မြတ်စွာဘုရားရှင် ဓမ္မစတြာတရားဦး ဟောကြားခဲ့ရာ “မိဂဒါဝုန်” အားမွတ်စလင်တို့ ဖျက်စီးခဲ့ပုံ (အေဒီ ၆-ရာစု မှ ၁၂-ရာစု) ထိ
====================================
မိဂဒါဝုန်တောရှိ အဆောက်အအုံများ ပျက်စီးဆုတ်ယုတ်ခဲ့ပုံမှာ ခရစ်သစက္ကရာဇ်
၆-ရာစုခန့်က “မီဟိရကုလာ” အမည်ရှိသော ဟုန်းလူမျိုးတစ်ဦးသည် ထိုနေရာရှိ
အဆောက်အအုံတို့ကို ဖျက်စီးပစ်လေသည်။ သို့သော် မကြာမှီပြန်လည်ထူထောင်သဖြင့်ပြီးစီးခြင်းသို့ရောက်လေသည်။
ခရစ်သက္ကရာဇ် ၁၀-စုနှစ်သို့ ရောက်သော်နေရာတော်မှာ တစ်စတစ်စ ဆုတ်ယုတ်လာလေသည်။ ကျောင်းတော်ရာထဲမှ တူးဖော်ရရှိသော ဘုရားတစ်ဆူ၏ ပလ္လင်တွင်ဘင်္ဂလားပြည် မဟိပါလမင်း လက်ထက်ဖြစ်သော ၁၀၂၉-ခုနှစ်တွင် စတိလပါလနှင့်
ဝသန္တပါလ မည်သောပုဂ္ဂိုလ်တို့သည် ဤကျောင်းတော်ရာကြီးကို ပြန်လည်ပြင်ဆင်
သွားကြောင်းနှင့် ကျောက်ကမ္ပည်းထိုးသွားခဲ့ကြောင်း တွေ့ရှိရသည်။ ထို့နောက်ဗြဟ္မာဏပုဏ္ဏားတို့သည် မိဂဒါဝုန်တောကို အတင်းဓမ္မသိမ်းယူပြီးလျှင် ၎င်းတို့
ကိုးကွယ်သော နတ်ရုပ်၊ လိင်ရုပ်များထုထားခဲ့လေသည်။
ခရစ်သက္ကရာဇ် (၁၁)ရာစုခန့်တွင် မွတ်စလင်စစ်ဗိုလ်ချုပ် “စူလ်တန်မဟာမတ်ဂေါ်ဇနီ” ဦးဆောင်သော မွတ်စလင်စစ်သည်များ ပြင်းထန်စွာဖျက်စီးသွားခဲ့သည်။
ထို့နောက် ခရစ်သက္ကရာဇ် (၁၂)ရာစုတွင် မိုဟာမတ်ဂေါ်ရီ၏ စစ်ဗိုလ်မှူးကြီးတစ်
ယောက်ဖြစ်သူ ဂျင်နရယ်“ကုတ်ဘွဒ္ဒိန်”သည် နာလန်မထူနိုင်အောင် ဖျက်စီးခဲ့ရာဗုဒ္ဓရာဇ၀င်တွင် ကျယ်ပြန့်သော ကဏ္ဌကိုသိမ်းပိုက်ခဲ့သော မိဂဒါဝုန်သည် လက်ရှိအခြေအနေသို့ဆိုက်ရောက်ရလေသည်။
မိဂဒါဝုန်အား မွတ်စလင်တို့ဖျက်စီးပုံ
------------------------------------
ဗာရာဏသီမြို့တွင်း၌ မွတ်စလင်စစ်သည်တော်တို့သည် မြတ်စွာဘုရားရှင်၏ ဓမ္မစတြာ
တရားဦးဟောကြားတော်မူခဲ့ရာ မိဂဒါဝုန်တောသို့ တစ်ဟုန်ထိုးချီတက်လာပြီးလျှင် ကျောင်း၊
စေတီ၊ ပုထိုး စသော အဆောက်အအုံတို့ကို ရက်ရက်စက်စက် စတင်ဖျက်စီးလေသည်။
၎င်းတို့၏ ဖျက်စီးမှုကြောင့် ကျောင်း၊ စေတီ၊ ပုထိုးများမှာ လက်ရှိအခြေအနေသို့ ဆိုက်ရောက်ရလေသည်။
(မစ္စတာ ဒယာရာမ်ရှဟနီအမ် ၏ မိဂဒါဝုန်လမ်းညွှန်စာအုပ် ဟုခေါ်သောစာအုပ်၏ စာမျက်နှာ
၅-တွင် ရေးသားဖော်ပြထားသည်မှာ) -
