Friday, February 19, 2016

တိဿ ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ အနှစ်ချုပ် (၁)


တိဿ      ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ
သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ
အနှစ်ချုပ် (၁)
.........................................................................................
*ပျူရာဇ၀င် ၁၂ စောင်တွဲတွင် တောင်ပိုင်းကမ်းရိုးတန်းဒေသများ၌
တိန်မယ်ပျူအုပ်စု (မြို့တော် ပဲခူး)၊ ကလောက်ကေးပျူအုပ်စု
(မြို့တော် သထုံ)၊ တနင်္သာရီပျူအုပ်စု (မြို့တော် ထားဝယ်) များ
ပါရှိကြောင်းဖော်ပြထားပါသည်။* *ယင်းဖော်ပြချက်ကို ၁၉၉၃ ခုနှစ်၊ သရေခေတ္တရာမြို့ဟောင်းတွေ့
အတိတျာကျောက်အိုး ဟု အမည်ပေးထားသော သရေခေတ္တရာမင်းကြီး တစ်ပါး၏ ကျောက်အိုးစာပါ ပျူတိုင်းများနှင့် နှိုင်းယှဉ် လေ့လာ ကြည့်သင့်ပါသည်။*
*အတိတျာကျောက်အိုးစာ (အေဒီ ၁ ရာစု - ၂ ရာစု)တွင် ပါဒတိုင်း၊
ဎလတိုင်း (ဒလတိုင်း)၊ ဥရုဟိတိုင်း၊ လှည်းကူးပဂေါတိုင်း (ပဲခူးတိုင်း)၊
ဟြတိုင်း = ဘုရားကြီးတိုင်း၊ တက္လခ္ဃတိုင်း၊ ယက္ဂတိုင်း (ဘီလူးကျွန်း)၊
တက္ဗောတိုင်း ဟူ၍ သရေခေတ္တရာတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ
ပျူတိုင်းများကို ဖော်ပြထားပါသည်။ ဟြတိုင်း=ဘုရားတိုင်းသည်
ပဲခူး-ဘုရားကြီးနယ်၊ တက္ကလချတိုင်းသည် တိုက်ကုလားသထုံတိုင်း၊
ယက္ဂတိုင်း=ယက္ခတိုင်းသည် ဘီလူးကျွန်းနယ်၊ တက္ဗောတိုင်းသည်
မလေးကျွန်းဆွယ် တကွာပမြို့နယ် များဟုယူဆရပါသည်။*
*ယင်း သရေခေတ္တရာ ပျူမင်းကြီးကျောက်အိုးစာအရ တောင်ပိုင်း
ကမ်းရိုးတန်းဒေသများတွင် ပျူတိုင်း ပျူမြို့များ ထွန်းကားနေကြောင်း။
ပါဒမြို့၊ ဒလမြို့၊ လှည်းကူးမြို့၊ ပဲခူးမြို့၊ ဘုရားကြီးရွာ၊ တိုက်ကုလားမြို့၊
ဘီလူးကျွန်းနှင့် တကွာပမြို့များသည် ပျူမြို့များဖြစ်ကြောင်း
ပေါ်ပေါက်နေပါသည်။*
*ရှေးအိန္ဒိယသားတို့သည် သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗရမ္မာနိုင်ငံ
ဗရမ္မာလူမျိုးဟု သိရှိခေါ်ဝေါ်ကြောင်း ကိုလိုနီခေတ် ကျောက်စာဝန်ဆရာကြီး
တော်စိန်ခို ဖော်ထုတ်ခဲ့ပါသည်။*
*ရှေးအိန္ဒိယသားတို့သည် မြန်မာနိုင်ငံကို ရှေးခေတ်ကတည်းက အစဉ်အလာ
