀ါ) အလောင်းမင်းတရား နှင့် ဦးအောင်လှ ( ၀ါ ) ဗညားဒလ တို့သည်  ထိုသို့ အကြိတ်အနယ် တိုက်ခိုက်နေကြစဉ်တွင်  အိန္ဒိယ ၌ အပြိုင်အဆိုင် နယ်ချဲ့နေကြသော အင်္ဂလိပ် နှင့် ပြင်သစ်တို့သည် မြန်မာနိုင်ငံတွင် လည်း ထို အတိုင်းပင်လျှင် အပြိုင်အဆိုင် နယ်ချဲ့စ ပြုလာလေပြီ ။ ထိုနယ်ချဲ့ တို့သည် အရောင်းအ၀ယ် အခွင့်အရေး ၊အခြေခံ စခန်း အခွင့်အရေး ၊ သြဇာအာဏာ အခွင့်အရေးတို့အတွက် အညာတစ်ခွင်တွင် ထိုအခါက အောင်မြင်မှု့ရနေဆဲဖြစ်သော ဗညားဒလအား ရှေးဦစွာ သေနတ် အမြောက်စသော လက်နက် အထောက်အပံ့ကို အပြိုင်အဆိုင်ပေးကြလေသည် ။ သို့ရာတွင် အလောင်းမင်းတရားဘက်မှ အနိုင်ရရပုံပေါ်တော့မည့် အရိပ်အရောင်မြင်လာသောအခါ အင်္ဂလိပ်တို့သည် အလောင်းမင်းတရား ဘက်သို့ ကူးပြောင်း၍ အလောင်းမင်းတရားသို့သာလျှင် လက်နက် အထောက်အပံ့ပေးလေတော့သည် ။ ပြင်သစ်တို့ မှာကား ဗညား ဒလ သို့ပင် လက်နက်အထောက်အပံ့ ပေးမြဲ ပေးလေသည် ။ ဤသို့ဖြင့် အမြောက်အမြား သေကျေ ပျက်စီးကြရပြီးသည့်နောက် နောက်ဆုံးတွင် လူအင်အား ကောင်းလှ သော အလောင်းမင်းတရားသည် မြန်မာနိုင်ငံ အားလုံးကို အောင်မြင်၍ လက်နက် လက်ရုံးဖြင့်ပင် အညာ အကြေ အရပ်တို့ကို စုစည်းပေးခဲ့ရလေသည် ။
ကုန်းဘောင်ဆက်မင်းတို့ ၏ အင်အား
အလောင်းမင်းတရား ( ၁၇၅၂ - ၆၀ ) သည် ပထမ ကုန်းဘောင်မင်းဆက်ဖြစ်လေသည် ။  ထိုမင်းမှ ဆင်းသက်၍ ဘိုးတော်မင်းတရား ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်အထိ  မြန်မာနိုင်ငံ၏ အင်အားသည် ကြီးမားသည်ထက် ကြီးမားလာ၍ မင်းတို့ ၏ ၀ါဒ သည်လည်း တိုက်ခိုက်သိမ်းပိုက်ချင်သော နယ်ချဲ့ဝါဒ ဖြစ်လာသည်ဟု ဆိုသင့်လေသည် ။  ရှေးဦးစွာ ယိုးဒယား ကို အောင်သည်။ ထို့နောက် တရုပ်ပြည် ကို စိုးမိုးလျက်နေကြသော မန်ချုးမင်း ၏ စစ်သည်တို့ ထိပါးလာသည် ကိုတွန်းလှန် နိုင်သည် ။ ထို့နောက် မဏိပူရ နှင့် အာသံပြည် တို့ကို အောင်ပြန်လေသည် ။ ထို့နောက် ရခိုင်ပြည်တွင် လက်ရှိမင်းကို ရခိုင်မှုးမတ် အချို့  မနှစ်သက် သည်မှ စ၍ နောက်ဆုံး၌ မင်းကို ထီး နန်းမှ ချပြီးနောက် ရခိုင် ပြည်ကို ပြည် မ၌ ထည့်သွင်းပူးပေါင်းလိုက်သည် ။ သို့ရာတွင် တိုက်ခိုက် သိမ်းပိုက်ချင်သော  ထို နယ်ချဲ့ဝါဒကြောင့်ပင်လျှင် အသေအကြေ အပျက်အစီးများ၍ နိုင်ငံအားအင်ဆုတ်ယုတ်လာ လေသည် ။ ယိုးဒယား တို့သည် မကြာမီအတွင်း၌ ပင် မြန်မာ စစ်သည် တို့ကို တော်လှန် တိုက်ခိုက် နိုင်၍ ရှေးကဲ့ သို့ လွတ်လပ်မြဲ လွတ်လပ်သွားလေသည် ။ အာသံ ၊မဏိပူရ ၊ ရခိုင်တို့ကို ရသဖြင့် အိန္ဒိယ နှင့် နယ်စပ်လာသည် ဖြစ်ရာ အိန္ဒိယ အခြေခံစခန်းမှ နေ၍ နယ်ချဲ့လိုသေးသော အင်္ဂလိပ်တို့နှင့် နောင်အခါတွင် ရန်စစ်ဖြစ်ကြရလေသည် ။ မန်ချုးမင်း ၏ စစ်သည်တို့ကို မြန်မာတို့ က တွန်းလှန်နိုင်ခဲ့ခြင်းသည်သာလျှင် မြန်မာနိုင်ငံအတွက် ကျေးဇူးအလွန်များခဲ့သည် ဟု ဆိုသင့်လေသည် ။ ဘိုးတော်မင်းတရား လွန်တော်မူ၍ ဘကြီးတော် မင်းတရား နန်းတက်လာသောအခါ၌လည်း တိုက်ခိုက် သိမ်းပိုက်ချင်သော ထို နယ်ချဲ့ဝါဒသည် မြန်မာ့ ထီးနန်းတွင် ခေတ်စားတုန်းပင်ဖြစ်လေသည် ။
ကမ္ဘာ နှင့် မြန်မာ
သက္ကရာဇ် ၁၈၀၀ မတိုင်မီကပင် ကမ္ဘာ့အခြေအနေသည်  ပြောင်းလဲနေလေသည် ။ အထူးသဖြင့် ဥရောပ တိုက်သားတို့ ၏ စိတ်နှင့် အပြုအမူတို့ ပြောင်းလဲနေလေသည် ။ နိုင်ငံအုပ်ချုပ်ရေးဘက်တွင် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို မလိုလားသော စိတ် ၊ တိုင်းသူပြည်သားများ ကိုယ်တိုင် လွတ်လွတ်လပ်လပ် တရားမျှတစွာ အုပ်ချုပ် လိုသောစိတ် တို့သည် ဖြစ်ပေါ်လာကြလေသည် ။ စီးပွားရေးဘက်တွင်လည်း ရေနွေးငွေ့အားနှင့် စက်ယန္တရား တို့ကို တီထွင်လာကြသည် ဖြစ်ရာ ချည်စက်ကြီးများကို တည်၍ အထည်အလိပ် အမြောက်အမြား ထုတ်လုပ် နိုင်လာသည် ။ မီးရထာှး နှင့် ပင်လယ်ကူး မီးသင်္ဘောကြီးများကို တည်၍ ကမ္ဘာကို ပတ်ကာ ခရီးသွားလာနိုင်လာသည် ။ ထိုအခါ ပိုလျှံသော အထည် လိပ်များ  ရောင်းချနိုင်ရာ ဖြစ်သည့် ဈေးကွက် ကိုရှာ၍ အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုရာမှစ၍ အာရှတိုက်တွင် နယ်ချဲ့ချင်သော စိတ်လည် ဖြစ်ပေါ်လာလေသည် ။ အပြိုင် အဆိုင် ဈေးကွက်ရှာ၍ အပြိုင် အဆိုင် အရောင်းအ၀ယ်ပြုကြသူများအနက် ဒတ် (ခ်ျ) ကုန်သည် ၊ အင်္ဂလိပ်ကုန်သည်၊ ပြင်သစ်ကုန်သည်တို့သည် အရှေ့ဘက်၌ ထင်ရှားသူများဖြစ်လေသည် ။ ဈေးကွက်ရှာရင်း အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုရင်း  ဒတ် (ခ်ျ ) ကုန်သည်စုသည် အင်ဒိုနီးရှား ကျွန်းစုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်လိုက်လေသည် ။ အင်္ဂလိပ်ကုန်သည် စုနှင့် ပြင်သစ် ကုန်သည်စုတို့သည် အိန္ဒိယတွင် စိတ်ဝမ်းကွဲနေကြသော မဟာရာဇာမင်းများ  ကို မြှောက်ပင့်ပေးရင်း အိန္ဒိယ နယ်မြေများအပေါ်၌ သြဇာအာဏာ လွှမ်းမိုးလာကြလေသည် ။ ထို့နောက် အင်္ဂလိပ်နှင့် ပြင်သစ် တို့ အချင်းချင်းတိုက်ခိုက်၍ ပြင်သစ်သြဇာခံ အိန္ဒိယ နယ်မြေများကို အင်္ဂလိပ်တို့က သိမ်းပိုက်လိုက်လေသည် ။ ထို့နောက် ဘင်္ဂလားနယ် ကို ထပ်သိမ်းပြန်သည် ။ ပြင်သစ်တို့သည် အိန္ဒိယမှ ထွက်ကြရသော်လည်း အခဲမကျေ ဖြစ်နေလေသည် ။ မြန်မာနိုင်ငံဘက်၌ အခြေစခန်းပြု၍ ထိုအခြေစခန်းမှ အင်္ဂလိပ်ကို ပြန်တိုက်နိုင်မည်ဆိုလျှင် တိုက်နိုင်လေသည် ။ အင်္ဂလိပ်တို့သည် ထိုအချက် ကို သိသည်ဖြစ်ရာ ပြင်သစ် ၏ ခြေလှမ်းကို မျက်ခြေမပျက် စောင့်ကြည့်နေလေသည် ။
မြန်မာ အင်္ဂလိပ် စစ်ပွဲ နှစ်ကြိမ်
ဘကြီးတော် ဘုရားလက်ထက်သို့ရောက်သောအခါ တိုက်ခိုက်သိမ်းပိုက်ချင်သော အင်္ဂလိပ်တို့ ၏ နယ်ချဲ့စိတ်သည် ၎င်း၊ ပြင်သစ်ကို မသင်္ကာနေသော စိတ်သည်၎င်း မြန်မာနိုင်ငံ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေလေသည် ။ တစ်ဖန် ကုန်းဘောင်မင်းဆက်များ သိမ်းပိုက်ထားသော အာသံ နှင့် မဏိပူရ အရေးအတွက်လည်းကောင်း မြန်မာမှုးမတ်အချို့၏ တက်ကြွနေသော စိတ်သည်လည်း ဖြစ်ပေါ်နေလေရာ နောက်ဆုံး၌ မြန်မာ အင်္ဂလိပ်တို့ စစ်ဖြစ်၍ အာသံ ၊မဏိပူရ ၊ ရခိုင် ၊ တနင်္သာရီ တို့ကို ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်က သိမ်းလေသည် ။ ထို့ နောက် ဆက်လက်၍ ၁၈၅၅ -- ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ကို မြေထဲတောင်ငူအထိ သိမ်းပြန်လေသည် ။
မင်းတုန်းမင်း ( ၁၈၅၃ -၇၈ )
