ဒီ post လေးကို မသိသေးသူများ လေးလေးနက်နက်ဖတ်
စေခြင်ပါတယ် မြန်မာနိုင်ငံထေရဝါဒ သမိုင်း မော်ကွန်းတင်
တဲ့ အကြောင်းအရာလေး ဖြစ်လို့ပါ (မ.ဘ.သ) ဆိုတာ ကိုယ်
ကျိုးမဖတ် မြန်မာပြည်သူ ပြည်သားတွေအတွက် ပေးဆပ်
ခြင်းသာဖြစ်ပါသည် ဆိုတဲ့အကြောင်
မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီးနှင့်ဗဟိုဦးဆောင်ဆရာတော်များ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟို ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီးဦးဆောင်သော မဘသ ဗဟိုဦးဆောင်ဆရာတော်များအဖွဲ့သည် ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ထိုင်းနိုင်ငံသို့ အမျိုးဘာသာ သာသနာကိစ္စဖြင့် သွားရောက်ခဲ့ကြပါသည်။
ထိုင်းနိုင်ငံအခြေစိုက် World Fellowship of Buddhist Youth (WFBY) အဖွဲ့ကပေးအပ်ချီးမြှင့်သော '' 3rd World Buddhist Outstanding Leader Awards'' ဆုချီးမြှင့်ရာတွင် ဗုဒ္ဓဘာသာတွင် ထူးချွန်ထက်မြက်သောစွမ်းဆောင်ရည်ရှိသည့် ခေါင်းဆောင်နှင့်အဖွဲ့အစည်းများကိုရွေးချယ်ပေးအပ်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများကဏ္ဍအတွက် မြန်မာနိုင်ငံက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကြီးသည် ဘာသာ သာသနာဆိုင်ရာ ဆောင်ရွက်မှုများတွင် ထူးခြားအံ့သြဖွယ်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။
မဘသဥက္ကဋ္ဌဆရာတော်ကြီးက ကိုယ်တိုင်မကြွလိုသော်လည်း ထိုင်းနိုင်ငံရှိဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင် များနှင့် အဖွဲ့အစည်းများရဲ့ တောင်းပန်လျှောက်ထားမှုကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အမျိုးဘာသာ သာသနာ ဆောင်ရွက်တော်မူနေကြသော သာသနာပြုပုဂ္ဂိုလ်များအား အားပေးလိုခြင်းနှင့်ပိုမို၍အားဖြစ်စေလိုခြင်းကြောင့်လည်းကောင်း ကိုယ်တိုင် အပင်ပန်းခံ ကြွတော်မူခဲ့ခြင်းဖြစ်ပါသည်။
ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့တွင် ဓမ္မကာယကျောင်းတော်ကြီးက ဦးစီးကျင်းပသော မဃပူဇာနေ့ Magha Puja Day ခေါ် ပူဇော်ပွဲတော်ကြီးကျင်းပရာသို့လည်း တက်ရောက်ခဲ့ပါသည်။ ညနေပိုင်းတွင် ဆီးမီးတစ်သိန်း လူတစ်သိန်းကျော်တို့ဖြင့် ပူဇော်ပွဲများ ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ကြပါသည်။ မဃပူဇာပွဲသည် မြန်မာတို့အလိုအရ ပြောမည်ဆိုပါက တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက်အခါတော်နေ့ပင် ဖြစ်ပါသည်။ သာသနာမှထူးခြားသည့် တပို့တွဲလပြည့်နေ့ကို ထူးထူးခြားခြား ပူဇော်ခြင်းဖြစ်ပါသည်။