အားဖြင့် ဗရမ္မာဒေ့ရှ် (ဗရမ္မာနိုင်ငံ)ဟု သိရှိခေါ်ဝေါ်လာခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်
၁၉၄၆ သမိုင်းပါမောက္ခဆရာကြီးဒဗလျူအက်(စ်)ဒေဆိုင်း ဖော်ပြခဲ့ပါသည်။*
*ဘီစီ ၂ ရာစုနှင့် အေဒီ ၃ ရာစုကာလ ရှေးတရုတ်တို့ ပျူနိုင်ငံကို ခေါ်ဆိုခဲ့သော
အမည်များမှာ ပျူနှင့် ဗရမ္မာ(ဗမာ)ဖြစ်ကြောင်း၊ အေဒီ ၆ ရာစု လျန်မင်းဆက်ခေတ်တွင်
ဗရမ္မာဟု ခေါ်ဆိုကြောင်း၊ အေဒီ ၆ ရာစု စွေ့မင်းဆက်ခေတ်တွင် ကျူးပေါဟု
ခေါ်ကြောင်း၊ အေဒီ ၇ ရာစု - ၁၀ ရာစု ထန်မင်းဆက် ခေတ်တွင် ပျူဟုခေါ်ကြောင်း၊
အေဒီ ၁၁ ရာစု - ၁၃ ရာစု ဆုန့်မင်းဆက်ခေတ်နှင့် အေဒီ ၁၃ ရာစု-၁၄ ရာစု
ယွန်းရှိမင်းဆက်ခေတ်တို့တွင် ပျူဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း
သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။*
*ထို့အပြင် ဘီစီ ၂ ရာစု ပုဂံမြို့၊ အေဒီ ၃ ရာစု ပုဂံနိုင်ငံ၊ ပုဂံမြို့၊ အေဒီ ၆ ရာစု
ဗရမ္မာနိုင်ငံနှင့် ပုကမ်မြို့၊ အေဒီ ၁၀ ရာစု - ၁၃ ရာစု ပုဂံနိုင်ငံ၊ အေဒီ ၁၃ ရာစု -
၁၄ ရာစု ပုဂံနိုင်ငံ-ပျူနိုင်ငံ-မြန်မာနိုင်ငံ ဟု သိရှိခေါ်ဆိုကြောင်းကို ဆရာဦးရည်စိန်
ဖော်ထုတ်ချက်များအရ သိရှိရပါသည်။*
*ရှေးအိန္ဒိယသားတို့က ဗရမ္မာဟု ခေါ်ဆိုသော သရေခေတ္တရာ လူမျိုးနှင့် နိုင်ငံကို
ရှေးတရုတ်တို့က ဗရမ္မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊
မြန်မာဟုလည်းကောင်း သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ပါသည်။ ထို့အပြင် အေဒီ ၁၅ ရာစု
တရုတ်မင်မင်းဆက်ခေတ်တွင် မြန်မာ ဟု ခေါ်ဆိုသော လူမျိုးကို အေဒီ ၆ ရာစု
စွေခေတ်တွင် ကျူးပေါ၊ အေဒီ ၇ - ၁၀ ရာစု ထန်ခေတ်တွင် ပျူ၊ အေဒီ ၁၁ - ၁၃ ရာစု
ဆုန့်ခေတ် တွင် မြန်မာ ဟု တရုတ်တို့ သိရှိခေါ်ဆိုခဲ့သော သူများဖြစ်ကြောင်းကို
မင်မင်းဆက်ခေတ် တရုတ်ပညာရှိ ပေါင်းကျိယ်ကျိယ် ၏ မြန်မာနိုင်ငံသမိုင်းအကျဉ်း
စာတမ်းတွင် ဖော်ပြပါရှိကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။*
*ပျူနိုင်ငံသည် မြောက်ဘက်တွင် ယူနန်၊ အရှေ့ဘက်တွင် ကျဲလာ့ (ခမာ
ကမ္ဗောဒီးယား)၊ တောင်ဘက်တွင် ပင်လယ်၊ အနောက်ဘက်တွင် အိန္ဒိယ
