စတင်ရောက်ရှိလာသနည်း။ ဟူသည့် မေးခွန်းကို ဖြေဆိုရန်နှင့်
စတင်ရောက်ရှိချိန်ကို မှတ်တမ်းတင်ရန်အတွက် ရာဇ၀င်နှင့်
ဘုရားသမိုင်း(စာအထောက်အထား)
ခေတ်ပြိုင်အထောက်အထားများ၊ သုတေသနတွေ့ရှိမှုများဖြင့်
တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။
ထိုသို့ တိကျစွာမှတ်တမ်းတင်နိုင်ရန်
၁။ မြန်မာနိုင်ငံ၏ လူသားသမိုင်း မည်သည့်အချိန်မှစတင်
ပေါ်ပေါက်ထွန်းကားခဲ့သနည်း?
၂။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း မည်သည့်
လူနေဒေသများထွန်းကား၍ မည်သည့်ကိုးကွယ်ယုံကြည်
မှုဆိုင်ရာအထောက်အထားများ တွေ့ရှိရသနည်း?
၃။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာ
ခေတ်ပြိုင်ရောက်ရှိကြောင်း အထောက်အထားများရှိပါ
သလား? ထိုခေတ်ပြိုင်အထောက်အထားဆို
အဘယ်နည်း?
၎။ ရာဇ၀င်ဆရာ/စာရေးဆရာ/
အတိုင်း ပုဂံခေတ် အေဒီ ၁၁ ရာစု အနော်ရထာလက်ထက်
ရောက်မှ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်မဒေသသို့ ဗုဒ္ဓဘာ
သာရောက်ရှိသည်ဆိုသည်မှာ မှန်ကန်ပါသလား?
၅။ ပုဂံခေတ်ဗုဒ္ဓသာသနာသည် သရေခေတ္တရာမှ အမွေဆက်ခံ
ရရှိသလော? သထုံပြည်မှ အမွေဆက်ခံရရှိသလော?
အထက်ပါမေးခွန်းများကို သုတေသနအချက်အလက်များ
ခေတ်ပြိုင်အထောက်အထားများဖြ
ပါသည်။
--------------------------
၁။ မြန်မာနိုင်ငံ၏ လူသားသမိုင်း မည်သည့်အချိန်မှစတင်
ပေါ်ပေါက်ထွန်းကားခဲ့သနည်း?
မြန်မာနိုင်ငံအတွင်း ပရိုင်းမိတ်ခေတ်မှသည်
ကျောက်ကြမ်းခေတ်(အညာသားကျော
ကျောက်ချောခေတ်(ကျောက်ခေတ်သ
ကြေးခေတ်
သံခေတ်
စသည့်လူသားစဉ်ဆက်နေထိုင် ဖြစ်တည်လာမှုအထောက်
အထားများကို ကမ္ဘာ့ပညာရှင်များသိရှိလက်ခံ
*မြန်မာနိုင်ငံကျောက်ကြမ်းေ
--------------------------
စတီးဘုရားသား ရေနံကုမ္ပဏီမှ ဘူမိဗေဒအရာရှိ T.O Morries
သည် မြန်မာနိုင်ငံ ကျောက်ခေတ်နှင့်ပက်သက်၍ ကချင်ပြည်နယ်
နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေ
ကိရိယာများကို လေ့လာသကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းမြစ်
ကမ်းဆင့်များကို အဆင့်(၅)ဆင့်ခွဲ၍ လေ့လာခဲ့သည်။ အဆင့်
့(၃) ကုန်းပြင်မြင့်တွင် ကျောက်ခေတ်ဟောင်း လက်နက်များကို
လည်းကောင်း၊ အဆင့် (၄)တွင် ကျောက်ခေတ်သစ်လက်နက်
များကိုလည်းကောင်း လေ့လာဖော်ထုတ်ခဲ့သည်။
၁၉၃၇-၃၈ ခုနှစ်တွင် အမေရိကန်ပညာရှင်အဖွဲ့သည် မြန်မာ
နိုင်ငံအလယ်ပိုင်းရှိ ကျောက်ခေတ်ဟောင်း ယဉ်ကျေးမှုကို
လေ့လာတွေ့ရှိခဲ့ကြသည်။ ယင်းမြန်မာကျောက်ခေတ်ဟောင်း
ယဉ်ကျေးမှုကို ၎င်းပညာရှင်များက အညာသားယဉ်ကျေးမှု
(Anyathian Culture) ဟူ၍ အမည်ပေးခဲ့ကြသည်။
*မြန်မာနိုင်ငံကျောက်ခေတ်သစ
--------------------------
မြန်မာနိုင်ငံမြောက်ဘက် နာဂတောင်တန်းများမှ တောင်ဘက်
ထားဝယ်၊ တနင်္သာရီဒေသ ထိလည်းကောင်း၊ အရှေ့ဘက်ကုန်းပြင်
မြင့်မှ အနောက်ဘက် ရခိုင်ဒေသထိလည်းကောင်း ကျောက်ချော
ခေတ် လူနေမှုအထောက်အထားများ အများအပြားတွေ့ရှိရပါသည်။
ကျောက်ချောခေတ် လူနေဒေသများကို -
၁။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြိးမြို့နယ်ပိုင်တေ
မကုန်း၊ ကန္နီမြို့နယ်လည်ရွှေရွာ၊ တောင်မြောက်ရွာ၊ အိုင်တောင်းရွာ၊
သူဌေးကုန်း၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ၊ ကြက်ဖြူကုန်း၊ ချောင်း
ဦးမြို့နယ် နွယ်ခွေရွာ၊ ဒင်္ဂါးကုန်း၊ မုံရွာမြို့နယ် လှည်းဒါးရွာ၊ ဗောဓိ
တစ်ထောင်၊ ကျောက္ကာရွာ၊ အရာတော်မြို့နယ် စပါးတွင်းရွာ၊ ဆိပ်ဖူး
ကြီးရွာ၊ ရွှေဘိုမြို့နယ် ရေရင်းရွာ။
၂။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခေါင်းပေါင်းရွာ၊ မုဆိုးကုန်း၊ ချိုင်
ဆောက်ရွာ၊ စံဖဲရွာ၊ ရေစကြိုမြို့နယ် ပခန်းကြီးရွာ၊ ကြေးရိုးကုန်း၊
မင်းတုန်းမြို့နယ် ပန်းတောရွာ။
၃။ မန္တလေးတိုင်း တောင်သာမြို့နယ်၊ အင်းတဲရွာအိမ်ကုန်း၊ ကျောက်
ပန်းတောင်းမြို့နယ် ပုပါးဆုံကုန်းရွာ၊ သပိတ်ကျင်းမြို့နယ် ကြဲညပ်ရွာ၊
တကောင်း အမရပူရမြို့နယ် တောင်သမန်၊ ပုသိမ်ကြီးမြို့နယ် တောင်
ကိုင်းရွာ၊ စဥ့်ကိုင်းမြို့နယ် မက္ခရာမြို့ဟောင်း၊ အမရပူရမြို့နယ်တောင်
ပိုင်း။
၎။ ပဲခူးတိုင်း (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ်၊ တောင်လယ်ရွာ။
၅။ မွန်ပြည်နယ် သထုံ၊ သုဝဏ္ဏဘုမိမြို့ဟောင်း။
၆။ တနင်္သာရီတိုင်း-မြိတ်မြို့နယ
ချောင်းရွာ၊ ကြိမ်ချောင်း၊ မော်တုံရွာ မော်တုံ။ တို့သည် ကျောက်ခေတ်
သစ်နေရာဒေသများဖြစ်ကြောင်း သုတေသနနှစ်ပတ်လည် အစီရင်ခံ
စာများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
*မြန်မာနိုင်ငံ ကြေးခေတ်*
--------------------------
မြန်မာနိုင်ငံရှေးဟောင်းသုေ
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုက
၁၉၉၈ ခုနှစ်၌ စနစ်တကျတူးဖော်လေ့လာခဲ့သည်။
အရှေ့တောင်အာရှဆိုင်ရာ ကြေးခေတ်များကျွမ်းကျင်သူ ပညာရှင်
Dr.C.F.W. Hinghan က မြန်မာနိုင်ငံ ညောင်ကန်ဒေသတွင်း တူးဖော်
တွေ့ရှိရသော ကြေးခေတ်အထောက်အထားများအရ ညောင်ကန်
ကြေးခေတ်ယဉ်ကျေးမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ မှ ၃၀၀၀
အတွင်းထွန်းကားခဲ့သော မြန်မာနိုင်ငံညောင်ကန်ကြေးေ
ယဉ်ကျေးမှုတစ်ရပ်ဖြစ်ကြောင်း
၂၀၀၁ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံ ဗဟိုအမျိုးသားသိပ္ပံနှင့် သုတေ
သနဌာန (National Center of Scientific University in French :
CNRS) ပညာရှင်အဖွဲ့သည် တူးဖော်လေ့လာမှုပြုရာတွင် မြန်မာနိုင်ငံ
ရှေးဟောင်း သုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသ
ကြေးခေတ်ဒေသ (၁၆)ခုကို တုးဖော်လေ့လာရာတွင်-
ကြေးပုဆိန်၊ ကြေးပဲခွပ်၊ ကြေးလှံသွား၊ ကြေးဓါး၊ ကြေးမြှားသွား၊
ကြေးတူရွန်းငန်းပြား၊ ကြေးခလောက်၊ ကြေးခြူ၊ ကြေးလက်ကောက်၊
ကြေးခြေကွင်း၊ ကြေးဆံစွပ်၊ ကြေးလက်စွပ်၊ ကြေးချောင်း၊ ကြေးနန်း
စည်းထုပ်များ၊ ကြေးပန်းခတ်များ၊ အချောသွေးထားသော ကျောက်
ပုဆိန်၊ ကျောက်ပဲခွပ်များ၊ သံဓါး၊ သံလှံ၊ သံတူရွင်းများ၊ သံတံစဉ်
ချွန်များ၊ အချောသွေးထားသော (အဆင်တန်ဆာ) အ၀ိုင်းပုံ-
သုံးမြှောင့်ပုံ-လေးထောင့်ပ
ကွင်းများနှင့် ပုံစံတူဖလ်ကွင်းများ၊ ရောင်စုံကျောက်ပုတီးစေ့များ
ဖလ်ပုတီးစေ့များ၊ အိုးထိန်းစက်သုံ အိုးများနှင့် အခြားမြေထည်
ခွက်ယောက်များ၊ မြေမီးဖုတ်ချည်ငင်လွန်းဆံမျ
အစအနများ၊ လူရုပ်ကလာပ်များ၊ တိရိစ္ဆာန်အရိုးများ၊ လိပ်ခွံများ၊
သင်္ချိုင်းကျောက်တိုင် ၁ ခု အစရှိသဖြင့် တွေ့ရှိခဲ့ပါသည်။
ကျောက်လက်နက်နှင့် ကြေးလက်နက်ရောနှောတွေ့ရှိရေ
ခေတ်ဒေသများမှာ ညောင်ကန်ဒေသ၊ မုံထူးဒေသ၊ အင်းတဲဒေသ
များဖြစ်ပြီး၊ ကြေးလက်နက်နှင့် သံလက်နက်ရောနှောတွေ့ရှိရသော
ကြေးခေတ်ဒေသများမှာ မြင်းဦးလှည့်၊ ထုံးဘို၊ ကန်သစ်ကုန်း၊ ဖြာ-
ရဝေ၊ မြောက်လည်ကြေး၊ ကုက္ကိုခါးလှ ဒေသများဖြစ်သည်။ ကြေး
ခေတ်နှောင်း သံခေတ်ဦးဒေသများဟု သုံးသပ်ကြသည်။