မင်းတုန်းမင်းလက်ထက်သို့ ရောက်သောအခါ ရခိုင် ၊တနင်္သာရီ  ပါဝင်သော အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ပိုင်၍ မြေထဲတောင်ငူ မြောက်ဘက်မှ အထက်ပိုင်းကိုသာ မြန်မာမင်းပိုင်လေသည် ။ မင်းတုန်းမင်းသည် ကမ္ဘာရေးရာကို သိမြင်သော မင်းဖြစ်လေသည် ။ နိုင်ချင်ကြက်ကဲ့ သို့ ကျင့်ကြံသော ဥရောပ နယ်ချဲ့တို့၏ သဘောကိုလည်း ဆင်ခြင်မိဟန်တူလေသည် ။ သို့ရာတွင် အင်္ဂလိပ်တို့ နှင့် သင့်မြတ်အောင် ဆက်ဆံခဲ့ရာ မြန်မာပိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း  အစိတ်မျှ ငြိမ်းချမ်း၍ တိုးတက်မှု့ရှိလာလေသည် ။ ထိုနှစ်ပေါင်း အစိတ်အတွင်း၌ သာသနာရေးတွင် ပဉ္စမ သင်္ဂါယနာတင်ခဲ့လေသည် ။ ပညာရေးတွင် ပညာတော်သင်များကို ဥရောပ သို့ လွှတ်၍ ခေတ်မီ ပညာများကို သင်စေသည် ။ စီးပွားရေးတွင် အင်္ဂလိပ်တို့နှင့်ဆက်ဆံ၍ ကျွန်းသစ် ၊ ရေနံတို့ကို ရောင်းချနိုင်လေသည် ။ ပြည်တွင်း၌လည်း ယက္ကန်းစက် ၊ စပါးစက် ၊ လွှစက် ၊ပန်းကန်စက်  ၊သကြားစက် စသော စက်မှု့လက်မှု့ လုပ်ငန်းများကို ထူထောင်နိုင်လေသည် ။ ဧရာဝတီမြစ်အတွင်း သယ်ယူပို့ဆောင်ရေးအတွက် မီးသင်္ဘောများကို အသုံးပြုခဲ့သည် ။ ဒင်္ဂါးသွန်းခတ်၌ အရောင်းအ၀ယ် ကိစ္စတို့၌အသပြာငွေအဖြစ်  သုံးစွဲစေသည် ။ တိုင်းပြည်အုပ်ချုပ်ရေးတွင် အရာရှိ အမှု့ထမ်းများအတွက် လခပေးစနစ်ကို သုံးစွဲခဲ့သည် ။
မင်းတုန်းမင်း နှင့် အင်္ဂလိပ်ပိုင် မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ မြန်မာ အင်္ဂလိပ် စစ်ပွဲပြီး၍ အင်္ဂလိပ်တို့က ရခိုင် နှင့် တနင်္သာရီ တို့ကို သိမ်းသောအခါ အင်္ဂလိပ်ကို မြန်မာတို့ တော်လှန်ကြလေသည် ။ သို့ရာတွင် မအောင်မြင်ကြချေ ။ ရခိုင်တိုင်းကို ဘင်္ဂလား ဘုရင် လက်အေက်၌ ထား၍ အုပ်ချုပ်သည် ။ တနင်္သာရီ တိုင်းကို အိန္ဒိယ ဘုရင်ခံချုပ်လက်အောက်၌ မင်းကြီးတစ်ပိုင်ပြုလုပ်၍ အုပ်ချုပ်သည် ။ ၁၈၅၅ -ခှုနှစ် ဒုတိယ မြန်မာ အင်္ဂလိပ် စစ်ပွဲပြီး၍ ပဲခူးဟုခေါ်သော အောက်မြန်မာနိုင်ငံကို သိမ်းသောအခါ၌လည်း ပုန်ကန်ကြပြန်သေးသည် ။ သို့ရာတွင် မအောင်မြင်ချေ ။ ထိုအခါ အင်္ဂလိပ်တို့သည် ပဲခူး ကို မင်းကြီးတစ်ပိုင်ပြုပြင်၍ အုပ်ချုပ်လေသည် ။ ထို့နောက် ၁၈၆၂ ခုနှစ်မှ စ၍ ရခိုင် ၊တနင်္သာရီ ၊ ပဲခူး ကို စုစည်းကာ မဟာဝန်ရှင်တော် တစ်ပိုင်ပြုလေသည် ။ ပထမ မဟာဝန်ရှင်တော်ပိုင် မင်းကြီးသည် “အာသာဖယ်ယာ” ဖြစ်လေသည် ။အထက်မြန်မာနိုင်ငံတွင် မင်းတုန်းမင်း မင်းပြုနေသောအခါ အောက်မြန်မာနိုင်ငံတွင်  “ အာသာဖယ်ယာ” သည် ပထမ မဟာ ၀န်ရှင်တော်မင်းကြီးအဖြစ် အုပ်ချုပ်ဆောင်ရွက်နေလေသည် ။“ အာသာဖယ်ယာ” သည်  မင်းတုန်းမင်းအား ရိုသေလေးစားသည်ဖြစ်၍ သင့်မြတ်အောင် ဆက်ဆံလေ့ရှိလေသည် ။ မင်းတုန်းမင်းသည် လည်း အင်္ဂလိပ်တို့နှင့် သင့်မြတ်အောင် ဆက်ဆံလေ့ရှိလေသည် ။ သို့ရာတွင် အောက်မြန်မာနိုင်ငံ ကို သိမ်းယူထားသော နယ်ချဲ့ အင်္ဂလိပ် အပေါ်၌ ကား မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိခဲ့ချေ ။တစ်ဖန် အောက်နိုင်ငံရှိ အင်္ဂလိပ် နယ်ချဲ့ နှင့် နယ်ချဲ့ ကြိုးကိုင် ဓနရှင်များသည် မြန်မာပိုင် အထက်နိုင်ငံတွင်လည်း အရောင်းအ၀ယ် အခွင့်အရေး အများဆုံးကို လည်း လိုချင်ကြသည် ။ အမြတ်အစွန်း အများဆုံးကို လည်း လိုချင်ကြသည် ။ လိုချင်သည်ကို မရလျှင် တနည်းနည်း ဖြင့် အနှောင့်အယှက်ပေးတက်ကြလေသည် ။ ထို့ကြောင့် မင်းတုန်းမင်းသည် ၁၈၄၅ -- ခုနှစ် လောကမှစ၍ အင်္ဂလိပ် တစ်နိုင်ငံတည်းသာ ဆက်ဆံလာခဲ့သော မိမိ၏ နိုင်ငံခြားရေးဝါဒ ကိုပြောင်းလိုသဖြင့် ပြင်သစ်နိုင်ငံ ၊အီတလီ နိုင်ငံ တို့နှင့် ဆက်ဆံစ ပြုလာလေသည် ။
မြန်မာမင်း နှင့် မှုးမတ်အချို့ တို့၏ အမြင်
၁၈၅၀—မှ  ၁၉၀၀ --- အထိ ကြာမြင့်သော ကာလသည် ဥရောပ နယ်ချဲ့ တို့ အာရှတစ်ခွင်တွင် ထင်သလို ပြုကျင့်နေသော ကာလဖြစ်လေသည်  ။ ထိုဥရောပ နယ်ချဲ့များအနက် အိန္ဒိယ ကို စိုးမိုးအုပ်ချုပ်လျှက်နေသော အင်္ဂလိပ်နယ်ချဲ့သည် အင်အား အကြီးဆုံးဖြစ်လေငည် ။ အင်္ဂလိပ် နယ်ချဲ့တို့သည် ပသျှုးကျွန်းဆွယ်၌ လည်း သြဇာအာဏာ ထက်မြက် လျက်ရှိလေသည် ။ သိမ်းတန် သည်တို့ကို လည်း သိမ်းပြီး ဖြစ်လေသည် ။ ပြင်သစ်နယ်ချဲ့သည် အိန္ဒိယ နယ်မြေများမှ အင်္ဂလိပ်နယ်ချဲ့ ၏ မောင်းထုတ်ခြင်းကို ခံရပြီးသည့်နောက် အားသစ်မွေးလာရာ ၁၈၅၀ --လောက်သို့ ရောက်သောအခါ ခေါင်းထောင်လှုပ်ရှားလာပြန်လေသည် ။  ထိုအခါမှစ၍ ဗိယက်တနမ်  ( တောင်ကင် ၊ အာနန် ၊ ကိုချင်ချိုင်နား ) ၌ ၎င်း၊ ကမ္ဘောဇ နိုင်ငံ၌ ၎င်း ၊ လော နိုင်ငံ၌၎င်း သြဇာအာဏာ ဖြန့်နိုင်လာပြန်၍ သိမ်းတန်သည်ကို သိမ်းပြီးဖြစ်လေသည် ။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့သည် ပြင်သစ်နယ်ချဲ့၏ ခြေလှမ်းကို ယခင်ကထက် ပို၍ စောင့်ကြည့်လေသည် ။ ထိုအခါကသော် နယ်ချဲ့ နှစ်ဦးလုံးပင်လျှင် အာရှတိုက်၌ နိုင်ချင်ကြက်ကဲ့သို့ ဖြစ်လေသည် ။ အကြံတူ ရန်သည် ဟူဘိသကဲ့သို့ အချင်းချင်းလည်း စောင့်လျှက်နေကြလေသည် ။
စောင့်နေကြသော နယ်ချဲ့ နစ်ဦးစပ်ကြားတွင် မြန်မာနိုင်ငံ မည်သို့ပြုမူခဲ့သနည်း ။ ၁၈၇၈ --ခုနှစ်တွင် မင်းတုန်းမင်း နတ်ရွာစံ၍ သီပေါမင်း နန်းတက်လေသည် ။ မြန်မာမင်း နှင့် မှုးမတ် အချို့တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော အင်္ဂလိပ် အပေါ်တွင် မကေမနပ်ဖြစ်နေရာ ပြင်သစ်နှင့် ပေါင်းကာ အင်္ဂလိပ်ကို ပြန်တိုက်လျှင် အရေးအောင်၍ အောက်မြန်မာနိုင်ငံကို ပြန်ရလိမ့်မည်ဟု ယူဆကြဟန်တူလေသည် ။ သို့ရာတွင် ပြင်သစ် ၏အင်အားသည် အင်္ဂလိပ် ၏အင်အားလောက် မကောင်းသေးဟူသောအချက်ကို၎င်း ၊ ပြင်သစ်လည်း မယုံအပ်သော နယ်ချဲ့ပင် ဖြစ်သည် ဟူသောအချက်ကို ၎င်း စိတ်တက်ကြွနေသော မြန်မာမင်း နှင့် မှုးမတ်အချို့သည် ထည့်သွင်းစဉ်းစားကြဟန် မတူချေ ။ မန္တလေးတွင် ပြင်သစ်ဘဏ်တိုက် ဖွင့်လှစ်ရေးကို၎င်း ၊ အထက်မြန်မာနိုင်ငံနှင့် ပြင်သစ်ပိုင် တောင်ကင်ပြည်  မီးရထားလမ်းဆက်သွယ်ရေးကို ၎င်း ၊မြန်မာမှုးမတ် အချို့တို့နှင့် ပြင်သစ်တို့ ကြံစည်နေကြကြောင်း ပြင်သစ်ထံမှ မြန်မာတို့က လက်နက်ပစ္စည်းရခွင့်ရလမ်းရှိ ကြောင်းကို အင်္ဂလိပ်တို့ ကြားသိသောအခါ အင်္ဂလိပ်နယ်ချဲ့သည် အထက်နိုင်ငံကို ပြင်သစ်လွှမ်းမိုးလျှင် မိမိ၏ တန်ခိုးအာဏာ၎င်း  ၊အောက်နိုင်ငံရှိ အင်္ဂလိပ်နယ်ချဲ့ကြိုးကိုင် ဓနရှင် ကုန်သည်များ၏ အကျိုးစီးပွားကို၎င်း ထိခိုက်လာတော့မည်ဟု ယူဆလျှက် ၁၈၈၅ --ခုနှစ်တွင် အထက်နိုင်ငံကိုပါ သိမ်းလိုက်လေသည် ။ ဤသို့ဖြင့် မြန်မာ တစ်နိုင်ငံလုံးလွတ်လပ်ရေး ဆုံးရှုံးခဲ့လေသည် ။
ဗြိတိသျှခေတ်
