Saturday, August 29, 2015

သီတဂူဆရာတော်၏ ထေရုပ္ပတ္တိ


သီတဂူဆရာတော်၏ ထေရုပ္ပတ္တိ
•~•~•~•~•~•~•~•~•~•~••
Like & Share လုပ်၍ ကုသိုလ်ယူပါ

သီတဂူဆရာတော် ဦးဥာဏိဿ ရ (၁၉၃၆ခုနှစ်) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့ပါသည်။
အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။ သက္ကရာဇ် ၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ ဘီအမ်အေ ကောလိပ် (မြန်မာ ဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက် ခဲ့ပါသည်။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင် တည်ဆောက်ခဲ့ပါသည်။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်-သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ (တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ ) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါသည်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း (၂၀)ခန့်ဖြင့် ဆေးဝါး ကုသ ဒါနပြုလျှက် ရှိပါသည်။) ၁၃၅၁ - ဆေးရုံပြီးမြောက် (ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။ ) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါန အလှူတော် သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီ အလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်) နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများ တည်ဆောက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံ တရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာ ဖြစ်သည်။ မျက်စိ အလင်းရရန် ခွဲစိတ် ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။

ပြည်ပသာသနာပြုခရီး
၁၉၈၁ခုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ် သွားရောက် သာသနာပြုခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ် ဆိုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာ ကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချ ဟောကြား ခဲ့ပါသည်။ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှ မျက်စိကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ပါသည်။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ် (၁၅)ယောက်တို့ဖြင့် ထေရ၀ါဒ ဓမ္မအသင်းကို တည်ထောင်ခဲ့ပါသည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ် တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့ပါသည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ် စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့ပါသည်။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချပေးခဲ့ပါသည်။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ၁၉၉၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင်ခဲ့ပါသည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မ စာစောင်များ ထုတ်ဝေခဲ့ပါသည်။ဓမ္မသင်တန်း များပို့ချခဲ့ပါသည်။် ၂၀၀၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေ ပို့ချခဲ့ပါသည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။

အစိုးရက ဆက်ကပ်သည့် ဘွဲ့များ
၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့
၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့
၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa)
၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံး ဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။

ရေးသားပြုစုခဲ့သည့် စာပေများ
၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ၁၆။ကုမုဒြာတွေပွင့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့် ကျေးဇူး ဆပ်နိုင်ကြပါစေ။ ကုသိုလ်ဒါနပြုနိုင်ကြပါစေ...

BREAKING NEWS



မလေးရောက် ရွှေမြန်မာတို့ ဆက်လက်သတိပြုပေးပါ
မလေးရှား Bersih 4.0 ၏ ၂၉.၈.၂၀၁၅ ညအိပ်ဆန္ဒပြပွဲ ပုံရိပ်များ 
*******************************************************************
ဆန္ဒပြပွဲ နောက်ဆက်တွဲ
မလေးရှား (၂၉.၈.၂၀၁၅)
မလေးရှားရောက်မြန်မာများ သိရှိရမည်မှာ ယခု ဆန္ဒပြပွဲတွင် ရှပ်ဝါဝတ် Bersih 4.0 ဆင်နွဲသူများ တစ်ခုတည်း လှုပ်ရှားမှုရှိနေခဲ့ပြီး ဆန့်ကျင်သည့်အဖွဲ့ လုံးဝမပါဝင်လာသေးကြောင်း သိရန်ဖြစ်သည် ။
ဆန့်ကျင်မည့် အဖွဲ့သည် အနီဝတ် မည့်အဖွဲ့ဖြစ်ပြီး ယခု ဆန္ဒပြသည့်သူများကို တုန့်ပြန်မည့်အဖွဲ့ဖြစ်ကာ ယနေ့ မပါဝင်ပဲ ရက်နောက်ဆုတ်ကြောင်း မနေ့က သတင်းထုတ်ပြန်ထားပြီးဖြစ်သည် ။
ယခုဆန္ဒပြပွဲတွင် လက်ရှိအာဏာရ ပါတီ၏ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီ ပါဝင်လာခြင်းဖြစ်ပြီး မနက်ဖြန် ၃၀.၈.၂၀၁၅ ည သန်းခေါင် 11:59 အထိ ဆင်နွဲမည်ဖြစ်ကြောင်းကြော်ငြာထားပြီးဖြစ်သည်ကိုသိရန်လိုသည် ။
ထို့ကြောင့် မနက်ဖြန်တစ်ရက်သည်ဆက်လက် သတိထားရမည့်ရက်ဖြစ်ကြောင်း အသိပေးလိုပါသည် ။ သာမာန်သွားလာ လုပ်ကိုင်နိုင်သည် ။ အကျီအရောင် အနီ နှင့် အဝါမဖြစ်ရန်အရေးကြီးသည် ။
ရထားပြေးဆွဲမှု့များ ရပ်တံ့မထားပါ ။ ကွာလာလမ်ပူ မာဒေးကားကွင်းပတ်ဝန်းကျင် တဝိုက် ကားလမ်းအားလုံး ပိတ်ထားသည် ။ ဆန္ဒပြရာနေရာရှိ ဆိုင်အများစု ပိတ်ထားသည် ။ နေ့လည်ပိုင်း တွင် Sogo , Kota Raya , Maybank Tower , Dataran Merdeka , China Town (Jalan Pataling) နေရာများတဝိုက် လမ်းများ ပိတ်ပါလိမ့်မည် ။
ယနေ့ပွဲတွင် ယခင် နှစ်ကဲ့သို့ ရိုက်နှက် ဖမ်းဆီး ခိုက်ရန်ဖြစ်ပွားမှု မများခဲ့ပါ ။ သို့သော် မနက်ဖြန်အတွက်စောင့်ကြည့် သတိထားသွားလာရန်လိုသည် ။ အလုပ်မပျက်ဆက်လက်သွားလာနိုင်ပါသည် ။ အဝတ်အစား အထူးသတိပြုပါ ။ အနီ ၊ အဝါ မဝတ်ဆင်ရန် ဆက်လက်သတိပေးပါသည် ။

Friday, August 28, 2015

BREAKING NEWS

(မလေးရောက် မြန်မာများသို့ လက်ဆင့်ကမ်းပေးကြပါရန်)
၂၉/၃၀.၈.၂၀၁၅ အတွက်မလေးရောက် မြန်မာနိုင်ငံသားအားလုံးသတိပြုရန် နှိုးဆော်ချက်
မလေးရှား (၂၈.၈.၂၀၁၅)
မလေးရှားရောက်မြန်မာနိုင်ငံသားများအားလုံး မနက်ဖြန်တွင် စတင်မည်ဖြစ်သော ၂ ရက်ကြာမည့် မလေးရှားနိုင်ငံလုံးဆိုင်ရာ လက်ရှိအစိုးရအား ဝေဖန်ဆန့်ကျင်သည့် Bersih 4.0 ဆန္ဒပြပွဲ ရက်အတွင်း သတိပြုသွားကြရန် မလေးရှားရောက်မြန်မာများအဖွဲ့မှ အထူးသတိပေးလိုက်ပါသည်။ အောက်ပါအချက်များကို လေ့လာ ပြီး ရှောင်ကြဉ်နိုင်ရန် နှင့် လိုက်နာဆောင်ရွက်ရန် တိုက်တွန်းသည် ။
၁။ ယခု နှစ် ဆန္ဒပြပွဲသည် ယခင်နှစ်များတွင် ကျင်းပခဲ့သော Bersih 2.0 , 3.0 တို့ကဲ့သို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ မြန်မာဆိုင်များအနီးတွပင် ထပ်မံပြုလုပ်မည်ဖြစ်ပါသည်။
၂။ ကွာလာလမ်ပူ Time Square , Lowyat , Sogo , Kota Raya , Maybank Tower , Merdaka Square , China Town ၊ ဂျိုဟိုး ၊ ပီနန်း စသော နေရာများတွင်ပင် ယခုနှစ် ပြုလုပ်မည်ဖြစ်သောကြောင့် ထိုနေရာများတွင် သွားလာ ၊ တာဝန်ထမ်းဆောင်နေသော မြန်မာအားလုံး အထူးသတိပြုသွားလာရန် လိုအပ်ပါသည်။
၃။ ကွာလာလမ်ပူ ဆန္ဒပြသော နေရာများအနီးတွင် ဆန္ဒပြပွဲအချိန်များအတွင်း ကားလမ်းပိတ်ဆို့မှုများဖြစ်မည်၊ ရထားဘူတာ အချို့ပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
၎။ ယခု နှစ် ဆန္ဒပြပွဲသည် ယခင်နှစ်များထက် ထူးခြားမှုရှိပါသည်။ ယခင် တီရှပ်အကျီ အဝါ ဝတ်ဆင်ဆန္ဒပြသော Bersih အဖွဲ့တစ်ဖွဲ့တည်း ဆန္ဒပြခဲ့သော်လည်း ***ယခုနှစ်တွင် ထိုအကျီင်္အဝါ ဝတ်ဆင်မည့်သူများကို ပြန်လည်ဆန့်ကျင်မည့် တီရှပ်အနီဝတ် Anti Bersih *** အဖွဲ့များမှ ပါဝင်လာမည်ဖြစ်သောကြောင့် ထိုင်နိုင်ငံတွင် ဖြစ်ခဲ့သော ရှပ်နီ ၊ ရှပ်ဝါ ၂ ဖွဲ့ ကဲ့သို့အလားတူသည့်အတွက် ခိုက်ရန်ဖြစ်ပွား မှုများနိုင်သောကြောင့် သတိထားရန်အထူးလိုအပ်ပါသည် ။
၅။ ဆန္ဒပြပွဲသည် ဆန့်ကျင်ဘက် အဖွဲ့ ၂ ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ကြားမညပ်စေရန် ၂၉ နှင့် ၃၀ (စနေ ၊ တနင်္ဂနွေ) ၂ ရက်အတွင်း တီရှပ် ဗြောင် အဝါ နှင့် အနီ လုံးဝမဝတ်ဆင်ရန် အထူး (အထူး)သတိပေးတားမြစ်အပ်ပါသည်။ မလေးရှားရောက်မြန်မာများ အားလုံးသို့ ယနေ့အသိပေးလိုသည်မှာ ..... မိမိသွားလိုသောနေရာသို့သွားနိုင်သည် သို့သော် တီရှပ် အဝါ ၊ နှင့် အနီလုံးဝ (လုံးဝ) မဝတ်ဆင်ရန် ထပ်မံသတိပေးအပ်ပါသည် ။
မလေးရှားရောက် သူငယ်ချင်း/မိတ်ဆွေများသို့ ဆက်လက် မျှဝေရန် တိုက်တွန်းအပ်ပါသည်။
Source- မလေးရှားရောက်မြန်မာများ Facebook (www.facebook.com/mmrinmy)