“မိဂဒါဝုန်ကျောင်းတော်များကို ခရစ်သက္ကရာဇ် ၁၂-ရာစု ကုန်ခါနီးဖြစ်သော ၁၁၉၄-ခုနှစ်အထိ
ဆက်လက်အသုံးပြုခဲ့လေသည်။ ၎င်းနှစ်တွင် “မိုဟာမတ်ဂေါ်ရီ” ၏ ဗိုလ်မှူးကြီးတစ်ဦးဖြစ်သော
“ကုတ်ဘွဒ္ဒိန်” သည် ဗာရာဏသီရှင်ဘုရင် “ဘုရင် ဇယချန္ဒရမင်း” အား သတ်ဖြတ်လျှက် များစွာ
ကုန်သော စေတီများ၊ ကျောင်းများနှင့် ရုပ်တုတော်များကို ဖျက်စီးပစ်လေသည်”
(မေဂျာကစ်တိုး ရေးသားဖော်ပြသည့် စာအုပ်တွင်မူ)-
“ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော ရန်သူတို့သည် ကျောင်းတော်ကြီးကို မီးရှို့၍ စင်စစ် မသွေ ဖျက်ခဲ့လေသည်။ ရုတ်တရက်လောင်ကျွမ်းလာသော မီးကြီးများ၏ အရှိန်ကြောင့် ရဟန်းတော်များမှာ စားနေသောအစာများကိုပင် စွန့်လွှတ်ရလေသည်။ သွားရောက်ရှာဖွေသူတို့သည် ဂျုံဖြင့်ပြုလုပ်ထားသော ကိတ်မုန့်များကို အခန်းငယ်ကလေးများတွင် တွေ့ရှိ
ရလေသည်။ ထိုအခန်းငယ် ၂ ခန်းထဲ၌ ကျွန်ုပ်ကိုယ်တိုင် ချက်ထားသော ထမင်းများပါဝင်သည့် မြေအိုးကလေးများပင် တွေ့ရှိရသေး၏”
“ဗာရာဏသီပြည်ကြီး၏ ချမ်းသာကြွယ်ဝမှုသည် မကြာမှီပင် ပျက်စီးရန်အကြောင်း ဖန်တီး
ပေးလေတော့သည်။ “မိုဟာမတ်ဂေါ်ရီ”သည် ကာသိကရာဇ်တိုင်း ဗာရာဏသီမြို့ကို တိုက်
ခိုက်စဉ်က ဘုရင်ဇယချန္ဒရမှာ ကျုးကျော်ဝင်ရောက်တိုက်ခိုက်သူများကို မတွန်းလှန်နိုင်ရကား
၁၁၉၃-ခုနှစ်တွင် ဂေါ်ရီသည် ကာသိကရာဇ်တိုင်းကို အောင်မြင်လေတော့သည်”
“ဗာရာဏသီမြို့ရှိ များစွာသော စေတီပုထိုးများကိုဖျက်၍ ၎င်းနေရာများတွင် ဗလီများ၊ အရိုးအိုး
ဗလီများ ဆောက်လုပ်ကြလေသည်။ တိုက်ခိုက်လုယက်၍ ရသောပစ္စည်းများကို ကုလားအုပ်ပေါင်း
(၁၄၀၀)နှင့် သယ်ဆောင်သွားကြသည်”
“မိဂဒါဝုန်တောကို မွတ်စလင်တို့ ၂-ကြိမ်တိုင်ဝင်ရောက် ဖျက်စီးခဲ့ရာ ၎င်းတို့မှာ မဟာမတ်ဂါဇနီနှင့်
မဟာမတ်ဂေါ်ရီ တို့ဖြစ်လေသည်။ ပထမ၀င်ရောက်တိုက်ခိုက်သူမှာ အလုံးစုံမဖျက်စီးနိုင်ခဲ့ပေ။
မိဂဒါဝုန်အား နောက်ထပ်ဖျက်စီးသူ ဂေါ်ရီသာလျှင် နာလန်မထူနိုင်အောင် ဖျက်စီးလေသည်။
ရဟန်းတော်များမှာကား ဆွမ်းစားနေဆဲမှာပင် ရက်ရက်စက်စက် အသတ်ခံကြရလေသည်”
ကုလားအုပ်ပေါင်း ၁၄၀၀-နှင့် ယူဆောင်သွားကြသော ဘဏ္ဌာတော်များမှာ မိဂဒါဝုန်တောရှိ