ကြေးလက်နက်၊ ကျောက်အသုံးအဆောင်နှင့် သံလက်နက်များ
ရောနှောတွေ့ရှိရသော ကြေးခေတ်ဒေသမှာ နှောကန်ကြေးခေတ်
ဒေသ၊ ရွာထင်ကြေးခေတ်ဒေသ၊ ဥမင်ကြေးခေတ်ဒေသများ ဖြစ်
ကြသည်။ ကျောက်ခေတ်-ကြေးခေတ်-သံခေတ်
ပြောင်းခဲ့သောဒေသများဟု သုံးသပ်ကြသည်။
သံခေတ်ဒေသအဖြစ် မြို့လှ၊ ကျောက်ခေတ်မှ သံခေတ်သို့ကူး
ပြောင်းသွားသောဒေသအဖြစ် တောင်သမန်၊ ရွာကုန်းကြီး၊ ကု
က္ကိုခါးလှ ဒေသများဟု သိရှိရပါသည်။
*အရေးကြီးသော လေ့လာတွေ့ရှိချက်မှာ ကျောက်ခေတ်ယဉ်
ကျေးမှု ကာလများမှတဆင့် ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု
ကာလများကို ပိုင်ဆိုင် ဖြတ်သန်းခဲ့ကြသော ဒေသခံတို့သည်
ရှေးကတည်းက မြန်မာနိုင်ငံအတွင်းမှာ တည်ရှိခဲ့ကြောင်း၊
ယင်းသူတို့သည် မြန်မာနိုင်ငံပြင်ပမှ ရွှေ့ပြောင်းလာသူများ
မဟုတ်ကြောင်း၊ ယင်းသူတို့သည် မြန်မာနိုင်ငံ ကျောက်ခေတ်
ကတည်းက နေထိုင်လာခဲ့ကြသော မြန်မာနိုင်ငံဘွား ဇာတိ
သားများဖြစ်ကြောင်း ဟူသောအချက်ပင်ဖြစ်သည်။
ခေတ်နှစ်ခေတ်၏ အကူးအပြောင်းကာလတွင်မူ အဆိုပါခေတ်
နှစ်ခေတ်၏ ယဉ်ကျေးမှုစရိုက်လက္ခဏာ နှစ်မျိုးကို အတူယှဉ်တွဲ
ဖြစ်ထွန်းနေလေ့ရှိကာ ခေတ်ခြင်းမတူသော အထောက်အထား
ပစ္စည်း နှစ်မျိုးလုံးကို အတူယှဉ်တွဲတွေ့ရလေ့ရှိသည်။
မြန်မာနိုင်ငံကြေးခေတ် ယဉ်ကျေးမှုဒေသများကို တူးဖော်လေ့လာ
ကြည့်သောအခါ ကြေးခေတ်ရှေ့မှ ထွန်းကားခဲ့သော ကျောက်
ခေတ်သစ်အထောက်အထားများကိုလည
နောက်မှဖြစ်ထွန်းမည့် သံခေတ်အထောက်အထားများကို လည်း
ကောင်း အတူယှဉ်တွဲလျှက် တွေ့ရှိရသော ကြေးခေတ်ဒေသများ
ဖြစ်ပါသည်။ ယင်းအချက်မှာ *ပရိုင်းမိတ်မှစတင်ကာ မြန်မာနိုင်ငံ
ရှေးဦးလူသားတို့၏ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ခေတ်
စဉ်မပြတ် ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့
မှု၏ ခေတ်စဉ်မပြတ်ဆက်စပ်ဖွံ့ဖြို
ကြီးစွာ တွေ့ရမြင်ရသည့် ဖြစ်ရပ်သာဓကများဖြစ်ပါသည်။
အဆိုပါ သံခေတ်ယဉ်ကျေးမှုအထောက်အထားမ
ဒေသများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ် ဒေသတို့တွင်
တွေ့ရှိရသော အထောက်အထားများသည် တစ်ခုနှင့်တစ်ခု တစ်
နေရာနှင့်တစ်နေရာ ယဉ်ကျေးမှုခြင်း ဆက်နွယ်လျှက်ရှိကြောင်း
အထင်အရှားတွေ့မြင်ရပါသည်။*
*ရှေးဟောင်းသုတေသန ဌာနအတွင်းမှပညာရှင်များ၊ ပြင်ပ
ပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)၊ သြစတြေးလျနိုင်ငံ ဆစ်
ဒနီတက္ကသိုလ်မှ Phd ဘော့ဟတ်ဆင် (Phd.Bob Hadson)၊
အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ ဂျက်နက်စတားဂတ်
(Phd. Janic Star Gard)၊ လန်ဒန်တက္ကသိုလ်မှ Phd အဲလစ်
ဇဘက်မိုး (Phd.Elizabeth Moor) တို့က ပျူယဉ်ကျေးမှု မြစ်
ဖျားခံရာသည် စမုံမြစ်ဝှမ်းရှိ သံခေတ်ဒေသများ ဖြစ်သည် ဟု
အဆိုပြုခဲ့ကြပါသည်။
ဂျက်နက်စတားဂတ် (Phd. Janic Star Gard) သည် သူ၏
(The Ancient Pyu of Burma) သမိုင်းကျမ်းကြီးတွင်
“ပျူတို့သည် သူတို့၏ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ
ဟူသော မြို့ကြီး(၃)မြို့ကို ထူထောင်နိုင်ရန်မှာ (အနည်းဆုံး)
ဘီစီ ၁၀၀၀ ၀န်းကျင်ကတည်းက စိုက်ပျိုးရေး၊ မွေးမြူရေး
လုပ်ငန်းများ လုပ်ကိုင်လျှက် ရွာပေါင်းမြောက်မြားစွာ ပေါ်
ထွန်းခဲ့ပြီး ဖြစ်မည်” ဟု သုံးသပ်ပြောဆိုပါသည်။
စမုံမြစ်ဝှမ်းကြေးခေတ်ယဉ်ကေ
(ဘီစီ ၇၀၀-၄၀၀)တို့ကို တူးဖော်လေ့လာတွေ့ရှိခြင်း၊ ကြေး
ခေတ်နှောင်း သံခေတ်ဦးရွာများကို တူးဖော်လေ့လာတွေ့ရှိ
ခြင်းများသည် ဂျက်နက်စတားဂတ်၏ မြော်မြင်သုံးသပ်ပြော
ဆိုချက်ကို ထောက်ခံလျှက် ရှိပါသည်။
ဟန်လင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း
--------------------------
ရှေးဟောင်းသုတေသနဌာနမှ ဟန်လင်းမြို့ဟောင်း တူးဖော်
ကုန်းအမှတ် (၃၀)ကို တူးဖော်လေ့လာရာတွင် မြေအနက် ၁၀
ပေ-၁၂ ပေတွင် ကျောက်ချောခေတ်၊ ယင်းအထက် ၁၀ပေ
ခန့်တွင် ကြေးခေတ်၊ ယင်းအထက်တွင် သံခေတ်၊ သံခေတ်
အထက်တွင် ပျူခေတ်၊ အပေါ်ယံတွင် ယခုခေတ် အသုံးအ
ဆောင်များ တွေ့ရှိခဲ့ရာ မြန်မာနိုင်ငံ၌ လူသားတို့သည်
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် တစ်ခုမှနောက်တစ်
ခုသို့ တိုးတက်ဖွံ့ဖြိုးကာ ဤနေရာ ဤဒေသတွင်ပင် တစ်
ဆက်တည်း နေထိုင်ခဲ့ကြကြောင်း ထင်ရှားခိုင်မာစွာ ပေါ်
ပေါက်တွေ့ရှိရသော သက်သေသာဓကများပင် ဖြစ်ပါ
သည်။ ထိုသို့ အစဉ်တစ်စိုက် အခြေချနေထိုင်ခဲ့ကြသူ
များမှာ အခြားသူများမဟုတ်ပျူလူမျိုး
လေ့လာတွေ့မြင်ရပါသည်။
ဟန်လင်းမြို့ဟောင်း တူးဖော်ကုန်းတွင် ကျောက်တည်
လက်စ (Semi Fossil) လူရုပ်ကလာပ်များကို တွေ့ရှိခဲ့