Monday, August 10, 2015

ဖြေသင့်ဖြေထိုက်တဲ့ မေးခွန်းများရဲ့အဖြေတွေကို
လိုတိုရှင်း ဖြေပေးထားပါတယ်။ မေးသူကစာတစ်ကြောင်း၊
ဖြေသူက စာတစ်ပုဒ်ဖြစ်တာကြောင့် သိလိုသမျှကို အတိုချုပ်
ဖြေပေးတာဖြစ်ပါတယ်။
Q - မြန်မာကို တရုတ်က မန်စို(မန်စော)လို့ခေါ်တာရယ်၊
အခြားလူမျိုးစုများကလဲ မန် လို့ခေါ်ကြတာရှိပါတယ်။
မန် အစုဝင်အကြောင်းလေးများရှင်းပြပါ။ လို့ဆိုပါတယ်။
ဒီမေးခွန်းရဲ့အစကို ပြန်သွားကြည့်ရင် ဂျီအိပ်ခ်ျလုစ်ရဲ့
ဗမာအစကျောက်ဆည် ဆိုတဲ့ဗမာ့သမိုင်းလုပ်ဇတ်ကနေ
အဆင့်ဆင့်ကိုးကားလာတဲ့ နောက်ရေး ဇာတ်လမ်းများသာ
ဖြစ်ပါတယ်။ လုစ်ဟာ ဗမာအစကျောက်ဆည်စာတမ်းမှာ
အေဒီ ၈၃၂ ခုအရောက် နန်စောတို့က ပျူနိုင်ငံကိုဝင်တိုက်
တဲ့အတွက် ပျူနိုင်ငံ၊ ပျူလူမျိုးတို့ပျက်သုန်းကာ လူသူမရှိတဲ့
လစ်လပ်နေရာ (Vacuum) ဟာလာဟင်းလင်းနိုင်ငံကြီး
ဖြစ်သွားကြောင်း၊ ထိုသို့ နေသူမရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း
မြေပြန့်ဒေသတွေကို နန်စောလက်အောက်ခံ မန်အရိုင်းလူမျိုးစု
တွေဝင်ရောက်လာကြောင်း၊ ထို မန်အရိုင်းလူမျိုးစုတွေဟာ
ရှေးဦးမြန်မာကြီးများဖြစ်ကြောင်း စတဲ့အချက်အလက်တွေကို
တရုတ် မန်ရှုကျမ်းကိုးကားပြီးတော့ ပြောဆိုရေးသားခဲ့တာ
ဖြစ်ပါတယ်။
ထိုအဆို မှန်မမှန်ကို စစ်ဆေးကြည့်တဲ့အခါမှာ မန်ရှုကျမ်း
မူရင်းထဲမှာ ရေးထားတာတွေနဲ့ လုစ်ပြောသွားတာတွေဟာ
လုံးဝမမှန်ကန်ဘဲ ရှေ့နောက်မညီ အကြီးအကျယ်မှားယွင်း
နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
*မန်ရှုကျမ်းမူရင်းမှာ အေဒီ ၈၃၂ မှာ နန်စောရန်ကြောင့်
ပျူနိုင်ငံ/ပျူလူမျိုး ပျက်သုန်းတယ်လို့ မပါရှိပါ။ နန်စောတို့
ပျူဒေသတစ်ခုကို ၀င်ရောက်တိုက်ခိုက်ပြီးတော့ သုံ့ပန်း
(၃၀၀၀)သုံးထောင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသာ
ပါရှိပါတယ်။ မည်သည့်ဒေသကို ၀င်ရောက်တိုက်ခိုက်တယ်
လို့တောင် သေသေချာချာမဖော်ပြထားပါ။*
*ထိုမန်ရှုကျမ်းမှာပဲ အေဒီ ၈၆၄ ခုနှစ်အထိ ဧရာဝတီမြစ်ကမ်း
ဘေးမှာ ပျူတပ်မြို့ကြီးတည်ရှိထွန်းကားနေကြာင်း၊ ထိုအရပ်
ကကုန်သည်များဟာ ယူနန်နယ်အထိ ကုန်စည်ကူးသန်း
ရောင်းဝယ်မှု ပြုကြကြောင်းဖော်ပြပါရှိပြီး ထိုမန်ရှုမှတ်တမ်းပါ
ပျူတပ်မြို့ကြီးသည် အေဒီ ၈၄၆ ကနေ အေဒီ ၈၇၆ အထိ
နန်းစံခဲ့တဲ့ ပျဉ်ပြားမင်းကြီးရဲ့ စတုတ္တပုဂံမင်းနေပြည်သာ
ဖြစ်ပါတယ်။ *
*ဒါ့အပြင် မန်အရိုင်းလူမျိုးစုနဲ့ ၀န်ကျူထော်၊ ဖုထော်
လူမျိုးစုတွေဟာ အေဒီ ၈၆၄ ခုနှစ်အထိ ယူနန်နယ်ကနေ
ဘယ်အရပ်ဒေသကိုမှ ပြောင်းရွှေ့မသွားခဲ့ဘဲ နန်စော
လက်အောက်ခံအဖြစ်သာနေထိုင်နေကြောင်း မန်ရှုကျမ်းမှာ
အတိအလင်းဖော်ပြထားပါတယ်။ ဒါကို လုစ်က ထိမ်ချန်ပြီး
ဗျောင်လိမ်သွားတာဖြစ်ပါတယ်။ မန်ရှုကျမ်းကိုရေးသားခဲ့တဲ့
စစ်သူကြီးဖန်ချောကိုယ်တိုင်က မန်လူမျိုးစုတွေ မြန်မာနိုင်ငံ
အတွင်းဝင်ရောက်လာခြင်းမရှိတာကို သိတာကြောင့်
အေဒီ ၈၄၆ ပုဂံနိုင်ငံကို ပျူနိုင်ငံအဖြစ်သိရှိမှတ်တမ်း
တင်ခဲ့တာဖြစ်ပါတယ်။ *
မြန်မာတွေဟာ အေဒီ ၉ ရာစုမှ တခြားအရပ်ဒေသကနေ
ရွှေ့ပြောင်းလာတယ်ဆိုတဲ့ လုစ်ရဲ့ဗမာ့သမိုင်းလုပ်ဇာတ်
မှားယွင်းကြောင်းကိုလည်း တရုတ်နန်းတော်မှတ်တမ်း
ကြီးတွေက အတိအလင်းညွှန်ပြနေပါတယ်။
*ဆရာဦးရည်စိန်ရဲ့ “တရုတ်မှတ်တမ်းပါ ရှေးဟောင်း
မြန်မာနိုင်ငံ အမည်တစ်ခု” သုတေသနစာတမ်းမှာ
စုန့်မင်းဆက်ခေတ် (အေဒီ ၁၀-၁၃ ရာစု) တရုတ်တို့သည်
ပုဂံနိုင်ငံ (ဗမာနိုင်ငံ)ကို မြန်မာနိုင်ငံဟုလည်း ခေါ်ဝေါ်ကြောင်း၊
ပျူနိုင်ငံဟုလည်းခေါ်ဝေါ်ကြောင်း ဖော်ထုတ်တင်ပြခဲ့ပါတယ်*
*ထို စုန့်ခေတ်တရုတ်နန်းတော်သို့ ပုဂံ-ဗမာ ကျန်စစ်သားမင်းကြီး၏
သံအဖွဲ့၊အလောင်းစည်သူမင်းကြီး၏ သံအဖွဲ့များ ရောက်ရှိခဲ့ပြီး
ယင်းပုဂံနိုင်ငံ ဗမာနိုင်ငံကို စုန့်မင်းဆက်ခေတ် တရုတ်တို့က
“ပျူနိုင်ငံ ပျူ” လို့ သိရှိမှတ်တမ်းတင်ခဲ့ကြပါတယ်။*
*ထန်မင်းဆက် (အေဒီ ၇-၁၀ ရာစု) သမိုင်းသစ် ဖျောက်(ပျူ)နိုင်ငံ
အခန်းတွင် “ဖျောက်(ပျူ)နိုင်ငံသည် ရှေးဟောင်း ကျူးပေါဖြစ်၏”
ဟုလည်းကောင်း၊ အေဒီ ၁၅ ရာစု တရုတ် မင်မင်းဆက် ၀မ်လိခေတ်
တရုတ်ပညာရှင် ပေါင်းကျိ-ယန်ကျိ-ယယ်၏ မြန်မာနိုင်ငံအကျဉ်း
စာတမ်းတွင် “မီယယ်(န်)(မြန်)သား (မြန်မာ) တို့သည် ရှေးဟောင်း
ကျူးပေါဖြစ်၏။ ဟန်မင်းဆက်ကာလ (ဘီစီ ၂ ရာစု) တရုတ်တို့သည်
ဖန်(ဗြဟ္မာ) ဟုခေါ်သည်။ ထန်မင်းဆက်ကာလတွင် ဖျောင်(ပျူ) ဟု
ခေါ်သည်။ စုန့်မင်းဆက်နှင့် ယွယ်(န်)မင်းဆက်ကာလတွင် မီယယ်
(မြန်)(မြန်မာ)ဟု ခေါ်ကြသည်။” ဟု သိရှိမှတ်တမ်းတင်ထားကြောင်း
ဆရာဦးရည်စိန် ဖော်ထုတ်ခဲ့ပါတယ်။*
*ယွယ်န်ရှိမင်းဆက် (မွန်ဂိုမင်းဆက်) အေဒီ ၁၃-၁၄ ရာစု မှတ်တမ်းမှာ
ဗမာနိုင်ငံကို “ပုဂံနိုင်ငံ ၊ ပျူနိုင်ငံ ၊ မြန်မာ (မီယန်)နိုင်ငံ” ဟုမှတ်တမ်း
တင်ခဲ့ကြောင်း၊ ကူဗလိုင်ခန်၏ စစ်သူကြီး သုသုတက္ကီမင်းသားသည်
တကောင်းကို သိမ်းပိုက်၍မြန်မာပြည်အုပ်ချုပ်ရေးဒေသ ဖွင့်လှစ်ခဲ့သည့်
အပြင် ပုဂံမင်း ကျော်စွာ၏ သံအဖွဲ့သည် ယွန်ရှိနန်းတော်သို့ ရောက်ရှိ
သကဲ့သို့ ယွန်ရှိနန်းတော်မှ ခန်းမင်းကြီး၏အဆင့်မြင့် အရာရှိများလည်း
ပုဂံသံအဖွဲ့အပြန်တွင် ပုဂံနိုင်ငံ ပုဂံနန်းတော်သို့ရောက်ရှိခဲ့ရာ
ဗမာ-မြန်မာသည် ပျူ ၊ ပျူသည် ဗမာ-မြန်မာ ဖြစ်သည်ဆိုသည်ကို
ကောင်းစွာတွေ့မြင် သိရှိလျှက် ဗမာနိုင်ငံကို ပုဂံနိုင်ငံ၊ ပျူနိုင်ငံ၊
မြန်မာ(မီယန်) နိုင်ငံဟု ယွန်ရှိမင်းဆက်မှတ်တမ်းတွင် အမည် ၃
မည်ဖြင့် မှတ်တမ်းတင်ထားကြောင်း ဦးရည်စိန်၏ ရှင်ဒိသာပါမောက္ခ
ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ သုတေသနစာတမ်းနှင့် The Chinese
Incription at Pagan သုတေသနစာတမ်းများတွင်ဖော်ထုတ်တင်ပြ
ထားပါတယ်။*
မည်သည့်တရုတ်မှတ်တမ်း၊ အိန္ဒိယမှတ်တမ်း စတဲ့ခေတ်ပြိုင်မှတ်တမ်း
မှာမှ မြန်မာတွေကို မန်-မန်စော-မန်စု လို့ခေါ်ဆိုခြင်းမရှိဘဲ *ဗရမ္မာ-
မရမ္မာ(မြန်မာ)-ပျူ* ဟုသာ သိရှိခေါ်ဆိုမှတ်တမ်းတင်ခဲ့ကြပါတယ်။
------------------------------------------------------------------
Q - ပျူစောထီးမင်း ပုဂံကိုအုပ်စိုးခဲ့ကြောင်း အထောက်အထား
ရှိပါသလား။
ပုဂံမင်းဆက်တွေထဲက ပျူမင်းထီး-ပျူစောထီးမင်း တကယ်
ရှိခဲ့သလားဆိုရင် ရှိခဲ့ပါတယ်လို့ ဖြေရမှာပဲဖြစ်ပါတယ်။
ဦးကုလားရာဇ၀င်ညွှန်းဆိုမှုကြောင့် ဒဏ္ဍာရီသဖွယ်ဖြစ်ခဲ့
ရတာတွေနဲ့ ပျူစောထီးကို တကယ်မရှိဘူးလို့ လုစ်တို့က
ဆိုခဲ့ကြတာဖြစ်ပါတယ်။
*၁၉၇၅ ခုနှစ်မှာ ငလျှင်ဒဏ်ကြောင့် ပျူစောထီးတည်
ခဲ့တယ်လို့ ဗမာ့ရာဇ၀င်ဆိုရိုးစကားရှိတဲ့ ဗူးဘုရားဟာ
ဧရာဝတီမြစ်အတွင်းသို့ ပြိုကျ ပျက်စီးခဲ့ပါတယ်။
ပြန်လည်တည်ဆောက်ဖို့အတွက် မူလဌာပနာတိုက်ရာ
တူးဖော်ရာမှာ မြေအနက် ၁၆ ပေကနေ အေဒီ ၃ ရာစု
လက်ရာ အုတ်ခွက်ဘုရား အမြောက်အမြား တူးဖော်
ရရှိခဲ့ပြီး ပုံစီတူ ဗူးဘုရားအသစ်မှာ ပြန်လည်ဌာပနာထည့်
တည်ထားခဲ့ပါတယ်။ ဗူးဘုရားဟောင်းရာသည် အေဒီ ၂-၃
ရာစု ပျူစောထီးခေတ် တည်ခဲ့သော စေတီဖြစ်ကြောင်း
မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။*
*ပျူစောထီးခေတ်မှာ တရုတ်စစ်ရောက်လို့ ပျူစောထီး
မင်းကြီး နှိမ်နင်းတိုက်ခိုက်ရကြောင်း ပုဂံရာဇ၀င်မှာ
ဖော်ပြပါရှိသလို ပျူစောထီးခေတ်ပြိုင် အေဒီ ၂၂၆
တရုတ်နိုင်ငံ (ဝေ့မင်းဆက်ခေတ်) ခေတ်ပြိုင်မှတ်တမ်းမှာ
တရုတ်စစ်သူကြီး ချူကောလိယန်း ဆိုသူက ပုဂံနိုင်ငံကို
ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ပျူစောထီးဘုရင်ကြီးက
တိုက်ခိုက်ရကြောင်း၊ တရုတ်စစ်သူကြီး ချူကောလိယန်း
စစ်ရှုံးပြီးနောက် ငြိမ်းချမ်းရေးဘုရားတည်ကာ တပ်ပြန်
သိမ်းသွားရကြောင်း၊ ဘုန်းတန်ခိုးအလွန်ကြီးသော
ပျူစောထီးဘုရင်ကြီးကို ယူနန်နယ်တစ်ခုလုံးအုပ်ချုပ်ဖို့
ပေးခဲ့ရကြောင်း တရုတ်နန်းတော်မှတ်တမ်းမှာ
ဖော်ပြထားပါတယ်။*
*ပုဂံမှာ ဗူးဘုရားအပြင် ပျူစောထီးမင်းကြီးတည်ခဲ့တဲ့
သမီးဝှက်လှိုဏ်ဂူ ရှိပါတယ်။ အဆိုပါ ဂူကိုတည်ဆောက်
ထားတဲ့ အုတ်များဟာ ပျူခေတ်အုတ်များဖြစ်ပြီးတော့
ပုဂံ မနူဟာဘုရား၊ နန်းဘုရား စတဲ့ မှောင်သော လှိုဏ်
ဘုရားတို့ရဲ့ ရှေ့းပြေးဗိသုကာလက်ရာတွေဖြစ်ကြောင်း
ဆရာဦးအောင်ကြိုင်တို့ ဖော်ထုတ်တင်ပြခဲ့ဖူးပါတယ်။*
*ပျူစောထီး (အေဒီ ၃ ရာစု) ငှက်ပစ်တောင်ရှိ လှိုဏ်
ဂူများမှာ တည်ဆောက်ထားတဲ့ အုတ်ခဲစာတွေကို
ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ရာမှာ ဗုဒ္ဓ-
အသောကခေတ်သုံး ဗြဟ္မီ(အသံထွက်-ဗရမီ)
အက္ခရာအုတ်ခဲစာများ၊ ပျူခေတ်သုံး (ယာယီ
အမည်)ပျူစာအက္ခရာများ ရေးထိုးခပ်နှိပ်ထားတဲ့
ရှေးအုတ်များကို တွေ့ရှိခဲ့ပါတယ်။*
ဖော်ပြပါ ခေတ်ပြိုင်အထောက်အထားတွေကို
လေ့လာကြည့်ရှုပြီးနောက် ပျူစောထီးတကယ်
ရှိခဲ့သလားဆိုရင် ရှိခဲ့ကြောင်း ခေတ်ပြိုင်အထောက်
အထားတွေက ညွှန်းဆိုပြသနေတယ်လို့သာ
ဆိုရမှာဖြစ်ပါတယ်။
------------------------------------------------
ကျန်ရှိတဲ့မေးခွန်းအချို့ကိုလည်းဆက်လက်ဖြေဆို
ပေးသွားမှာ ဖြစ်ပါတယ်။ မိတ်ဆွေအများ လေ့လာ
ရင်းဖြင့် အသိပညာတိုးတက်ကြပါစေ။

