သမိုင်းလိမ်အချက်မြောက်များစွာထဲက တစ်ချက်
ဖြစ်ပါတယ်။
ဖော်ပြပါ အာရဗီစာရေးထွင်းထားတဲ့ ဒင်္ဂါးကို
ရခိုင်ပြည်သုံးဒင်္ဂါးဟုလည်းကောင်း၊ ရခိုင်ပြည်ထုတ်
ဒင်္ဂါးဟုလည်းကောင်း မည်သို့မျှအတည်ပြု၍ မရသေးပါ။
ပေါ်တူဂီ၊ ဒက်ခ်ျ ကုန်သွယ်မှုရှိခဲ့သော ရခိုင်တိုင်းဧရိယာ
အတွင်း တွေ့ရှိရသည့် *ရခိုင်ပြည်တွေ့ဒင်္ဂါး*ဟုသာ
ခေါ်ဆိုသုံးနှုန်းမှ မှန်ကန်မှာဖြစ်ပါတယ်။
ထိုသို့မဟုတ်ပဲ ရခိုင်ပြည်သုံး/ရခိုင်ပြည်ထုတ် စတဲ့
စကားလုံးသုံးနှုန်းရန်အတွက် အဆင့်များစွာကျန်
နေပါသေးတယ်။
အေဒီ ၁၅ ရာစုအတွင်း ရခိုင်တိုင်း၊ ရခိုင်ပြည်အတွင်း၌
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထောက်အထား၊
မင်းနှင့်ပြည်သူအများ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊
အများဆုံးရှာဖွေတွေ့ရှိရသည့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ
အထောက်အထား၊
ပြည်တွင်း/ပြည်ပ ခေတ်ပြိုင်မှတ်တမ်းများရဲ့ ဖော်ပြမှတ်
တမ်းတင်ချက်၊
အဆိုပါဒင်္ဂါးရခိုင်ပြည်တွင်း သွန်းလောင်းကြောင်း
အထောက်အထား (မိုလ်အထောက်အထား)
စတဲ့အချက်ပေါင်းမြောက်များစွာ အတည်ပြုပြီးမှသာ
ရခိုင်ပြည်သုံးဒင်္ဂါးလို့ ခေါင်းစဉ်တပ်ခေါ်ဆိုနိုင်မှာ
ဖြစ်ပါတယ်။
တစ်ဖန် ရခိုင်ပြည်တွင်း တွေ့ရှိရတဲ့ကျောက်စာအထောက်
အထားတွေအရ ရက္ခပူရတိုင်း မင်းနဲ့ပြည်သူတွေဟာ
မဟာယနဗုဒ္ဓဘာသာ၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်
ကြောင်း အထောက်အထားသာရှိပါတယ်။ မည်သည့်
ကျောက်စာအထောက်အထားတွင်မှ အစ္စလာမ်ဘာသာနဲ့
ပက်သက်သော ကိုးကွယ်ယုံကြည်မှုဆိုင်ရာအထောက်
အထားမရှိသေးပါဘူး။
ဒါကြောင့် ရက္ခပူရတိုင်း ခေါ် ရခိုင်တိုင်းအတွင်း အစ္စလာမ်
ဘာသာဝင်များ လူမျိုးစုအလိုက်အခြေချနေထိုင်မှု၊ ကိုးကွယ်
ယုံကြည်မှုဆိုင်ရာအဆောက်အအုံ၊ ဘာသာရေးပွဲတော်
မှတ်တမ်းများ စတဲ့ အချက်တွေကို သုတေသနပြုဖော်ထုတ်
ပြီးမှသာလျှင် ရည်ညွှန်းပါစာအတိုင်း ခေါ်ဆိုသတ်မှတ်နိုင်
မည်ဖြစ်ပါကြောင်း၊
ထိုသို့မဟုတ်ပဲ ယခုကဲ့သို့ တွေ့ရှိရသော ဒင်္ဂါးအနည်းငယ်မျှ
ကို ကြည့်ရှု၍ ရခိုင်ပြည်တွင်းသုံးဒင်္ဂါးဟု ခေါင်းစဉ်တပ်ခြင်းသည်
အသိညာဏ်နည်းပါးမှုကြောင့်လည်းကောင်း၊ သုတေသနသမိုင်း
ဟူသော အဓိပ္ပါယ်ကို ကောင်းမွန်ထင်ရှားစွာ သဘောမပေါက်
သည့် ကလေက၀ အုတ်ကြားမြတ်ပေါက် သမိုင်းလိမ်ဝါဒဖြန့်မှု
သက်သက်သာဖြစ်ပါကြောင်း သတိချပ်မိကြစေဖို့ ဘင်္ဂလီ
အောင်တင်နဲ့ ဦးအောင်ခင်(စစ်တွေ)လို့ခေါ်ဆိုသူအပါအ၀င်
သမိုင်းလိမ်တစ်စုကို ပထမဦးဆုံးအကြိမ်အဖြစ်သတိပေးလိုက်
ရပါတယ်။

No comments:
Post a Comment