အထက်နိုင်ငံလည်း အသိမ်းခံရသောအခါ မြန်မာများသာမက  ရှမ်း ၊ချင်း ၊ကချင် စသော အခြားတိုင်းရင်းသားများသည်လည်း လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့ကို ပုန်ကန်ကြလေသည် ။ ဤတွင် တိုင်းရင်းသားစည်းလုံးရေးလမ်းစ ပေါ်လာလေသည် ။ တစ်ဖန် သက်ဦးဆံပိုင် ခေတ်လည်း ကုန်ပြီဖြစ်သဖြင့် ဗြိတိသျှ တို့၏ ပြည်သူ့ဆန္ဒအရအုပ်ချုပ်ရသောစနစ် (၀ါ ) ဒီမိုကရေစီ စနစ်လမ်းစသည်လည်း ပေါ်လာလေသည် ။ တစ်ဖန် ဗြိတိသျှ လက်အောက်တွင် ဗျြတိသျှ အရင်းရှင်နှင့် အခြားအရင်းရှင်တို့သည် မိမိတို့၏ အရင်းနှီးငွေများယူလာကာ ရေနံ ၊ကျွန်းသစ် ၊ဆန်စပါး ၊ သတ္တု အမျိုးမျိုးတို့ကို တူးဖော်ခြင်း ၊စိုက်ပျိုးခြင်းတို့ကို၎င်း ၊မီးသင်္ဘော ၊မီးရထား စသည်တို့ကို အသုံးပြုကာ အကြီးအကျယ် ကူးသန်းရောင်းဝယ်ခြင်းကို၎င်း ပြုလာသောကြောင့် နိုင်ငံတော်စီးပွားရေး တိုးတက်လာသည်ဟု ဆိုရသော်လည်း  အရင်းရှင်တို့ကိုသာ အမြတ်အစွန်းအမြောက်အမြားရစေ၍ တိုင်းရင်းသားများ ရာစုမှာကား လူတန်းစေ့မနေရခြင်း ၊ ပညာခေါင်းပါးခြင်း ၊ကျန်းမာရေး ချို့တဲ့ခြင်းတို့နှင့်သာကြုံရလေသည် ။
လွတ်လပ်ရေး ကြိုးပမ်းမှု့
ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်လောက်မှစ၍ လွတ်လပ်ရေးအတွက် ၀ံသာနုလုပ်ငန်း ပေါ်ပေါက်လာလေသည် ။ ထိုဝံသာနု လုပ်ငန်းသည် အနှစ် ၂၀ အတွင်းတွင် နိမ့်တုံ မြင့်တုံ လှုပ်ရှားလာခဲ့ရာ ဥရောပ၌ ဒုတိယကမ္ဘာစစ် ဖြစ်နေဆဲ ၁၉၄၂ ခုနှစ်တွင် ဂျပန်နယ်ချဲ့  အစိုးရသည်  အရှေ့အာရှ ဒေသများကို တိုက်ခိုက်ယင်း မြန်မာနိုင်ငံကိုလည် ထိပါးလာလေသည် ။ ဗြိတိသျှ နယ်ချဲ့ နှင့် နယ်ချဲ့ ကြိုးကိုင် ဓနရှင်များသည် မြန်မာနိုင်ငံကို နှစ်ပေါင်းအတော်ကြာ အုပ်ချုပ်၍စီးပွားဖြစ်ထါန်းနေကြသော်လည်း ဂျပန် နယ်ချဲ့၏ရန်မှ ကာကွယ်မပေးနိုင်သဖြင့် ထိုနှစ်၌ ပင် အိန္ဒိယသို့ ဆုတ်ခွာသွားလေသည် ။ ထိုအခိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းကြီးမှုးသော မြန်မာ့လွတ်လပ်ရေးတပ်၏ အကူအညီဖြင့် ၀င်ရောက်လာသော ဂျပန်နယ်ချဲ့သည်လည်း လွတ်လပ်ရေးအတုအယောင်ကိုသာ မြန်မာနိုင်ငံအားပေးထားသဖြင့် မြန်မာတိုင်းရင်းသားများသည် စည်းလုံးလာကြလေသည် ။ ထို့ နောက် ဖ.ဆ.ပ .