Thant Lwin Oo

Saturday, August 8, 2015

တို့ပြည်ထောင်စုသမိုင်း (ဆရာဇော်ဂျီ)

တို့ပြည်ထောင်စု သမိုင်း ( ဆရာဇော်ဂျီ )

ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည်  အရှေ့တောင် အာရှ ၌ တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လေသည် ။ ထိုနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်မှ စ၍ ( ၀ါ ) ကမ္ဘာသုံးသက္ကရာဇ် ၁၀၀လောက်မှ စ၍ တစ်ဖြည်းဖြည်း တစ်စတစ်စ စည်းလုံးမှု့ရရှိလာသော နိုင်ငံ ဖြစ်လေသည် ။
အိမ်နီးချင်းနိုင်ငံများ
့ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကို ကြည့်လျှင် အရှေ့ဘက်၌ ယိုးဒယားနိုင်ငံကို၎င်း ၊ အနောက် ဘက်၌ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့ကို ၎င်း ၊ တောင်ဘက်၌ ဘင်္ဂလားပင်လယ်အော်ကို၎င်း ၊ မြောက်ဘက်၌ တရုပ်နိုင်ငံ ကို၎င်း  မြင်နိုင်လေသည် ။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရှေးရှေးအခါ မှစ၍ ထိုနိုင်ငံများနှင့် ဆက်ဆံလာခဲ့သော နိုင်ငံလည်းဖြစ်လေသည် ။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကသော်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကသော် ( ၀ါ ) ကမ္ဘာသုံးသက္ကရာဇ် ၁၀၀ စုလောက်ကသော် ယခုဖြစ်ထွန်းတည်ရှိနေသော ဧရာဝတီ မြစ်ဝကျွန်းပေါ် မြေနုဒေသအရပ်သည် ပင်လယ်အတိ ဖုံးလွှမ်းလျှက်ရှိလေသည် ။ သို့ရာတွင် ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့သည် ထိုအခါမှစ၍ စီးဆင်းလျှက်ရှိလေသည် ။  မွန် ၊ မြန်မာ ၊ ရခိုင် ၊ ကရင် ၊ ရှမ်း ၊ ချင်း ၊ ကရင် ၊ ကယား  အစရှိသော ပြည်ထောင်စုသားများသည်  မိမိတို့၏ နေရင်းဒေသဖြစ်သော အရှေ့အလယ်ပိုင်းဒေသကို စွန့်ခွာ၍ ဧရာဝတီမြစ်ကြောင်း ကို ၎င်း ၊သံလွင်မြစ်ကြောင်းကို ၎င်း လိုက်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်လာကြလေသည် ။ ၀င်လာကြသည်မှာ တစ်ကြိမ်တစ်ခါတည်းတွင် အားလုံးတစ်စုတဝေဒ၀င်လာကြသည် မဟုတ်ချေ ။ တစ်ခါတစ်ရံ သူ့အစုနှင့်သူ ၊ တစ်ခါတစ်ရံ တစ်ကွဲတစ်ပြားစီ ၊ အကြိမ်ကြိမ် အခါခါ ၀င်လာကြခြင်း ဖြစ်လေသည် ။
မြို့ရွာတည်ကြခြင်း
တို့ပြည်ထောင်စုသားများသည် ထိုသို့ဝင်လာကြပြီးနောက်  အချို့တို့သည် မြစ်ဝှမ်းရှိရာ ၊ ပင်လယ်ကန်းခြေရှိရာ မြေပြန့်ဒေသ၌ အ ခြေတကျ နေထိုင်ကျလေသည် ။ အချို့လည်း မြေပြန့်ဒေသများသို့ ဆင်းလာခြင်းမပြုပဲ တောင်တန်းဒေသများ၌သာ တောင်ယာ လုပ်ကိုင်၍နေထိုင်ကြလေသည် ။ မြေပြန့်ဒေသများ သို့ ဆင်းလာကြသူများတွင်  အုပ်စုအကြီးအကဲများသည် သစ်တပ်မြို့ရိုးဆောက်ကာ မြို့တည်၍ မြို့ပြင်တွင် ရွာငယ်အမြောက်အမြားကို တည်လေသည် ။ ထို့နောက် ထိုသူတို့သည် ရွာဥပစာတွင် ဆန် ၊စပါး ၊ လူး ဆပ် ၊ ပြောင်း ၊နှမ်း စသော ကောက်ပဲ သီးနှံများကို စိုက်၍ အသက်မွေး နေထိုင်ကြလေသည် ။  ထိုသို့နေထိုင်ကြသောအခါ မြောက်ဘက်ရှိ တရုတ်နိုင်ငံ  ( စိန့်ပြည်  ( ၀ါ ) စိနပြည် ) မှ တရုတ် ( စိန ) အမျိုးသားကုန်သည်များသည်  ရံဖန်ရံခါ  မြေပြန့်ဒေသရှိ မြို့များသို့ ရောက်လာတက်ကြလေသည် ။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ရောက်လာခြင်း
အထူးသဖြင့် အချို့သော အိန္ဒိယ အမျိုးသား ကုန်သည်များသည်  မိမိတို့နှင့်အတူတကွ  ဗုဒ္ဒဘာသာ ကျမ်းစာများယူလာကြလေသည် ။ တစ်ခါတစ်ရံ ဗုဒ္ဓဘာသာရဟန်းတော်များလည်း ပါလာကြလေသည် ။ ရှေးခေတ် ပြည်ထောင်စုသားများသည် ဗုဒ္ဓဘာသာတရားကို ကြားနာကြရသောအခါ ကြည်ညိုခြင်းရှိလာကြသည် ။ ထို့ကြောင့် စေတီများကို ၎င်း ၊ဆင်းတုတော် များကို ၎င်း တည်ထားကိုးကွယ် လာကြလေသည် ။ တဖန် ရဟန်းတော်များသတင်းသုံးရန် ရဟန်းကျောင်းများကို လည်း ဆောက်လုပ်လှုဒါန်းကြလေသည် ။ ရှေးခေတ် ပြည်ထောင်စု သားများသည် ထိုရဟန်းကျောင်းများတွင် ပညာ သင်ကြလေသည် ။ ဤသို့ ဖြင့် မြန်မာနိုင်ငံ မြေပြန့်ဒေသများတွင် အထက်ပိုင်း၌ တကောင်းပြည် ဟု ၎င်း ၊အလယ်ပိုင်း ၌ သရေခေတ္တရာ ပြည်ဟူ၍၎င်း ၊  အောက်ပိုင်း၌ သထုံပြည်ဟူ၍၎င်း ပြည်သုံးပြည် ထွန်းကားလာလေသည် ။
သထုံနှင့် သရေခေတ္တရာ
ကမ္ဘာသုံး သက္ကရာဇ် ၆၀၀ လောက်မှစ၍  သထုံပြည်နှင့် သရေခေတ္တရာပြည် တို့သည် အထူးထင်ရှားသော ပြည်နစ်ပြည် ဖြစ်လာလေသည် ။သထုံ ပြည် ကို လူ အများစု ဖြစ်သောမွန်အမျိုးသားတို့က တည်ထောင်လေသည် ။ သရေခေတ္တရာပြည်ကို လူများစုဖြစ်စော ပျူ အမျိုးသားတို့က တည်ထောင်လေသည် ။ ထိုပြည်နှစ်ပြည်တွင် ဗုဒ္ဓဘာသာထွန်းကားလေသည် ။ ထို ပြည်နှစ်ပြည် သည် တစ်ခါတစ်ရံ သင့်မြတ်၍ တစ်ခါတစ်ရံ စစ်မက် ဖြစ်ပွားတက်ကြလေသည် ။ ဤ သို့ ဖြင့် မွန် နှင့် ပျူ တို့ ၌ စည်းလုံးမှု့မရှိဘဲ နေလာခဲ့ရာ ၊ သက္ကရာဇ် ၈၀၀ လောက်တွင် မြောက်ဘက်ရှိ နန်ချောင်ပြည့်ရှင်သည်  သရေခေတ္တရာ ကို တိုက်၍ ပျူ အမျိုးသား အမြောက်အများ ကို ဖမ်းယူသွားနိုင်လေသည် ။
မြန်မာ တို့ ရောက်လာခြင်း
ထိုအခိုက်တွင် မြန်မာဟု ခေါ်သော အမျိုးသားများသည် မြန်မာနိုင်ငံ အတွင်းသို့ ၀င်လာစပြုကြလေသည် ။ ဤတစ်ကြိမ်တွင် လူဦးရေလည်းများ၍ တစ်စုတစ်ဝေးတည်း ၀င်လာခြင်းလည်း ဖြစ်ဟန်တူလေသည် ။ မြန်မာတို့သည် ကျောက်ဆည်ခရိုင် တည်ရှိရာဒေသတွင် ရှေးဦးစွာ စခန်းချ နေထိုင်ကြလေသည် ။ ထိုဒေသတွင် ဇော်ဂျီမြစ် ၊ ပန်းလောင်းမြစ် ၊ စမုံမြစ်တို့ စီးဆင်းလျှက်ရှိရာ  ဆန်စပါး စသော ကောက်ပဲသီးနှံအမြောက်အများ စိုက်ကြလေသည် ။ ထိုဒေသတွင် ပျူ အချို့တို့ နှင့်၎င်း ၊ မွန်အချို့ တို့နှင့်၎င်း တွေ့ကြသဖြင့် ဗုဒ္ဓဘာသာတရားကို  ထိုသူ တို့ထံမှ ကြားနာခွင့်ရကြလေသည် ။ ကာလ ကြာမြင့်သော် ပျူ ၊ မွန် ၊မြန်မာ တို့စည်းလုံးမိ၍ ပုဂံပြည်ကို တည်ထောင်လေသည် ။ အချို့လည်း ချင်းတောင် ၊ ရခိုင်ရိုးမ တောင် တို့ကို ကျော်၍ ရခိုင်တိုင်းမြောက်ပိုင်း အရပ်တွင် ဝေသာလီပြည်ကို တည်ထောင် နေထိုင်လေသည် ။
ပုဂံပြည်
ပုဂံ ရွှေမြို့တော်ကို သက္ကရာဇ် ၈၄၉ ခုနှစ်တွင်  ပျဉ်ပြားမင်း တည် လေသည်  ။ ထိုမင်းတည်ဆောက်ခဲ့သော အုတ်မြို့ရိုးရှိ သရပါ မြိုကတံခါးသည် ယခုတိုင် တည်လျှက်ရှိလေသည် ။ ပုဂံပြည် ကို တည်စအခါကသော် ပုဂံပြည်၏ အကျယ်အ၀န်းသည်  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ဝိုက်လောက်သာ ဖြစ်လေသည် ။ ထိုဒေသ တ၀ိုက်တွင် ပျူ ၊မွန် ၊ မြန်မာ ၊ ချင်း ၊ ကရင် ၊ရှမ်း  အစရှိသည်တို့ ပါဝင်သော ပုဂံသားတို့သည်  ကောက်ပဲသီးနှံစိုက်ပျိုး ၍ နေ ထိုင်စားသောက်ကြလေသည် ။ ဗုဒ္ဓဘာသာ အပြင် နတ်ကို ၎င်း၊ နဂါးကို ၎င်း၊ အရည်းကြီးများကို ၎င်း ကိုးကွယ်ကြလေသည် ။
အနော်ရထာ  နှင့် ရှင်အရဟံ
အနော်ရထာမင်းကြီး (၁၀၄၄ -၁၀၇၇) လက်ထက်သို့ရောက်သောအခါ ၊ ထိုမင်းနှင့် ရှင် အရဟံ တို့ အားထုတ်မှု့ကြောင့် ပုဂံပြည်သည် စည်းလုံးလာသည် ။ ယခုခေတ် ပြည်ထောင်စု  မြန်မာနိုင်ငံ နီးပါးလောက် ကျယ်ဝန်းလာ၍ အင်အား တောင့်တင်း လာလေသည် ။ ရှေးဦးစွာ မွန်တို့၏သထုံမြို့သည် ပုဂံဟုခေါ်သော မြန်မာနိုင်ငံ၏ ပင်လယ် သင်္ဘောဆိပ်မြို့ကြီး  ဖြစ်လာလေသည် ။ နတ် ကိုးကွယ်မှု့ ၊ နဂါးကိုးကွယ်မှု့ ၊ အရည်းကြီး ကိုးကွယ်မှု့တို့ ညှိုးမှိန်၍ ဗုဒ္ဓသာသနာသည် တစ်နိုင်ငံလုံးထွန်းကားလာလေသည် ။ အိန္ဒိယနှင့် တိုက်ရိုက် အဆက်အဆံရှိ ၍ယဉ်ကျေးမှု့ တိုးတက်လာလေသည် ။ အနော်ရထာမင်း လက်ထက်တွင် သီဟိုဠ် နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံ အဖြစ်ဖြင့် သီဟိုဠ် အား အကူအညီ ပေးနိုင်ခဲ့လေသည် ။ ယခုတိုင် ကျော်စောလျှက်ရှိသော ရွှေစည်းခုံ စေတီတော်ကြီးကိုလည်း တည်ခဲ့လေသည် ။ စပါး ၊ ဆန်ရေ ၊ ပေါပေါများများ  စိုက်နိုင်အောင် ကျောက်ဆည်ခရိုင်ရှိ ဆည်မြောင်းများကို ပြုပြင်ခဲ့လေသည် ။ ဤ သို့ဖြင့် ယခုခေတ် မွန်၊ မြန်မာ၊ ရခိုင် ၊ ချင်း ၊ ကရင် ၊ ရှမ်း အစရှိသော ပြည်ထောင်စုသားများ၏ ဘိုးဘွား ဘီဘင်တို့သည်  အနော်ရထာမင်းကြီးလက်ထက်မှစ၍ ပုဂံဟုခေါ်သော မြန်မာနိုင်ငံ၏ စည်းလုံးမှု့ ၊ယဉ်ကျေးမှု့၊ကမ္ဘာ့ရေးရာ ပါဝင်ကူညီမှု့တို့သည်  ကျွန်ုပ်တို့၏ မွန်မြတ်သော အမွေ အနှစ်တို့ပင် ဖြစ်ပေသည် ။
ကျန်စစ်သား နှင့် ရှင် အရဟံ