အရှေ့ဖျားနှင့် နယ်ချင်းထိစပ်ကြောင်း၊ ၎င်းမှာ ပျူနိုင်ငံ၏ နယ်နိမိတ်ဖြစ်ကြောင်း
ထန်မင်းဆက် အုပ်ချုပ်ပုံမှတ်တမ်း၊ ထန်မှတ်တမ်းသစ်များတွင် သိရှိ မှတ်တမ်း
တင်ထားကြောင်း ဆရာ ဦးရည်စိန် ပြန်ဆိုဖော်ပြခဲ့သည်။*
*အထက်ပါ ခေတ်ပြိုင် အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာ အထောက်အထားများကို
ပေါင်းစုကြည့်လျှင် ဘီစီ ၂ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူနိုင်ငံ ခေါ် ပျူဗရမ္မာနိုင်ငံ
ခေါ် ပျူမြန်မာနိုင်ငံသည် တောင်ဘက်တွင် ပင်လယ်နှင့် နယ်နိမိတ်ဖြစ်ကြောင်း၊
ပျူမြန်မာနိုင်ငံသည် ပင်လယ်အထိ ကျယ်ဝန်းကြောင်း၊ ပျူမြန်မာနိုင်ငံနှင့် ပင်လယ်ကြားတွင်
ရာမညမွန်နိုင်ငံ မပေါ်ပေါက်သေးကြောင်း၊ မလေး ကျွန်းဆွယ်တကွာပမြို့ (စဲလန့်ဂူအနီး)
အထိသည် ပျူမြန်မာနိုင်ငံတော်ကြီး ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။*
*သုဓမ္မာဝတီသထုံ ဒွတ္တပေါင်မင်းကြီးနှင့် မြို့ - ၁၉၂၆ ခုနှစ် ပုံနှိပ်သော
ဦးပညာ၏ သထုံရာဇ၀င်ပေါင်းချုပ်ကျမ်းကြီးတွင် ပထမသုဓမ္မ၀တီ
မြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ “တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းကြီး” ခေါ် “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး”
ဖြစ်ကြောင်း ရှေးသထုံရာဇ၀င်များ၊ မွန်ရာဇ၀င်များနှင့် ကလျာဏီသိမ်
ကျောက်စာ စုစုပေါင်း ၉ ခုကို ကျမ်းကိုးပြု ရေးသားဖော်ပြထားသည်။*
*မွန်ဆရာဦးစံဝင်း၏ ပေါင်မြို့နယ်၊ မုကျိရွာ ကျောက်နံရံစာ ဆောင်းပါးတွင်
အထက်ပါ ဦးပညာ ရေးသည့်သထုံရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးကို
ကျမ်းညွှန်းပြုထားသည်။*
*၁၉၇၅ ခုနှစ် ပုံနှိပ်သော အငြိမ်းစားကျောင်းအုပ်ကြီး ဥိးအောင်သိန်း၏
“သာသနာအစ သထုံက” ဟု အမည်ပေးကျမ်းတွင်လည်း ပထမသုဓမ္မာ
ဝတီမြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ “သူရိယစန္ဒာမဟာဒွတ္တပေါင်
မင်းကြီး” မည်ကြောင်း အတိအလင်းဖော်ပြထားသည်။*
*ပထမသထုံ တိဿဓမ္မသီဟရာဇာ (ဒွတ္တပေါင်)မင်းကြီး၏ သားတော်
၃ ပါးနှင့် သမီးတော် ၁ ပါး တို့သည် သထုံမှ ထွက်ခွါကာ ပါဒကျွန်းတွင်
မြို့နန်းအသစ်တည်ထောင်ကြောင်း ဦးထွန်းရီ၏ မွန်ဘာသာမှ မြန်မာ