လ ခေါ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဂျပန် ဖက်ဆစ်နယ်ချဲ့ကို လက်နက်ဖြန့်တော်လှန်ကြလေသည် ။ ၁၉၄၅-ခုနှစ်တွင် ဂျပန်နယ်ချဲသည် စစ်ရှုံး၍ လက်နက်ချလေသည် ။ ထို့နောက် ဗြိတိသျှ အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံသို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော ဖ.ဆ. ပ .လ အဖွဲ့သည် မွန် ၊မြန်မာ၊ ရခိုင် တို့ကို ၎င်း ၊ ရှမ်း ၊ ကရင် ၊ ချင်း ၊ ကချင် ၊ကယား စည် တို့ကို ၎င်း ထပ်မံစည်းလုံး၍ ဗြိတိသျှ အုပ်ချုပ်ရေးကို သပိတ်မှောက်ကာ လွတ်လပ်ရေးကို အရယူခဲ့လေသည် ။
လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော်
၁၉၄၇ -ခုနှစ်တွင် မွန် ၊မြန်မာ ၊ ရခိုင် ၊ရှမ်း ၊ကရင် ၊ ချင်း ၊ကချင် ၊ ကယား စသော တိုင်းရင်းသားအားလုံး ၏ ကိုယ်စားလှယ်များပါဝင်သော တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပလေသည် ။ ထို့နောက် တိုင်းပြုပြည်ပြု လွှတ်တော်ကပင်  ထိုအခါက ဖ.ဆ…လ အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းချပေးခဲ့သည့် လမ်းစဉ်အတိုင်း မြန်မာနိုင်ငံ နှင့် အသင့်တော်ဆုံးဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲ၍ အတည်ပြုလေသည် ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအခြေခံ ဥပဒေ အတည်မပြုရသေးမီ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အချို့ ခေါင်းဆောင်များမှာ လူမသမာတို့၏ လက်ချက်ကြောင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်ရလေသည် ။ ထိုအခြေခံ ဥပဒေ အရ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ လ ၄ ရက်နေ့တွင် မွန် ၊ မြန်မာ ၊ ရခိုင် ၊ရှမ်း  ၊ကရင် ၊ ကချင် ၊ချင်း ၊ ကယား  စသော တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖြစ်လာလေသည် ။   ။
*                *                         *                        *                  *                  *                 *              *              
၁၉၅၆ ခုနှစ်တွင် ဘာသာပြန်စာပေအသင်းမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည် ။
စာပေ ဗဟုသုတ ပြည့်စုံကြွယ်ဝကြပါစေရှင် ။
မနှင်း