အနော်ရထာမင်းကြီး လွန်သောအခါ သားတော် စောလူးမင်းနန်းတက်လေသည် ။ ထိုမင်းသည် အအုပ် အချုပ် အထိန်းအသိမ်း ၌ မလိမ္မာသဖြင့် ဥဿပဲခူးမြို့စား ငရမန်ကာန်း ပုန်ကန်လေသည် ။ စောလူးမင်းသည် ငရမန်ကာန်း သူပုန်ကို တွန်းလှန်ခြင်းမပြုနိုင်ရှိလေသည် ။ နောက်ဆုံးတွင် စောလူးမင်းကွပ်မျက်ခြင်း ခံရလေသည် ။စောလူးမင်းမရှိသောအခါ အနော်ရထာမင်း၏ သားတော်တစ်ပါးဖြစ်သော ကျန်စစ်သား သည် ပုဂံစစ်သည် တို့ကို စုရုံး၍ သူပုန်ရန်ကို နှိမ်နှင်းရာ အောင်မြင်လေသည် ။ ကျန်စစ်သားမင်း သည် (၁၀၈၄ -၁၁၁၃) လက်ရုံးရည်ကို သုံးသောရန်သူကို လက်ရုံးရည်ဖြင့်ပင် နှိမ်နင်းအောင်မြင်ခဲ့လေသည် ။ သို့ရာတွင် အောင်မြင်မှု့ကိုရပြီးသည်နှင့် တစ်ပြိုင်နက် လက်ရုံးရည်ကို မသုံးတော့ပဲ နှလုံးရည်ကိုသာ သုံးလေတော့သည် ။ ထိုမင်းသည် ပြည်တွင်း ဆူပူ သောင်းကျန်းမှု့များကြောင်း သားတကွဲ ၊ မယားတကွဲ ဖြစ်ရခြင်း ၊သေကြေပျက်စီးကြရခြင်း ၊ ဆန်ရေစပါးရှားပါးရခြင်း ၊ သာသနာတော် ဆုတ်ယုတ်ရခြင်းတို့အတွက် အလွန်ကြေကွဲတော်မူလေသည် ။ ထို့ကြောင့် ရှင်အရဟံ နှင့် တိုပင်၍ မြန်မာနိုင်ငံတော် ၏ ပြန်လည်ထူထောင်ရေး ကိစ္စတို့ကို ဆောင်ရွက်လေသည် ။ သားတကွဲ ၊မယားတကွဲ ဖြစ်ခဲ့ကြသောသူများအား ပြန်လည်ဆုံတွေ့နိုင်ကြအောင် ဆောင်ရွက်ပေးသည် ။ အစားအစာမရှိသောသူတို့အား  ဆန်စပါး သီးနှံထောက်ပံ့သည် ။ အ၀တ်ပုဆိုးရှားပါး သူတို့အား အ၀တ်ပုဆိုးပေးကမ်းသည် ။ အုပ်ချုပ်ရေးတွင် မြန်မာများသာမက  ပျူ မွန် တို့သည်လည်း ၀င်ရောက်ဆောင်ရွက်ကြလေသည် ။ အချို့ အချို့ သော တိုင်းသူပြည်သား များ၏ ဆန္ဒကို လိုက်လျောသော သဘောဖြင့် နတ်ကိုးကွယ်မှု့ ၊နဂါးကိုးကွယ် မှု့တို့ကို ခွင့်ပြုလေသည် ။ မွန် အနုပညာ ၊ပျူအနုပညာ ၊မြန်မာ အနုပညာတို့ကို၎င်း ခွင့်ပြုချီးမြှင့်လေသည် ။
တဖန် ပြည်တွင်းသောင်းကျန်းမှု့ကြောင့် လွင့်ပါးပျက်စီးကြသော ပိဋကတ်တော်များကို ပြန်လည်စုဆောင်း၍ အမှန်အကန်သို့ ရောက်အောင် ပြန်လည်တည်းဖြတ်စေလေသည် ။ တိုင်းသူပြည်သားများမွန်မြတ်သော ကိုယ်နှုတ်နှလု့းသုံးတက်အောင်  ဗုဒ္ဓဘာသာစာပေကို သင်ကြားလေ့လာစေသလေသည် ။ရတနာ သုံးပါး၌ ကြည်ညိုခြင်းရှိလာကြအောင် ခမည်းတော် အနော်ရထာ တည်ထားတော်မူခဲ့ သောရွှေစည်းခုံ စေတီတော်ကို ဆက်လက်၍တည်တော်မူလေသည် ။ ထို့အပြင် ကမ္ဘာပေါ်၌ အသပ္ပာယ်ဆုံး တစ်ဆူဖြစ်သော အာနန္ဒာဂူဘုရားကိုလည်း တည်တော်မူခဲ့သည် ။ ထိုမင်းလက်ထက်မှ စ၍ ပုဂံနိုင်ငံသား အမြောက်အမြားတို့သည် ဗုဒ္ဓသာသနာ၌ ယုံကြည်လာကြ၍ စေတီ ၊ ဂူ ၊ဘုရားကျောင်းကန် အမြောက်အမြားကို ဆောက်လုပ်လှုဒါန်းကြလေတော့သည် ။ ထိုသို့ဆောက်လုပ်လှုဒါန်းကြသည်နှင့်အမျှ  ဗုဒ္ဓဘာသာ အနုပညာများဖြစ်ကြသော ဗိသုကာ ၊ပန်းချီ ၊ပန်းပု ၊ပန်းတော့ ၊ပန်းတမော့ ပညာများလည်းထွန်းကားလာကြလေသည် ။ ပေရွက်ပေါ်၌၎င်း ကျောက်ပြားပေါ်၌၎င်း ရှေးဦးစွာ ပျူစာ ၊မွန်စာ  ထို့နောက် မြန်မာစာ တို့ကို ရေးသားခြင်းလည်း ထွန်းကားလာလေသည် ။အချို့သော စေတီ ၊ ဂူ ဘုရားများနှင့်ကျောက်စာတို့ကို ပုဂံမြို့ဟောင်း၌ ယခုတိုင် ဖူးမြင်နိုင်လေသည် ။ ထိုစေတီ ဂူဘုရားများနှင့်တကွ ၊ ပုဂံအနုပညာ ၊ ပုဂံကျောက်စာတို့သည် ယခုခေတ် ပြည်ထောင်စုသားများ၏ ပုဂံခေတ် ဘိုးဘွားဘီဘင်တို့၌ စည်းလုံးမှု့ အင်အားတောင့်တင်းမှု့၊ ယဉ်ကျေးမှု့တို့ မားမားမတ်မတ် တည်ရှိခဲ့ကြောင်း သက်သေဖြစ်လေသည် ။ ထိုစေတီ ဂူ ဘုရား အနုပညာ ကျောက်စာတို့သည်လည်း ကျွန်ုပ်တို့ ပြည်ထောင်စုသားများ ၏မွန်မြတတ်သော အမွေအနှစ်တို့ပင် ဖြစ်လေသည် ။ ကျန်စစ်သားမင်းကြီး လက်ထက်၌ ပင် တရုတ် ( စိနပြည် ( ၀ါ ) စိန့်ပြည်) သို့ သံစေလွှတ်၍ မဟမိတ်ဖွဲ့လေသည် ။ ထိုသို့ မဟာ မိတ်ဖွဲ့သဖြင့် ပုဂံပြည်ကြီးသည် နှစ်ပေါင်း ၂၀၀ ပါးခန့် တရုတ်ပြည်နှင့် အကြည်အသာ ရောင်းဝယ်ဆက်ဆံ၍ ငြိမ်းချမ်းခဲ့လေသည် ။
နှစ်ပေါင်း ၂၀၀ လွန်သော်
ကျန်စစ်သားမင်းကြီး လွန်တော်မူသည့်နောက် ဆက်ခံကြသော ပုဂံမင်းများနှင့် ပုဂံ ပြည်သူပြည်သားတို့သည် အနော်ရထာမင်းကြီး နှင့် ကျန်စစ်သားမင်းကြီးတို့ အုတ်မြစ်ချခဲ့သော ဘာသာ သာသနာ  ယဉ်ကျေးမှု့ အုပ်ချုပ်ရေးမျှတမှု့ စည်းလုံးမှု့တို့ကို အခြေပြုလျှက် မြန်မာနိုင်ငံ တစ်ဝန်းလုံးကို နှစ်ပေါင်း ၂၀၀ နီးပါးခန့် ငြိမ်းချမ်းသာယာအောင် စီမံခန့်ခွဲ၍ သိုက်သိုက်ဝန်းဝန်း နေထိုင်လာခဲ့ကြလေသည် ။ သို့ရာတွင် ကမ္ဘာသက္ကရာဇ် ၁၂၅၀ ပြည့်လောက်၌ အာရှ အလယ်ပိုင်းမှ စ၍ စစ်မီးတောက်လာလေတော့သည် ။ ထိုစစ်မီးကို မွန်ဂို တာတာ ( တရုတ်) လူမျိုးကစ၍ မွှေးလေသည် ။ ထိုမွန်ဂို တာတာ စစ်သည်တို့သည် မြင်းစီးအရာ၌၎င်း ၊လေးမြားအတက်၌၎င်း ကျွမ်းကျင်ကြလေသည် ။ အာရှ အလယ်ပိုင်း ၊ အနောက်ပိုင်း၊အရှေ့ပိုင်းတို့ကို တိုက်ခိုက်အောင် မြင်ကြသည် ။ ဥရောပ အရှေ့ပိုင်းကို ပင် အောင်မြင်ခဲ့လေသည် ။  ပုဂံပြည်၌ နရသီဟပတေ့မင်း ( ၁၂၅၄ -၁၂၈၇ ) စိုးစံနေစဉ်တွင် မွန်ဂိုတာတာတို့၏ ဘုရင် ကုဗလေခန်မင်းကြီးသည်  တရုတ်  (စိနပြည် ( ၀ါ) စိန့်ပြည် ) ပြည်အလုံးကို  သိမ်းကျူံးအောင်မြင်လေသည် ။ ထို့နောက် ကူဗလေခန် မင်းကြီးသည် ၁၂၇၁ မှစ၍ တာတာ  (တရုတ်) စစ်သည်တို့ကို ပုဂံသို့ လွှတ်လေသည် ။ ၁၂၈၇ ခုနှစ်တွင် မြောက်ဘက်နယ်စပ်၌  တာ တာ (တရုတ် ) စစ်သည်တို့ကို ပုဂံစစ်သည်တို့ က မခုခံနိုင်သည်မှ စ ၍ အထိတ်တလန့်ဖြစ်ကာ ပုဂံပြည် ပျက်သွားလေတော့သည် ။
မွန် ၊ ရှမ်း ၊ မြန်မာ တို့၏ အရေးသစ်
ပုဂံပြည် ပျက်သောအခါ နိုင်ငံတော် ကစဥ့်ကလျားဖြစ်လေသည် ။ အောက်အရပ်ဒေသ ၌ ရှိသော ပဲခူး ၊ ဒလ ပြည်တို့၌ ၎င်း ၊ရခိုင်ဘက်၌၎င်း သူတစ်လူ ငါတစ်မင်း မင်းမူကြလေတော့သည် ။ ထိုအခါတွင် ပုဂံနိုင်ငံ အတွင်း၌ မွေးဖွားကြီးပြင်း၍ ပုဂံပြည်၌ ပညာတက်မြောက်ခဲ့သော အသင်္ခယာ ၊ ရာဇသင်္ကြန် ၊ သီဟသူ ရှမ်းညီနောင်တို့သည် ပုဂံမင်း၏ မှူုးမတ်များပီသစွာ တာ တာ တို့ နောက်ထပ် တိုက်ခိုက်လာသည် ကို တွန်းလှန်နိုင်ကြလေသည် ။ နောင်အခါ ထိုညီနောင်တို့သည် အညာဒေသတွင် နိုင်ငံ ငြိမ်ချမ်းအောင် ဆောင်ရွက်နိုင်၍ ကျောက်ဆည်ခရိုင်၌ မြင်စိုင်းမြို့  ၊ မက္ခရာမြို့ ၊  ပင်လယ်မြို့တို့ကို တည်ကြလေသည် ။ ထို့နောက် ဆက်ခံကြသော မင်းများသည် ပင်းယမြို့ ၊ အင်းဝမြို့ ၊စစ်ကိုင်းမြို့  တို့ကို တည်ကြပြန်လေသည် ။  အကြေဒေသတွင် မွန်တို့သည် ပဲခူးမြို့ကို ပြ၍နေထိုင်ကြလေသည် ။ ဝါရီယူမင်းဆက်တွင် ရာဇာဓိရာဇ်မင်း ၊ ဘုရင်မကြီးရှင်စောပု ၊ ဓမ္မစေတီမင်းတို့ သည် ထင်ရှားကျော်စောသည် ။ ထိုမင်းများ လက်ထက်တွင် အညာ နှင့် အကြေ အဆက်အဆံများလေသည် ။ တစ်ဖန် ရခိုင်ဘက်တွင်လည်း လောင်းကြက်မြို့ ၊ ထို့နောက် မြောက်ဦးမြို့များကို  တည်ထောင်ကြလေသည် ။ မွန် ၊ မြန်မာ ၊ ရှမ်းတို့ နှင့် အဆက်အဆံ အမြဲရှိသည် ။တစ်ခါတစ်ရံ ဘင်္ဂလားမင်း၏အနှောင့်အယှက်ကို ခံရသည် ။နောင်အခါ အနောက်ဥရောပသားများဖြစ်ကြသော ပေါ်တူဂီ တို့ ၏ အနှောင့်အယှက်ကို ခံရလေသည်။
ထူးခြားချက် သုံးခု
ဤသို့ဖြင့် အညာဒေသတွင် အင်းဝမြို့၌၎င်း၊ အကြေဒေသတွင်  ဟံသာဝတီပဲခူးမြို့၌၎င်း ၊ရခိုင်ဘက်တွင် မြောက်ဦးမြို့၌၎င်း ၊မွန်၊ မြန်မာ ၊ရခိုင် ၊ ရှမ်း တို့သည် ပုဂံပျက်သော ၁၂၈၇- ခုနှစ် မှ ၁၅၃၁ -ခုနှစ်အထိ နှစ်ပေါင်း ၂၅၀ နီးပါးမျှ ထီးနန်းပြိုင်ပြု၍နေကြလေသည်။ထို နှစ်ပေါင်း ၂၅၀ နီးပါးကြာမြင့်သောကာလအတွင်း ထူးခြားသော အချက် သုံးချက်ကို သိမြင်နိင်လေသည် ။ တစ်ချက်မှာ မြောက်ဘက်မှ ရှမ်း အမျိုးသား အမြောက်အမြားပင်လျှင် မွန်ဂို တာ တာ တို့ရန်ကြောင့် မြန်မာနိုင်ငံ အညာဒေသ ၊ အကြေဒေသ တို့ကို အနှံ့အပြားဝင်လာနေထိုင်ကြခြင်းဖြစ်လေသည် ။ အချို့လည်း အရှေ့ဘက် တောင်တန်းဒေသများ၌သာ နေထိုင်ကြလေသည် ။ အခြားတစ်ချက်မှာ ဗုဒ္ဓသာသနာတော်နှင့် ပုဂံယဉ်ကျေးမှု့တို့သည်  အညာ ၊အကြေ နှင့် ရခိုင်တို့တွင် ဆက်လက်ပျံ့နှုံ့ခြင်းဖြစ်လေသည် ။ ကျန်တစ်ချက်မှာ အင်းဝထီးနန်း ၊မြောက်ဦး ထီးနန်းတို့တွင် ဧချင်း ၊ မော်ကွန်း ၊ ပျို့ ၊ ရတု စသော မြန်မာစာပေ ထွန်းကားလာခြင်းဖြစ်လေသည် ။ အင်ဒ၀တွင် ရှင်ဥတ္တမကျော် ၊ ရှင်မဟာသီလ၀ံသ ၊  ရှင်ရဋ္ဌသာရ တို့သည်၎င်း ၊မြောက်ဦးတွင် အဒူးမင်းညိုသည် ၎င်း ထင်ရှားကျော်စောသော စာဆိုကြီးများဖြစ်ကြလေသည် ။
မြန်မာနိုင်ငံ ၏ အင်အားသစ်
သက္ကရာဇ် - ၁၅၅၀ လောက်သို့ ရောက်သောအခါ မြန်မာနိုင်ငံတွင် ထီးပြိုင် နန်းပြိုင်များရှိကြသဖြင့် အင်အားနုံ့နေသော နိုင်ငံတော် အခြေအနေသည် ဒုတိယအကြိမ်စည်းလုံးနိုင်၍ အင်အား ပြန်ကောင်းလာသော အခြေအနေသို့ တစ်စတစ်စ ပြောင်းလာလေသည် ။ ၁၅၃၀ ပြည့်နှစ်လောက်တွင် ကရင်  ၊မြန်မာ အမြောက်အမြား နေထိုင်ကြသော ကယားပြည်နယ် အပါအ၀င် အထက်စစ်တောင်းမြစ်ဝှမ်းဒေသ၌ ခေါင်းဆောင်ကောင်းများပေါ်ထွက်လာကြလေသည် ။ ထိုပုဂ္ဂိုလ်တို့ မှာ မင်းကြီးညို ၊ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့ ဖြစ်လေသည် ။ ရှေးဦးစွာ ကေတုမတီ တောင်ငူမြို့ကို တည်၍ နိုင်ငံတော် စည်းလုံးရေးကို စတင်ဆောင်ရွက်လာရာ ဘုရင့်နောင်မင်းကြီးလက်ထက်၌ အောင်မြင်လေသည် ။