ဘာသာပြန် ပါဒနိုင်ငံတော် ရာဇ၀င်သမိုင်းစာအုပ်တွင် ဖော်ပြသည်။*
*ပါဒမင်းဆက်တွင် မြစောနောင်မင်း၊ ရာဇစောနောင်မင်း၊ သုခမုခနန်းစောရှင်၊
နရကျော်မင်း၊ ဒွတ္တဘာဂဒွတ္တဘောင်မင်း၊ စောရဟံမင်း၊ ဇေယျကျော်ထင်မင်း၊
ဘိုးမင်းစောနောင်မင်း၊ နေသူရမင်း၊ စောဖျားကျော်မင်း၊ စောဘုန်းကြွယ်မင်း
ဟူသော ပျူမြန်မာအမည်ရှိ မင်းများအုပ်ချုပ်ကြောင်း ဖော်ပြထားရာ သထုံပထမဦး
မင်း ဒွတ္တပေါင်၏ မျိုးဆက် ပါဒဒွတ္တပေါင် ပျူမင်းဆက်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။*
*ပါဒမင်းဆက် ၂၀ မြောက်တွင်မှ ကော့ဒွတ်မင်းဟု မွန်အမည်ရှိ မွန်မင်းကို
တွေ့မြင်ရပါသည်။*
*ဒွတ္တပေါင်မင်းကြီး စားသုံးသောကြောင့် ဒွတ္တပတ်သီး ဟု နာမည်
ကျော်ကြားသော ဒွတ္တပတ်ပင် အနည်းငယ်သည် ပေါက္ခရ၀တီ
နန်းတော်ကုန်း အရှေ့အရပ်တွင် အတွင်းကျုံးငယ်ခြားလျှက်
(ယခုခေတ်) ဦးယောကြီးဥယျာဉ်ခြံနှင့် အခြားခြံတစ်ခြံတွင် ရှိပါသည်။*
*ပေါက္ခရ၀တီ တွံတေးသည် မှော်ဇာပျူအုပ်စုမှ ပျူမင်းသားစု
တွံတေးမျိုးဆက်များ အုပ်ချုပ်စိုးစံသည်ဟု တွံတေးဆံတော်ရှင်
ဘုရားသမိုင်းတစ်စောင်တွင် ဖော်ပြပါရှိပါသည်။*
*ပဲခူးရာဇ၀င်နှင့် ပဲခူးဘုရားသမိုင်းအချို့တွင် သထုံမြို့၊ သထုံမင်းကြီး
(ဒွတ္တပေါင်)၏ သားတော် ၂ ပါး မြို့သစ်အဖြစ် ပဲခူးကို တည်သည်ဟု
ဖော်ပြထားသည်။*
*ပဲခူးမြို့တည် မင်းသားတို့သည် သထုံ ဒွတ္တပေါင်မင်းဆက်မှဖြစ်ကြောင်း
ပဲခူးရာဇ၀င်၊ ဦးရွှေနော်၏ ရွှေမော်ဓောဘုရားသမိုင်းတို့တွင် ဖော်ပြထားသည်။*
*ပျူရာဇ၀င် ၁၂ စောင်တွဲအရ တိန်မယ်ပျူအုပ်စု မြို့တော်ပဲခူး ဖြစ်သည်။
ဦးသက်တင်၏ ပဲခူးနယ် ဘုရားစေတီ ၅၈ ဆူ သမိုင်းစာအုပ်တွင် တိန်မယ်
ပျူစေတီ (၇) ဆူ ဖော်ပြပါရှိသည်။*
*အနော်ရထာခေတ်ပြိုင်မှာ တိန်မယ်ပဲခူးပျူမင်း ဗောင်းတော်ရှည် ဟု
ဖော်ပြသည်။ အနော်ရထာမင်းသို့ ဆက်သသော ယင်းပဲခူးမင်း၏
သမီးတော် အမည်သည် မြန်မာပါဠိအမည် “မဏိစန္ဒာခင်ဦး” ဟု
ရာဇ၀င်တို့၌ ပြဆိုသည်။* (မဏိစန္ဒာခင်ဦးသည် မွန်အမည်မဟုတ်ပါ)
....................................................................................
ဆက်လက်ဖော်ပြသွားပါမည်။

No comments:

Post a Comment