ကျောင်းတော်များမှ အများဆုံးပါဝင်လေသည်။ ရန်သူ မွတ်စလင်မင်းတို့ ဖျက်စီးပစ်ခဲ့သော
မိဂဒါဝုန်အဆောက်အအုံတို့မှာ ခရစ် ၁၂-ရာစုမှစ၍ ခရစ် ၁၇-ရာစုထိ မြေကြီးထဲနစ်မြုပ်နေ
ကြသော်လည်း ပတ်ဝန်းကျင်ရှိ ရပ်သူရွာသားများမှာ ထိုအဆောက်အအုံများမှ ပစ္စည်းများကို
မည်သည့်အခါမှ ထုတ်ယူသုံးစွဲခြင်း မရှိခဲ့ကြချေ။
ရာဇ၀င်တစ်ခါပြောင်း၍ အင်္ဂလိပ်လက်ထပ်သို့ရောက်သော် “မက္ကဇင်”ဆိုသူ ကျောက်စာဝန်
ကြီးသည် ခရစ်သက္ကရာဇ် ၁၈၁၅-ခုနှစ်တွင် ထိုနေရာကို စတင်တူးဖော်လေသည်။ တစ်ဖန်
“ဆာအလက်ဇန္ဒား ကာနင်ဂန်” ဆိုသူသည် ခရစ်သက္ကရာဇ် ၁၈၄၅-ခုနှစ်တွင် တူးဖော်ပြန်လေ
သည်။ ထိုပုဂ္ဂိုလ်ကြီး တူးဖော်စဉ်က ရရှိခဲ့သော ပစ္စည်းတစ်ချို့ကို မိဂဒါဝုန်ပြတိုက်၌ သိမ်းဆည်း
ထား၍ တစ်ချို့ကိုမူ ကလကတ္တားပြတိုက်သို့ ပို့ဆောင်လေသည်။
ဤသို့တူးဖော်သောအခါ ရရှိလာသော ကျောက်အုတ်များစွာတို့ကို ဗာရာဏသီမြို့သို့ ယူဆောင်
ပြီးလျှင် “ကွိင်းကောလိမ်၊ ၀ရုနာမြစ်ရှိ ဒွန်ကင်တံတားဘူတာရုံ” စသည်တို့ကို ဆောက်လုပ်ကြ
လေသည်။ ၀ရုနာမြစ်ရှိ ရေကာတံတိုင်းကြီး ဆောက်လုပ်ရာတွင်လည်း ဘုရားရုပ်ပွားတော်
တစ်ဖက်ပါသော ကျောက်စာပေါင်း ၄၈-ချပ်နှင့် ပန်းပုပန်းနွယ်ပါသော ကျောက်ချပ်ပေါင်းများစွာ
တို့ကို အသုံးပြုခဲ့လေသည်။
မွတ်စလင်တို့ဖျက်စီးမှုကြောင့် ပြိုပျက်၊ ကျိုးပဲ့လျှက်ရှိသော ရုပ်တုတော်များ၊ သပိတ်ကွဲ၊ အိုးကွဲ၊
အိုးခြမ်းများကို ယခုအခါ ကျောက်စာဘက်ဌာနမှ ဆောက်လုပ်ထားသောပြတိုက်ထဲတွင် ဖူးမြင်
ကြရသည်။
ထိုပြတိုက်ထဲ၌ “အသောကကျောက်စာတိုင်” မှ ကျောက်ခြင်္သေ့ရုပ် သုံးပွင့်ဆိုင်ကြီးလည်းရှိ၏။
ကျောက်စာများလည်းရှိ၏။ ကျယ်ပြန့်လျှက် သာယာနာပျော်ဖွယ်ကောင်းခဲ့သော ကျောင်းတော်
ကြီးများမှာကား အုတ်နံရံကြီးများ၊ တံမံသလင်းများဖြင့် ပြိုပျက်လျှက်ရှိလေရာ လာရောက်ဖူး
မျှော်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ရှေးခေတ်ကို ပြန်လည် တသလွမ်းဆွတ်ရလေ
သည်။
ဤဌာနကို ဖူးမြင်ရသူတိုင်း ကျွန်ုပ်တို့သန္တာန်၌ ထကြွလေ့ရှိသော “သောက”တည်းဟူသော
ဒီလှိုင်းကြီးကို “သံဝေဂတရား”ဖြင့် ကာဆီးရပေသတည်း ......
Thant Lwin Oo
No comments:
Post a Comment