ဘုရင့်နောင်မင်း ( ၁၅၅၁- ၁၅၈၁ )
ထိုမင်းလက်ထက်တွင် အင်းဝ ၊ ပြည် ၊ တောင်ငူ၊ဟံသာဝတီ ဟူ၍ ထီးပြိုင် နန်းပြိုင် မရှိတော့ချေ ။ တစ်အုပ်တစ်ချုပ်အောက်တွင် ပြန်လည်စည်းလုံးမိ၍ အင်သစ်အားသစ်ရလာလေသည် ။ ထိုမျှသာမကသေး သက္ကရာဇ် -၁၁၀၀လောက်မှစ၍ တစ်စတစ်စ ၀င်လာနေထိုင်ကြသော ကချင်အမျိုးသားများသည်လည်း မြောက်ဘက်တစ်လွှားတွင် အမြောက်အမြားတစ်စုတစ်ဝေးတည်းရှိနေကြပြီဖြစ်ရာ လူအင်အား တိုးလာပြန်လေသည် ။ ဘုရင့်နောင်မင်းနှင့် မှုးမတ်တို့သည် စစ်ကို လိုလားမိသဖြင့် ဇင်းမယ် ၊ ယိုးဒယား တို့ကို တိုက်ရာ အောင်မြင်မှု့ကိုရလေသည် ။ သို့ရာတွင် ထိုအောင်မြင်မှု့သည် ယာယီမျှသာဖြစ်၍ အရေးကြီးလှသည် မဟုတ်ချေ ။ အရေးကြီးသောအချက်မှာ ထိုပြန်လည်စည်းလုံးမှု့ရရှိလာသောကြောင့် အရှေ့ဘက် တစ်လွှားသို့ နယ်ချဲ့လာသော ဥရောပတိုက်သား ပေါ်တူဂီ တို့ရုတ်တရက် ချဥ်းကပ်ခြင်းမပြုနိုင်ခြင်းပင် ဖြစ်လေသည် ။ ဘုရင့်နောင်လက်ထက်တွင် ပြည်သူတို့ အကျိုးငှာ နိုင်ငံတော်အတွင်း တရားစီရင်ရာ၌ တရားမျှတမှုရှိအောင် ဓမ္မသတ်ကျမ်းများ ပြဋ္ဌာန်းခြင်း ၊ ကုန်ရောင်းကုန်ဝယ်ပြုရာ၌ အငြင်းပါားမှု့မရှိအောင် အလေးတင်းတောင်းသတ်မှတ်ခြင်း ၊ရှမ်း တောင်တန်း ဒေသများ၌ ဗုဒ္ဒသာသနာတော် ပွင့်လင်းအောင် ဆောင်ရွက်ခြင်း ၊ မြန်မာနိုင်ငံအတွင်း၌ ဆိတ် ၊ နွား စသည့် တိရစ္ဆာန်တို့ ၏ အသွေးအသားဖြင့် ယဇ်ပူဇော်သော အလေ့ဆိုးကို ဖျက်သိမ်းခြင်း ၊နိုင်ငံခြားရေးရာတွင် အထူးသဖြင့် သီဟိုဠ်ကျွန်းနှင့် အကြည်အသာ ဆက်ဆံခြင်းတို့ကိုပြုခဲ့သည် ဖြစ်ရာ ပုဂံခေတ်မှ  သက်ဆင်းလာသော ပုဂံယဉ်ကျေးမှု့သည် အားသစ်မာန်သစ်ရလာသည်ဟု  ဆိုနိုင်လေသည် ။
မြန်မာနိုင်ငံ နှင့် ဥရောပ
ကမ္ဘာသုံး သက္ကရာဇ် ၁၀၀လောက်မှ စ၍ တရုတ်နိုင်ငံမှ ပိုး ၊ဖဲ စသော ကုန်ပစ္စည်းတို့သည် ၎င်း ၊အင်ဒိုနီးရှားကျွန်းစုမှ  ငရုတ်ကောင်း ၊ ဇီယာ ၊ ကရဝေး စသော ဟင်းမွှေးအသီးအရွက် ကုန်ပစ္စည်းတို့သည်၎င်း အိန္ဒိယနိုင်ငံမှ  ရွှေထည် ၊ငွေထည် ၊ ပိတ်ကောင်း ၊ပိတ်ချော စသော ကုန်ပစ္စည်းများတို့သည်၎င်း အနောက်ဥရောပသို့ ရောက်ခဲ့ကြလေသည် ။ ထိုကုန်ပစ္စည်းတို့ကို အများအားဖြင့် အာရပ်ကုန်သည်ကြီးများက တရုတ် နိုင်ငံ ၊အင်ဒိုနီးရှားနိုင်ငံ ၊ အိန္ဒိယ နိုင်ငံတို့၌၀ယ်၍ ရွက်သင်္ဘောဖြင့် ဥရောပသို့ ယူသွားလေသည် ။ထိုအာရပ်ကုန်သည်ကြီးများသည် ထိုကုန်ပစ္စည်းအမြောက်အမြားကို ဥရောပ၌ ရောင်းချရာ အမြတ်အစွန်း အမြောက်အမြားရလေသည် ။ သက္ကရာဇ် ၁၅၀၀ လောက်သို့ ရောက်သောအခါ ဥရောပတိုက်ရှိ ပေါ်တူဂီနိုင်ငံမှ ကုန်သည်များသည် မိမိတို့ ကိုယ်ပိုင် ရွက်သင်္ဘောများဖြင့် မိမိတို့ကိုယ်တိုင် ပင်လယ်ခရီးသို့သွား၍ အရောင်းအ၀ယ်ပြုလိုကြလေသည် ။ သို့ရာတွင် အာရပ်ကုန်သည်များသည် အနှောင့်အယှက်ပေးလေ့ရှိသဖြင့် အာရက်သင်္ဘောများသွားလာသော လမ်းသို့ မလာရဲဘဲ လမ်းသစ်ကို ရှာလေသည် ၁၄၉၈ -- ခုနှစ်တွင် ပေါ်တူဂီနိုင်ငံသား ဗတ်စကိုဒဂါးမား သည် အာဖရိက တိုက် တောင်ပိုင်းကို ပတ်၍ အိန္ဒိယနိုင်ငံသို့ရောက်အောင် လာနိုင်လေသည် ။ ထိုအခါမျစ၍ ပေါ်တူဂီ ရွက်သင်္ဘော အမြောက်အမြားရောက်လာ၍ အာရပ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးလေသည် ။ မိမိတို့ ကိုယ်တိုင်လည်း အာရှတိုက်နိုင်ငံများနှင့် တိုက်ရိုက် အရောင်းအ၀ယ်ပြုလေသည် ။ ထိုသို့အရောင်းအ၀ယ်ပြုရာမှ အစပြု၍ နယ်ချဲ့စိတ်များဖြစ်ပေါ်လာကာ အီရန် ( ပါရှား ) နိုင်ငံတွင် အိုမာဇ မြို့ကို၎င်း ၊အိန္ဒိယနိုင်ငံတွင် ဂိုဝါမြို့ကို၎င်း ၊ပသျှုးကျွန်းဆွယ်တွင်  မလ္လကာမြို့ကို၎င်း တိုက်ခိုက်သိမ်းယူလေသည် ။ ထို့နောက် ပေါ်တူဂီ နယ်ချဲ့တို့သည် ရခိုင်ကမ်းခြေသို့ရောက်လာ၍ အနှောင့်အယှက်ပေးလေ့ရှိသည် ။ သို့ရာတွင် ဟံသာဝတီ ဘုရင့်နောင်မင်းကြီးလက်ထက်တွင်  မြန်မာနိုင်ငံစည်းလုံး၍ အင်အားတောင့်တင်းနေသဖြင့် ထိုပေါ်တူဂီနယ်ချဲ့များသည် အနှောင့်အယှက်မပေးဝံ့ကြချေ ။ ဘုရင့်နောင် မင်းတရားကြီး၏ တပ်မတော်များ၌ အမြောက်သေနတ်သားများအဖြင့်သာ အမှု့ထမ်းကြသည်က များသည် ။
အနောက်ဘက်လွန်မင်းနှင့် ပေါ်တူဂီနယ်ချဲ့
ဘုရင့်နောင်မင်းတရားကြီးလွန်သောအခါ တိုင်းပြည် စည်းလုံးမှု့ ပျက်ပျားလာသည် ။ထိုအခါ ငဇင်္ကာ ခေါ် ဒီဗရစ်တို ခေါင်းဆောင်သော ပေါ်တူဂီ နယ်ချဲ့ အချို့သည် သန်လျင်မြို့ကို သိမ်းယူ၍  မုတ္တမ ၊ဟံသာဝတီ ၊ တောင်ငူ တို့ကိုပါ နောက်ထပ်သိမ်းယူရန် ကြံရွယ်လျှက်နေလေသည် ။ ထိုအခါ ဘုရင့်နောင်မင်းတရားကြီး၏ မြေးတော်ဖြစ်သော မဟာဓမ္မရာဇာ အနောက်ဘက်လွန်မင်း ( ၁၆၀၅ -၁၆၂၈ ) သည် အင်းဝမျ အလုံးအရင်းနှင့် ချီလာ၍ သန်လျင် ကို ပေါ်တူဂီ နယ်ချဲ့ ဒီဗရစ် တို့ ၏ လက်မှ ပြန်သိမ်းရလေသည် ။ ထိုမျှသာမကသေး ပေါ်တူဂီ နယ်ချဲ့၏ ရန်ကို အပြီးအပိုင် သုတ်သင် လိုက်ရလေသည် ။ထိုအခါမှ စ၍ မြန်မာနိုင်ငံသည် ပေါ်တူဂီ နယ်ချဲ့ရန်မှ လွတ်ကင်းသွားလေတော့သည် ။
ဒတ် (ခ်ျ) ၊အင်္ဂလိပ် ၊ ပြင်သစ်
ပေါ်တူဂီ  နယ်ချဲ့တို့သည် သက္ကရာဇ် -၁၆၀၀ကျော်လောက်မှစ၍ မြန်မာနိုင်ငံ၌သာမက အရှေ့ဘက်တစ်ခွင်၌လည်းအရေးနိမ့်လာလေသည် ။ အဘယ်ကြောင့်ဆိုသော် ဥရောပတိုက်ရှိ ဟော်လန် (ဒတ်ခ်ျ) နိုင်ငံမျာ ဒတ်(ခ်ျ) ကုန်သည်များတို့သည် အင်္ဂလန်နိုင်ငံ မှ အဂ်လိပ်ကုန်သည်များ တို့သည်လည်း မိမိတို့ကိုယ်ပိုင် ရွက်သင်္ဘောများဖြင့်လာ၍ ပေါ်တူဂီ တို့ နှင့် အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုနိုင်သောကြောင့် ဖြစ်လေသည် ။ ထို့ပြင် ထိုသို့ အရောင်းအ၀ယ်ပြုကြရင်း သူတို့အချင်းချင်းတိုက်ခိုက်သောကြောင့်လည်း ဖြစ်လေသည် ။ ပေါ်တူဂီ တို့ တန်ခိုးမှေးမှိန်သွားပြီးသည့်နောက် ဒတ်ခ်ျ ကုန်သည်နှင့် အင်္ဂလိပ်ကုန်သည်တို့ အပြင် ပြင်သစ်ကုန်သည်များလည်း မြန်မာနိုင်ငံသို့ ရောက်လာပြန်လေသည် ။ ထို ကုန်သည်အားလုံးပင်လျှင် မြန်မာ့ ကျွန်းသစ် ၊ ရေနံ တို့ကို လိုချင်ကြလေသည် ။ ကျွန်းသစ်နှင့် ရေနံတို့ကို လိုချင်ကြလေသည် ။ ကျွန်းသစ်နှင့် ရေနံကို ရွက်သင်္ဘောများ တည်ရာ ပြင်ဆင်ရာတို့တွင် အသုံးပြုကြလေသည် ။ ထို့ကြောင့် မုတ္တမ မြို့ ၊ပဲခူးမြို့ ၊သန်လျှင်မြို့၊ ပုသိမ်မြို့၊ မြောက်ဦးမြို့ တို့၌ ကုန်တိုက်များဖွင့်လှစ်၍  အရောင်းအ၀ယ်ပြုကြလေသည် ။ ဒတ်ခ်ျ ကုန်သည်တို့သည် အင်းဝမြို့၌ပင်  ကုန်တိုက်များဖွင့်၍ အရောင်းအ၀ယ်ပြုကြလေသည် ။ ဒတ်ခ်ျ ကုန်သည် တို့သည် အင်းဝ မြို့၌ ပင် ကိုယ်တိုင် ဖွင့်နိုင်လေသည် ။ သို့ရာတွင် နောင်အခါ၌ ရုပ်သိမ်းသွားလေသည် ။
ဦးအောင်ဇေယျ နှင့် ဦးအောင်လှ
သက္ကရာဇ် -၁၇၅၀ လွန်သော်အခါ မဟာဓမ္မရာဇာဓိပတိ မင်းလက်ထက်၌ တိုင်းပြည်မငြိမ်မသက်ဖြစ်လာလေသည် ။  အညာတွင် မဏိပူရကလည်း စစ်သည်တို့သည် အခါအခွင့်ရတိုင်း နိုင်ငံတော်အတွင်းချင်းနင်းဝင်းရောက်၍ လုယက်ဖျက်ဆီးလေ့ရှိလေသည် ။ အကြေတွင် ဟံသာဝတီရှိမြို့ဝန်သည် အင်းဝထီးနန်းကို လိုချင်သဖြင့် ပုန်ကန်လေသည် ။ မဟာရာဇာဓိပတိ မင်းသည်ကလည်း စစ်သည်တို့၏ ရန်ကိုလည်း အပြီးအပိုင် မတားဆီးနိုင် ။ ဟံသာဝတီ က သူပုန်ရန်ကိုလည်း မနှမ်နင်းနိုင် ဖြစ်လာ၍ နောက်ဆုံးတွင် အထက်အညာ ၀မ်းဘဲ အင်းစံရွာသား ဆင်ဝန်ဟောင်း ဦးအောင်လှသည် ဗညားဒလဘွဲ့ခံပြီးလျှင် အင်းဝသို့ချီ တက်သိမ်းပိုက်လေသည် ။ မဟာဓမ္မရာဇာဓိပတိ ကိုလည်း ကွတ်မျက် လိုက်လေသည် ။ ထိုအခါ မုဆိုးဘိုမြို့မှ ဦးအောင်ဇေယျသည် ဦးအောင်လှ၏သစ္စာကို မခံလိုသဖြင့် ဦးအောင်လှ၏ တပ်များကို ခံတိုက်၍ အင်းဝ ကိုပြန်သိမ်းလေသည် ။  အလောင်းမင်းဘွဲ့ခံကာ  မင်း အဖြစ်ကို ယူလိုက်လေသည် ။ ထို့နောက် ဧရာဝတီမြစ်ကို ဆန်၍ ဦးအောင်လှတပ်တို့ကို လိုက်တိုက်ရာ ရန်ကုန်မြို့အထိ အောင်မြင်လေသည် ။ သို့ရာတွင် ပုသိမ် ၊သန်လျင် ၊ ဟံသာဝတီ ၊မုတ္တမ တို့ကား ဦးအောင်လှ ၏ နယ်အတွင်း ၌ပင် ရှိလေသေးသည် ။ အင်းဝထီးနန်းရလိုမှု့အတွက် ဦးအောင်ဇေယျ (၀ါ) အလောင်းမင်းတရား နှင့် ဦးအောင်လှ ( ၀ါ ) ဗညားဒလ တို့သည်  ထိုသို့ အကြိတ်အနယ် တိုက်ခိုက်နေကြစဉ်တွင်  အိန္ဒိယ ၌ အပြိုင်အဆိုင် နယ်ချဲ့နေကြသော အင်္ဂလိပ် နှင့် ပြင်သစ်တို့သည် မြန်မာနိုင်ငံတွင် လည်း ထို အတိုင်းပင်လျှင် အပြိုင်အဆိုင် နယ်ချဲ့စ ပြုလာလေပြီ ။ ထိုနယ်ချဲ့ တို့သည် အရောင်းအ၀ယ် အခွင့်အရေး ၊အခြေခံ စခန်း အခွင့်အရေး ၊ သြဇာအာဏာ အခွင့်အရေးတို့အတွက် အညာတစ်ခွင်တွင် ထိုအခါက အောင်မြင်မှု့ရနေဆဲဖြစ်သော ဗညားဒလအား ရှေးဦစွာ သေနတ် အမြောက်စသော လက်နက် အထောက်အပံ့ကို အပြိုင်အဆိုင်ပေးကြလေသည် ။ သို့ရာတွင် အလောင်းမင်းတရားဘက်မှ အနိုင်ရရပုံပေါ်တော့မည့် အရိပ်အရောင်မြင်လာသောအခါ အင်္ဂလိပ်တို့သည် အလောင်းမင်းတရား ဘက်သို့ ကူးပြောင်း၍ အလောင်းမင်းတရားသို့သာလျှင် လက်နက် အထောက်အပံ့ပေးလေတော့သည် ။ ပြင်သစ်တို့ မှာကား ဗညား ဒလ သို့ပင် လက်နက်အထောက်အပံ့ ပေးမြဲ ပေးလေသည် ။ ဤသို့ဖြင့် အမြောက်အမြား သေကျေ ပျက်စီးကြရပြီးသည့်နောက် နောက်ဆုံးတွင် လူအင်အား ကောင်းလှ သော အလောင်းမင်းတရားသည် မြန်မာနိုင်ငံ အားလုံးကို အောင်မြင်၍ လက်နက် လက်ရုံးဖြင့်ပင် အညာ အကြေ အရပ်တို့ကို စုစည်းပေးခဲ့ရလေသည် ။