မဘသ ဦးဆောင်အဖွဲ့များသည် ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ မက်ပိုင်းတွင် '' Crisis in the Buddhist World '' ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့ပါသည်။ နိုင်ငံပေါင်းစုံက တက်ရောက်သော ထိုဆွေးနွေးပွဲသို့လည်း မဘသ ဗဟိုဦးဆောင်ဒေါက်တာအရှင်ဓမ္မပိယဆရာတော်ကလည်း Legal Approach on the Protection and Promotion of Buddhism ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးပေးခဲ့ပါသည်။ ယင်းနေ့ နေ့လည် (၂)နာရီအချိန်မှာတော့ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲကျင်းပခဲ့သည်ကိုလည်း တက်ရောက်ခဲ့ပါသည်။
မဘသဥက္ကဋ္ဌဆရာတော်ကြီး ထိုင်းနိုင်ငံသို့ ကြွရောက်ခြင်းဟာ ဆုပေးမှုကိုလက်ခံရယူလိုခြင်းမဟုတ် ထိုင်းနိုင်ငံ ဘာသာ သာသနာတော်ကြီး ရေရှည်တည်တံ့စေလိုတဲ့ဆန္ဒတစ်ခုကိုအရင်းခံပြု၍ ထိုင်းဗုဒ္ဓဘာသာကို အားပေးလိုခြင်းအတွက် ကြွရောက်တာဖြစ်ပါသည်၊ နဂိုကတည်းက မဘသသည် ပေးဆပ်ရုံသက်သက်ဖြင့် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။ သို့အတွက် ဆုပေးမှုဆရာတော်ကြီး ကိုယ်တိုင်တက်ရောက်လက်မခံပါ၊ အဖွဲ့ကိုယ်စား ဒေါက်တာဓမ္မပိယက လက်ခံ ရယူ ခဲ့ခြင်းပဲ ဖြစ်ပါသည်။
မဘသ ဆရာတော်များ ထိုင်းနိုင်ငံသို့ ရောက်ခိုက် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း တက္ကသိုလ် တွင်ပညာ သင်ကြား နေကြသော မြန်မာကျောင်းသားရဟန်းတော်များကလည်း သြဝါဒနာယူလိုကြောင်းတောင်းပန်လျှောက်ထားကြသည့် အတွက် မဘသဥက္ကဋ္ဌဆရာတော်ကြီး၊ ဒေါက်တာဓမ္မပိယ၊ ဝီရသူ-မစိုးရိမ်၊ ဒေါက်တာသောပါက၊ ထားဝယ်အရှင်ဣန္ဒဥာဏ ဆရာတော်တို့လည်း သြဝါဒစကားများ၊ ပညာရေးဆိုင်ရာ အကြံပြုချက်များ၊ ညီညွတ်ရေး ငြိမ်းချမ်းရေးဆိုင်ရာများ၊ အမျိုးဘာသာ သာသနာဆိုင်ရာများကို နည်းပေးလမ်းပြ ဟောပြောခဲ့ကြပါသည်။ ကျောင်းသားရဟန်းတော်များ မေးမြန်းမှုကို လည်း ဖြေကြားပေးခဲ့ပါသည်။
အဆိုပါခရီးစဉ်တွင် မဘသ (ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး၊ မဘသ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာဓမ္မပိယ၊ မဘသ ဗဟိုဦးဆောင်ဆရာတော် အရှင်ဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)၊ မဘသ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက၊ မဘသ ဗဟိုဦးဆောင်ဆရာတော် မြို့မယဉ်ငေးဆရာတော် အရှင်ဣန္ဒဥာဏနှင့် သာကီသွေး အောင်ဇေယျတု အတုမရှိ မဟာဝီရ ဂျာယ် သတင်းမီဒီယာများ၊ လိုက်ပါကူညီဆောင်ရွက်သူများ တက်ရောက်ခဲ့ကြပါသည်။
ယခုအခါ မဘသဥက္ကဋ္ဌဆရာတော်ကြီးနှင့်အဖွဲ့များသည် 24.2.2016 နေ့ည (၈)နာခန့်တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပါသည်။
အမျိုးဘာသာ သာသနာအတွက် မဘသ၏ ဆောင်ရွက်မှုကို ဦးညွှတ်ပါ၏၊ ဂုဏ်ယူပါ၏၊ ဂုဏ်ပြုပါ၏။
ထိုင်းနိုင်ငံ အမျိုးဘာသာ သာသနာအတွက်လည်း အားတက်ဖွယ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်လျှက်
ညီညွတ်မှုဖြင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြပါစို့....
လေးစားစွာဖြင့်-
ဒေါက်တာသောပါက (မဘသ ဗဟို)
၂၅.၂.၂၀၁၆
No comments:
Post a Comment