ပါသည်။ ကျောက်ဖြစ်ရုပ်ကြွင်း ဘူမိဗေဒပညာအရ ထို
ရုပ်ကလာပ်များသည် အနည်းဆုံး သက်တမ်း အနှစ်
(၄၅၀၀ မှ ၅၅၀၀)ခန့်ရှိကြောင်း သိရပါသည်။ သို့ဖြစ်
ရကား ဟန်လင်းပျူလူနေဒေသသည် အနည်းဆုံး
အနှစ် (၄၅၀၀ မှ ၅၅၀၀)ကြား သက်တမ်းရှိနေပြီဖြစ်
ကြောင်း ခိုင်မာစွာ တွေ့ရှိရပါသည်။
ဟန်လင်းပျူသင်္ချိုင်း၏ အောက်ခြေ ပေ ၁၉ပေ-ပေ ၂၀
အနက်တွင် ရှိသော ကမ္ဘာ့ကျောက်သား အပေါ်ယံမျက်နှာ
ပြင်နှင့် ကပ်လျက်တွင် အစောဆုံးဟန်လင်းလူသားရုပ်က
လာပ်ကို မြုပ်နှံတည်ရှိလျှက် ရှိပါသည်။ ယင်းရုပ်ကလာပ်ရှင်
လူသားတို့ မကွယ်လွန်မှီ ရှင်သန်နေထိုင်စဉ်ကာလ ဟန်လင်း
ဒေသသည် လွန်းခဲ့သော နှစ် ၅၀၀၀ ခန့်က ဟန်လင်းကျောက်
ချောခေတ်၏ ပထမဦးဆုံး လူနေဒေသဟုယူဆရန် အကြောင်း
တရားရှိပါသည်။ တစ်နည်းဆိုရသော် ဟန်လင်းပျူသင်္ချိုင်း၏
အနက်ဆုံးအောက်ခြေမှ ရုပ်ကလာပ်များ၏ပိုင်ရှင် ကျောက်
ချောခေတ်လူသားများသည် ဟန်လင်းကျောက်ချောခေတ်
လူနေဒေသတွင် ပထမဦးဆုံး အခြေချနေထိုင်ခဲ့သူများ
ဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
ခင်ကြီးဖျော်ဆရာတော် ရေးသားစီစဉ်တော်မူအပ်သော
ဇမ္ဗူ့ကွန်ချာကျမ်းတွင် -
“ကမ္ဘာဦးအစ၌ဖြစ်သော ဗျူတို့၏ အစကား မြစ်ကား ဧရာဝတီ၊
ပြည်ကား ဟံသာဝတီ(ဟန်လင်း)၊ ထိုပြည်တွင် အစကား
ဗျူတို့ မင်းပြု၏” ဟူသော ရှေးဗမာ့ရာဇ၀င်မှတ်တမ်းတင်ခ
မုံရွေးဆရာတော်ဘုရားကြီး ရေးသားပြုစုစီစဉ်တော်မူသော
စေတိယကထာမည်သော ရာဇ၀င်ချုပ်တွင် -
“သုပရန္တတိုင်း(ဧရာဝတီမြစ်၏ အနောက်ဘက်နှင့် မြောက်ဘက်
ဒေသ)၊ တမ္ပဒီပတိုင်း(ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့်တောင်ဘက်
ဒေသ) အပြင်၌ တည်နေကုန်သော လူအပေါင်းတို့သည်လည်း
ကမ္ဘာဦးက ဗြဟ္မာ၊ နတ်တို့၏ အနွယ်က လာသည်။ ဗြဟ္မာ၊
နတ်တို့ကို ကိုးကွယ်လေ့ရှိသောကြောင့် ဗြဟ္မာမျိုးဟူ၍ ခေါ်ကြ
လေကုန်၏။ ရှည်လျားသောကာလ၌ ဗြူ ဟူ၍လည်းကောင်း၊
မြန်မာဟူ၍လည်းကောင်း တွင်ပြန်လေ၏။” ဟူသော ရှေးဗမာ့
ရာဇ၀င်မှတ်တမ်းတင်ချက်များ မှန်ကန်ကြောင်း လေ့လာသိရှိ
နိုင်ပါသည်။
အရမ်းတော်တဲ့သူ
ReplyDeleteအမ်ျိုးသားရေးမှာ ဒီလိုပညာရှင်တွေတကယ်လိုအပ်ပါတယ်
လေးစားအားကျမိပါရဲ့
အရမ်းတော်တဲ့သူ
ReplyDeleteအမ်ျိုးသားရေးမှာ ဒီလိုပညာရှင်တွေတကယ်လိုအပ်ပါတယ်
လေးစားအားကျမိပါရဲ့