ကုန်းဘောင်ဆက်မင်းတို့ ၏ အင်အား
အလောင်းမင်းတရား ( ၁၇၅၂ - ၆၀ ) သည် ပထမ ကုန်းဘောင်မင်းဆက်ဖြစ်လေသည် ။  ထိုမင်းမှ ဆင်းသက်၍ ဘိုးတော်မင်းတရား ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်အထိ  မြန်မာနိုင်ငံ၏ အင်အားသည် ကြီးမားသည်ထက် ကြီးမားလာ၍ မင်းတို့ ၏ ၀ါဒ သည်လည်း တိုက်ခိုက်သိမ်းပိုက်ချင်သော နယ်ချဲ့ဝါဒ ဖြစ်လာသည်ဟု ဆိုသင့်လေသည် ။  ရှေးဦးစွာ ယိုးဒယား ကို အောင်သည်။ ထို့နောက် တရုပ်ပြည် ကို စိုးမိုးလျက်နေကြသော မန်ချုးမင်း ၏ စစ်သည်တို့ ထိပါးလာသည် ကိုတွန်းလှန် နိုင်သည် ။ ထို့နောက် မဏိပူရ နှင့် အာသံပြည် တို့ကို အောင်ပြန်လေသည် ။ ထို့နောက် ရခိုင်ပြည်တွင် လက်ရှိမင်းကို ရခိုင်မှုးမတ် အချို့  မနှစ်သက် သည်မှ စ၍ နောက်ဆုံး၌ မင်းကို ထီး နန်းမှ ချပြီးနောက် ရခိုင် ပြည်ကို ပြည် မ၌ ထည့်သွင်းပူးပေါင်းလိုက်သည် ။ သို့ရာတွင် တိုက်ခိုက် သိမ်းပိုက်ချင်သော  ထို နယ်ချဲ့ဝါဒကြောင့်ပင်လျှင် အသေအကြေ အပျက်အစီးများ၍ နိုင်ငံအားအင်ဆုတ်ယုတ်လာ လေသည် ။ ယိုးဒယား တို့သည် မကြာမီအတွင်း၌ ပင် မြန်မာ စစ်သည် တို့ကို တော်လှန် တိုက်ခိုက် နိုင်၍ ရှေးကဲ့ သို့ လွတ်လပ်မြဲ လွတ်လပ်သွားလေသည် ။ အာသံ ၊မဏိပူရ ၊ ရခိုင်တို့ကို ရသဖြင့် အိန္ဒိယ နှင့် နယ်စပ်လာသည် ဖြစ်ရာ အိန္ဒိယ အခြေခံစခန်းမှ နေ၍ နယ်ချဲ့လိုသေးသော အင်္ဂလိပ်တို့နှင့် နောင်အခါတွင် ရန်စစ်ဖြစ်ကြရလေသည် ။ မန်ချုးမင်း ၏ စစ်သည်တို့ကို မြန်မာတို့ က တွန်းလှန်နိုင်ခဲ့ခြင်းသည်သာလျှင် မြန်မာနိုင်ငံအတွက် ကျေးဇူးအလွန်များခဲ့သည် ဟု ဆိုသင့်လေသည် ။ ဘိုးတော်မင်းတရား လွန်တော်မူ၍ ဘကြီးတော် မင်းတရား နန်းတက်လာသောအခါ၌လည်း တိုက်ခိုက် သိမ်းပိုက်ချင်သော ထို နယ်ချဲ့ဝါဒသည် မြန်မာ့ ထီးနန်းတွင် ခေတ်စားတုန်းပင်ဖြစ်လေသည် ။
ကမ္ဘာ နှင့် မြန်မာ
သက္ကရာဇ် ၁၈၀၀ မတိုင်မီကပင် ကမ္ဘာ့အခြေအနေသည်  ပြောင်းလဲနေလေသည် ။ အထူးသဖြင့် ဥရောပ တိုက်သားတို့ ၏ စိတ်နှင့် အပြုအမူတို့ ပြောင်းလဲနေလေသည် ။ နိုင်ငံအုပ်ချုပ်ရေးဘက်တွင် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို မလိုလားသော စိတ် ၊ တိုင်းသူပြည်သားများ ကိုယ်တိုင် လွတ်လွတ်လပ်လပ် တရားမျှတစွာ အုပ်ချုပ် လိုသောစိတ် တို့သည် ဖြစ်ပေါ်လာကြလေသည် ။ စီးပွားရေးဘက်တွင်လည်း ရေနွေးငွေ့အားနှင့် စက်ယန္တရား တို့ကို တီထွင်လာကြသည် ဖြစ်ရာ ချည်စက်ကြီးများကို တည်၍ အထည်အလိပ် အမြောက်အမြား ထုတ်လုပ် နိုင်လာသည် ။ မီးရထာှး နှင့် ပင်လယ်ကူး မီးသင်္ဘောကြီးများကို တည်၍ ကမ္ဘာကို ပတ်ကာ ခရီးသွားလာနိုင်လာသည် ။ ထိုအခါ ပိုလျှံသော အထည် လိပ်များ  ရောင်းချနိုင်ရာ ဖြစ်သည့် ဈေးကွက် ကိုရှာ၍ အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုရာမှစ၍ အာရှတိုက်တွင် နယ်ချဲ့ချင်သော စိတ်လည် ဖြစ်ပေါ်လာလေသည် ။ အပြိုင် အဆိုင် ဈေးကွက်ရှာ၍ အပြိုင် အဆိုင် အရောင်းအ၀ယ်ပြုကြသူများအနက် ဒတ် (ခ်ျ) ကုန်သည် ၊ အင်္ဂလိပ်ကုန်သည်၊ ပြင်သစ်ကုန်သည်တို့သည် အရှေ့ဘက်၌ ထင်ရှားသူများဖြစ်လေသည် ။ ဈေးကွက်ရှာရင်း အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုရင်း  ဒတ် (ခ်ျ ) ကုန်သည်စုသည် အင်ဒိုနီးရှား ကျွန်းစုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်လိုက်လေသည် ။ အင်္ဂလိပ်ကုန်သည် စုနှင့် ပြင်သစ် ကုန်သည်စုတို့သည် အိန္ဒိယတွင် စိတ်ဝမ်းကွဲနေကြသော မဟာရာဇာမင်းများ  ကို မြှောက်ပင့်ပေးရင်း အိန္ဒိယ နယ်မြေများအပေါ်၌ သြဇာအာဏာ လွှမ်းမိုးလာကြလေသည် ။ ထို့နောက် အင်္ဂလိပ်နှင့် ပြင်သစ် တို့ အချင်းချင်းတိုက်ခိုက်၍ ပြင်သစ်သြဇာခံ အိန္ဒိယ နယ်မြေများကို အင်္ဂလိပ်တို့က သိမ်းပိုက်လိုက်လေသည် ။ ထို့နောက် ဘင်္ဂလားနယ် ကို ထပ်သိမ်းပြန်သည် ။ ပြင်သစ်တို့သည် အိန္ဒိယမှ ထွက်ကြရသော်လည်း အခဲမကျေ ဖြစ်နေလေသည် ။ မြန်မာနိုင်ငံဘက်၌ အခြေစခန်းပြု၍ ထိုအခြေစခန်းမှ အင်္ဂလိပ်ကို ပြန်တိုက်နိုင်မည်ဆိုလျှင် တိုက်နိုင်လေသည် ။ အင်္ဂလိပ်တို့သည် ထိုအချက် ကို သိသည်ဖြစ်ရာ ပြင်သစ် ၏ ခြေလှမ်းကို မျက်ခြေမပျက် စောင့်ကြည့်နေလေသည် ။
မြန်မာ အင်္ဂလိပ် စစ်ပွဲ နှစ်ကြိမ်
ဘကြီးတော် ဘုရားလက်ထက်သို့ရောက်သောအခါ တိုက်ခိုက်သိမ်းပိုက်ချင်သော အင်္ဂလိပ်တို့ ၏ နယ်ချဲ့စိတ်သည် ၎င်း၊ ပြင်သစ်ကို မသင်္ကာနေသော စိတ်သည်၎င်း မြန်မာနိုင်ငံ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေလေသည် ။ တစ်ဖန် ကုန်းဘောင်မင်းဆက်များ သိမ်းပိုက်ထားသော အာသံ နှင့် မဏိပူရ အရေးအတွက်လည်းကောင်း မြန်မာမှုးမတ်အချို့၏ တက်ကြွနေသော စိတ်သည်လည်း ဖြစ်ပေါ်နေလေရာ နောက်ဆုံး၌ မြန်မာ အင်္ဂလိပ်တို့ စစ်ဖြစ်၍ အာသံ ၊မဏိပူရ ၊ ရခိုင် ၊ တနင်္သာရီ တို့ကို ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်က သိမ်းလေသည် ။ ထို့ နောက် ဆက်လက်၍ ၁၈၅၅ -- ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ကို မြေထဲတောင်ငူအထိ သိမ်းပြန်လေသည် ။
မင်းတုန်းမင်း ( ၁၈၅၃ -၇၈ )
မင်းတုန်းမင်းလက်ထက်သို့ ရောက်သောအခါ ရခိုင် ၊တနင်္သာရီ  ပါဝင်သော အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ပိုင်၍ မြေထဲတောင်ငူ မြောက်ဘက်မှ အထက်ပိုင်းကိုသာ မြန်မာမင်းပိုင်လေသည် ။ မင်းတုန်းမင်းသည် ကမ္ဘာရေးရာကို သိမြင်သော မင်းဖြစ်လေသည် ။ နိုင်ချင်ကြက်ကဲ့ သို့ ကျင့်ကြံသော ဥရောပ နယ်ချဲ့တို့၏ သဘောကိုလည်း ဆင်ခြင်မိဟန်တူလေသည် ။ သို့ရာတွင် အင်္ဂလိပ်တို့ နှင့် သင့်မြတ်အောင် ဆက်ဆံခဲ့ရာ မြန်မာပိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း  အစိတ်မျှ ငြိမ်းချမ်း၍ တိုးတက်မှု့ရှိလာလေသည် ။ ထိုနှစ်ပေါင်း အစိတ်အတွင်း၌ သာသနာရေးတွင် ပဉ္စမ သင်္ဂါယနာတင်ခဲ့လေသည် ။ ပညာရေးတွင် ပညာတော်သင်များကို ဥရောပ သို့ လွှတ်၍ ခေတ်မီ ပညာများကို သင်စေသည် ။ စီးပွားရေးတွင် အင်္ဂလိပ်တို့နှင့်ဆက်ဆံ၍ ကျွန်းသစ် ၊ ရေနံတို့ကို ရောင်းချနိုင်လေသည် ။ ပြည်တွင်း၌လည်း ယက္ကန်းစက် ၊ စပါးစက် ၊ လွှစက် ၊ပန်းကန်စက်  ၊သကြားစက် စသော စက်မှု့လက်မှု့ လုပ်ငန်းများကို ထူထောင်နိုင်လေသည် ။ ဧရာဝတီမြစ်အတွင်း သယ်ယူပို့ဆောင်ရေးအတွက် မီးသင်္ဘောများကို အသုံးပြုခဲ့သည် ။ ဒင်္ဂါးသွန်းခတ်၌ အရောင်းအ၀ယ် ကိစ္စတို့၌အသပြာငွေအဖြစ်  သုံးစွဲစေသည် ။ တိုင်းပြည်အုပ်ချုပ်ရေးတွင် အရာရှိ အမှု့ထမ်းများအတွက် လခပေးစနစ်ကို သုံးစွဲခဲ့သည် ။
မင်းတုန်းမင်း နှင့် အင်္ဂလိပ်ပိုင် မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ မြန်မာ အင်္ဂလိပ် စစ်ပွဲပြီး၍ အင်္ဂလိပ်တို့က ရခိုင် နှင့် တနင်္သာရီ တို့ကို သိမ်းသောအခါ အင်္ဂလိပ်ကို မြန်မာတို့ တော်လှန်ကြလေသည် ။ သို့ရာတွင် မအောင်မြင်ကြချေ ။ ရခိုင်တိုင်းကို ဘင်္ဂလား ဘုရင် လက်အေက်၌ ထား၍ အုပ်ချုပ်သည် ။ တနင်္သာရီ တိုင်းကို အိန္ဒိယ ဘုရင်ခံချုပ်လက်အောက်၌ မင်းကြီးတစ်ပိုင်ပြုလုပ်၍ အုပ်ချုပ်သည် ။ ၁၈၅၅ -ခှုနှစ် ဒုတိယ မြန်မာ အင်္ဂလိပ် စစ်ပွဲပြီး၍ ပဲခူးဟုခေါ်သော အောက်မြန်မာနိုင်ငံကို သိမ်းသောအခါ၌လည်း ပုန်ကန်ကြပြန်သေးသည် ။ သို့ရာတွင် မအောင်မြင်ချေ ။ ထိုအခါ အင်္ဂလိပ်တို့သည် ပဲခူး ကို မင်းကြီးတစ်ပိုင်ပြုပြင်၍ အုပ်ချုပ်လေသည် ။ ထို့နောက် ၁၈၆၂ ခုနှစ်မှ စ၍ ရခိုင် ၊တနင်္သာရီ ၊ ပဲခူး ကို စုစည်းကာ မဟာဝန်ရှင်တော် တစ်ပိုင်ပြုလေသည် ။ ပထမ မဟာဝန်ရှင်တော်ပိုင် မင်းကြီးသည် “အာသာဖယ်ယာ” ဖြစ်လေသည် ။အထက်မြန်မာနိုင်ငံတွင် မင်းတုန်းမင်း မင်းပြုနေသောအခါ အောက်မြန်မာနိုင်ငံတွင်  “ အာသာဖယ်ယာ” သည် ပထမ မဟာ ၀န်ရှင်တော်မင်းကြီးအဖြစ် အုပ်ချုပ်ဆောင်ရွက်နေလေသည် ။“ အာသာဖယ်ယာ” သည်  မင်းတုန်းမင်းအား ရိုသေလေးစားသည်ဖြစ်၍ သင့်မြတ်အောင် ဆက်ဆံလေ့ရှိလေသည် ။ မင်းတုန်းမင်းသည် လည်း အင်္ဂလိပ်တို့နှင့် သင့်မြတ်အောင် ဆက်ဆံလေ့ရှိလေသည် ။ သို့ရာတွင် အောက်မြန်မာနိုင်ငံ ကို သိမ်းယူထားသော နယ်ချဲ့ အင်္ဂလိပ် အပေါ်၌ ကား မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိခဲ့ချေ ။တစ်ဖန် အောက်နိုင်ငံရှိ အင်္ဂလိပ် နယ်ချဲ့ နှင့် နယ်ချဲ့ ကြိုးကိုင် ဓနရှင်များသည် မြန်မာပိုင် အထက်နိုင်ငံတွင်လည်း အရောင်းအ၀ယ် အခွင့်အရေး အများဆုံးကို လည်း လိုချင်ကြသည် ။ အမြတ်အစွန်း အများဆုံးကို လည်း လိုချင်ကြသည် ။ လိုချင်သည်ကို မရလျှင် တနည်းနည်း ဖြင့် အနှောင့်အယှက်ပေးတက်ကြလေသည် ။ ထို့ကြောင့် မင်းတုန်းမင်းသည် ၁၈၄၅ -- ခုနှစ် လောကမှစ၍ အင်္ဂလိပ် တစ်နိုင်ငံတည်းသာ ဆက်ဆံလာခဲ့သော မိမိ၏ နိုင်ငံခြားရေးဝါဒ ကိုပြောင်းလိုသဖြင့် ပြင်သစ်နိုင်ငံ ၊အီတလီ နိုင်ငံ တို့နှင့် ဆက်ဆံစ ပြုလာလေသည် ။
မြန်မာမင်း နှင့် မှုးမတ်အချို့ တို့၏ အမြင်
၁၈၅၀—မှ  ၁၉၀၀ --- အထိ ကြာမြင့်သော ကာလသည် ဥရောပ နယ်ချဲ့ တို့ အာရှတစ်ခွင်တွင် ထင်သလို ပြုကျင့်နေသော ကာလဖြစ်လေသည်  ။ ထိုဥရောပ နယ်ချဲ့များအနက် အိန္ဒိယ ကို စိုးမိုးအုပ်ချုပ်လျှက်နေသော အင်္ဂလိပ်နယ်ချဲ့သည် အင်အား အကြီးဆုံးဖြစ်လေငည် ။ အင်္ဂလိပ် နယ်ချဲ့တို့သည် ပသျှုးကျွန်းဆွယ်၌ လည်း သြဇာအာဏာ ထက်မြက် လျက်ရှိလေသည် ။ သိမ်းတန် သည်တို့ကို လည်း သိမ်းပြီး ဖြစ်လေသည် ။ ပြင်သစ်နယ်ချဲ့သည် အိန္ဒိယ နယ်မြေများမှ အင်္ဂလိပ်နယ်ချဲ့ ၏ မောင်းထုတ်ခြင်းကို ခံရပြီးသည့်နောက် အားသစ်မွေးလာရာ ၁၈၅၀ --လောက်သို့ ရောက်သောအခါ ခေါင်းထောင်လှုပ်ရှားလာပြန်လေသည် ။  ထိုအခါမှစ၍ ဗိယက်တနမ်  ( တောင်ကင် ၊ အာနန် ၊ ကိုချင်ချိုင်နား ) ၌ ၎င်း၊ ကမ္ဘောဇ နိုင်ငံ၌ ၎င်း ၊ လော နိုင်ငံ၌၎င်း သြဇာအာဏာ ဖြန့်နိုင်လာပြန်၍ သိမ်းတန်သည်ကို သိမ်းပြီးဖြစ်လေသည် ။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့သည် ပြင်သစ်နယ်ချဲ့၏ ခြေလှမ်းကို ယခင်ကထက် ပို၍ စောင့်ကြည့်လေသည် ။ ထိုအခါကသော် နယ်ချဲ့ နှစ်ဦးလုံးပင်လျှင် အာရှတိုက်၌ နိုင်ချင်ကြက်ကဲ့သို့ ဖြစ်လေသည် ။ အကြံတူ ရန်သည် ဟူဘိသကဲ့သို့ အချင်းချင်းလည်း စောင့်လျှက်နေကြလေသည် ။
စောင့်နေကြသော နယ်ချဲ့ နစ်ဦးစပ်ကြားတွင် မြန်မာနိုင်ငံ မည်သို့ပြုမူခဲ့သနည်း ။ ၁၈၇၈ --ခုနှစ်တွင် မင်းတုန်းမင်း နတ်ရွာစံ၍ သီပေါမင်း နန်းတက်လေသည် ။ မြန်မာမင်း နှင့် မှုးမတ် အချို့တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော အင်္ဂလိပ် အပေါ်တွင် မကေမနပ်ဖြစ်နေရာ ပြင်သစ်နှင့် ပေါင်းကာ အင်္ဂလိပ်ကို ပြန်တိုက်လျှင် အရေးအောင်၍ အောက်မြန်မာနိုင်ငံကို ပြန်ရလိမ့်မည်ဟု ယူဆကြဟန်တူလေသည် ။ သို့ရာတွင် ပြင်သစ် ၏အင်အားသည် အင်္ဂလိပ် ၏အင်အားလောက် မကောင်းသေးဟူသောအချက်ကို၎င်း ၊ ပြင်သစ်လည်း မယုံအပ်သော နယ်ချဲ့ပင် ဖြစ်သည် ဟူသောအချက်ကို ၎င်း စိတ်တက်ကြွနေသော မြန်မာမင်း နှင့် မှုးမတ်အချို့သည် ထည့်သွင်းစဉ်းစားကြဟန် မတူချေ ။ မန္တလေးတွင် ပြင်သစ်ဘဏ်တိုက် ဖွင့်လှစ်ရေးကို၎င်း ၊ အထက်မြန်မာနိုင်ငံနှင့် ပြင်သစ်ပိုင် တောင်ကင်ပြည်  မီးရထားလမ်းဆက်သွယ်ရေးကို ၎င်း ၊မြန်မာမှုးမတ် အချို့တို့နှင့် ပြင်သစ်တို့ ကြံစည်နေကြကြောင်း ပြင်သစ်ထံမှ မြန်မာတို့က လက်နက်ပစ္စည်းရခွင့်ရလမ်းရှိ ကြောင်းကို အင်္ဂလိပ်တို့ ကြားသိသောအခါ အင်္ဂလိပ်နယ်ချဲ့သည် အထက်နိုင်ငံကို ပြင်သစ်လွှမ်းမိုးလျှင် မိမိ၏ တန်ခိုးအာဏာ၎င်း  ၊အောက်နိုင်ငံရှိ အင်္ဂလိပ်နယ်ချဲ့ကြိုးကိုင် ဓနရှင် ကုန်သည်များ၏ အကျိုးစီးပွားကို၎င်း ထိခိုက်လာတော့မည်ဟု ယူဆလျှက် ၁၈၈၅ --ခုနှစ်တွင် အထက်နိုင်ငံကိုပါ သိမ်းလိုက်လေသည် ။ ဤသို့ဖြင့် မြန်မာ တစ်နိုင်ငံလုံးလွတ်လပ်ရေး ဆုံးရှုံးခဲ့လေသည် ။
ဗြိတိသျှခေတ်
အထက်နိုင်ငံလည်း အသိမ်းခံရသောအခါ မြန်မာများသာမက  ရှမ်း ၊ချင်း ၊ကချင် စသော အခြားတိုင်းရင်းသားများသည်လည်း လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့ကို ပုန်ကန်ကြလေသည် ။ ဤတွင် တိုင်းရင်းသားစည်းလုံးရေးလမ်းစ ပေါ်လာလေသည် ။ တစ်ဖန် သက်ဦးဆံပိုင် ခေတ်လည်း ကုန်ပြီဖြစ်သဖြင့် ဗြိတိသျှ တို့၏ ပြည်သူ့ဆန္ဒအရအုပ်ချုပ်ရသောစနစ် (၀ါ ) ဒီမိုကရေစီ စနစ်လမ်းစသည်လည်း ပေါ်လာလေသည် ။ တစ်ဖန် ဗြိတိသျှ လက်အောက်တွင် ဗျြတိသျှ အရင်းရှင်နှင့် အခြားအရင်းရှင်တို့သည် မိမိတို့၏ အရင်းနှီးငွေများယူလာကာ ရေနံ ၊ကျွန်းသစ် ၊ဆန်စပါး ၊ သတ္တု အမျိုးမျိုးတို့ကို တူးဖော်ခြင်း ၊စိုက်ပျိုးခြင်းတို့ကို၎င်း ၊မီးသင်္ဘော ၊မီးရထား စသည်တို့ကို အသုံးပြုကာ အကြီးအကျယ် ကူးသန်းရောင်းဝယ်ခြင်းကို၎င်း ပြုလာသောကြောင့် နိုင်ငံတော်စီးပွားရေး တိုးတက်လာသည်ဟု ဆိုရသော်လည်း  အရင်းရှင်တို့ကိုသာ အမြတ်အစွန်းအမြောက်အမြားရစေ၍ တိုင်းရင်းသားများ ရာစုမှာကား လူတန်းစေ့မနေရခြင်း ၊ ပညာခေါင်းပါးခြင်း ၊ကျန်းမာရေး ချို့တဲ့ခြင်းတို့နှင့်သာကြုံရလေသည် ။
လွတ်လပ်ရေး ကြိုးပမ်းမှု့
ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်လောက်မှစ၍ လွတ်လပ်ရေးအတွက် ၀ံသာနုလုပ်ငန်း ပေါ်ပေါက်လာလေသည် ။ ထိုဝံသာနု လုပ်ငန်းသည် အနှစ် ၂၀ အတွင်းတွင် နိမ့်တုံ မြင့်တုံ လှုပ်ရှားလာခဲ့ရာ ဥရောပ၌ ဒုတိယကမ္ဘာစစ် ဖြစ်နေဆဲ ၁၉၄၂ ခုနှစ်တွင် ဂျပန်နယ်ချဲ့  အစိုးရသည်  အရှေ့အာရှ ဒေသများကို တိုက်ခိုက်ယင်း မြန်မာနိုင်ငံကိုလည် ထိပါးလာလေသည် ။ ဗြိတိသျှ နယ်ချဲ့ နှင့် နယ်ချဲ့ ကြိုးကိုင် ဓနရှင်များသည် မြန်မာနိုင်ငံကို နှစ်ပေါင်းအတော်ကြာ အုပ်ချုပ်၍စီးပွားဖြစ်ထါန်းနေကြသော်လည်း ဂျပန် နယ်ချဲ့၏ရန်မှ ကာကွယ်မပေးနိုင်သဖြင့် ထိုနှစ်၌ ပင် အိန္ဒိယသို့ ဆုတ်ခွာသွားလေသည် ။ ထိုအခိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းကြီးမှုးသော မြန်မာ့လွတ်လပ်ရေးတပ်၏ အကူအညီဖြင့် ၀င်ရောက်လာသော ဂျပန်နယ်ချဲ့သည်လည်း လွတ်လပ်ရေးအတုအယောင်ကိုသာ မြန်မာနိုင်ငံအားပေးထားသဖြင့် မြန်မာတိုင်းရင်းသားများသည် စည်းလုံးလာကြလေသည် ။ ထို့ နောက် ဖ.ဆ.ပ .လ ခေါ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဂျပန် ဖက်ဆစ်နယ်ချဲ့ကို လက်နက်ဖြန့်တော်လှန်ကြလေသည် ။ ၁၉၄၅-ခုနှစ်တွင် ဂျပန်နယ်ချဲသည် စစ်ရှုံး၍ လက်နက်ချလေသည် ။ ထို့နောက် ဗြိတိသျှ အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံသို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော ဖ.ဆ. ပ .လ အဖွဲ့သည် မွန် ၊မြန်မာ၊ ရခိုင် တို့ကို ၎င်း ၊ ရှမ်း ၊ ကရင် ၊ ချင်း ၊ ကချင် ၊ကယား စည် တို့ကို ၎င်း ထပ်မံစည်းလုံး၍ ဗြိတိသျှ အုပ်ချုပ်ရေးကို သပိတ်မှောက်ကာ လွတ်လပ်ရေးကို အရယူခဲ့လေသည် ။
လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော်
၁၉၄၇ -ခုနှစ်တွင် မွန် ၊မြန်မာ ၊ ရခိုင် ၊ရှမ်း ၊ကရင် ၊ ချင်း ၊ကချင် ၊ ကယား စသော တိုင်းရင်းသားအားလုံး ၏ ကိုယ်စားလှယ်များပါဝင်သော တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပလေသည် ။ ထို့နောက် တိုင်းပြုပြည်ပြု လွှတ်တော်ကပင်  ထိုအခါက ဖ.ဆ…လ အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းချပေးခဲ့သည့် လမ်းစဉ်အတိုင်း မြန်မာနိုင်ငံ နှင့် အသင့်တော်ဆုံးဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲ၍ အတည်ပြုလေသည် ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအခြေခံ ဥပဒေ အတည်မပြုရသေးမီ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အချို့ ခေါင်းဆောင်များမှာ လူမသမာတို့၏ လက်ချက်ကြောင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်ရလေသည် ။ ထိုအခြေခံ ဥပဒေ အရ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ လ ၄ ရက်နေ့တွင် မွန် ၊ မြန်မာ ၊ ရခိုင် ၊ရှမ်း  ၊ကရင် ၊ ကချင် ၊ချင်း ၊ ကယား  စသော တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖြစ်လာလေသည် ။   ။
*                *                         *                        *                  *                  *                 *              *              
၁၉၅၆ ခုနှစ်တွင် ဘာသာပြန်စာပေအသင်းမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည် ။
စာပေ ဗဟုသုတ ပြည့်စုံကြွယ်ဝကြပါစေရှင် ။
မနှင်း

Sunday, August 2, 2015

မြန်မာ့သမိုင်းခရီးတစ်ထောက် (၃)


စီအိုဗလက်ဒင်ဟာ သရေခေတ္တရာနဲ့ ပုဂံမြစေတီ(ဂူပြောက်
ကြီး)ကျောက်စာတွေကို မဖတ်တတ်တဲ့အတွက် ယာယီ
အမည်ပျူစာအဖြစ်တပ်ပေးလိုက်တဲ့နောက်ကို သံယောင်
လိုက်ပြီးတော့ တပည့်ဖြစ်သူ ဂျီအိပ်ခ်ျလုစ်က အဲ့ဒီလမ်း
ကြောင်းအတိုင်းလိုက်ပြီး ပျူသည် ဗမာမဟုတ်၊ ဗမာသည်
အေဒီ ၈၃၅ ယူနန်တောင်ပိုင်းမှ ယဉ်ကျေးမှုမဲ့ လူရိုင်းမျိုး
မန်စောမှ ဖြစ်လာသူများ ဆိုတဲ့လုပ်ဇာတ်နဲ့ ပျူဗမာသမိုင်းကို
ဖျက်စီးခဲ့တာဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်အတွင်း
စာတမ်းအစောင်စောင်နဲ့ ဗမာ့သမိုင်းလုပ်ဇာတ်ကို လုစ်
ဖန်တီးထုတ်လုပ် ၀ါဒဖြန့်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့
ဗမာအစ ကျောက်ဆည်စာတမ်းနဲ့ ဗမာသမိုင်းကို ဖျက်စီး
ခဲ့ခြင်းဖြစ်ပါတယ်။ ဗမာတွေကို နောက်မှရောက်လာပြီး
တခြားလူမျိုးပိုင်ဆိုင်ထားတဲ့ နေရာဒေသတွေကို
လုယက်နေထိုင်သူများအဖြစ်လည်းကောင်း၊ လွတ်လပ်
ရေးကြိုးပမ်းဆောင်ရွက်မှုတွေမှာ အင်အားအကြီးဆုံး
ဗမာလူမျိုးများနဲ့ အခြားတိုင်းရင်းသားတွေ ပေါင်းစည်း
မရအောင် စီစဉ်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၈၀ နှောင်းပိုင်းကာလများမှာ ဂျီအိပ်လုစ်ကျမ်းကိုးပြီး
ရေးသားခဲ့ပါတယ်ဆိုတဲ့ မတိကျတဲ့ မန်ရှုမှတ်တမ်းမိတ္တူ
ပျက်ကို ဖတ်ရှုရတဲ့နောက်မှာ ဆရာကြီးဒေါက်တာသန်း
ထွန်းက “ဂျီအိပ်ခ်ျလုစ်အနေနဲ့ မန်ရှုကျမ်းတစ်ခုတည်း
အားကိုးပြီး ဗမာ့သမိုင်းကိုရေးရဲတာ သိပ်သတ္တိကောင်း
တာပဲ” လို့ သူ့ဆရာရင်း ဂျီအိပ်လုစ်ကို ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၈၀ နှောင်းခုနှစ်များမှာ ဆရာကြီးဒေါက်တာ
သန်းထွန်းက မဟာဝိဇ္ဇာတန်းမှာရှိတဲ့ တပည့်များကို
အင်္ဂလိပ်တို့က မြန်မာအဆိုးလုပ်ပြီး ရေးသားသွားတဲ့
သမိုင်းကြောင်းတွေရှိနေကြောင်းနဲ့ မှားနေရင်ပြင်ဖို့
ကြိုးစားကြရန်လိုကြောင်း၊ မိမိရေးသားတဲ့အကြောင်း
အရာအချက်အလက်ပင်လျှင် ဒေါက်တာသန်းထွန်း
ရေးသားခဲ့သည်ဟု တထစ်ချမှတ်ယူမထားရန်နဲ့
အထောက်အထားပေါ်မူတည်၍ နောင်မှားနေလျှင်ပြင်
ကြရန်လိုကြောင်း တတွင်တွင်သြ၀ါဒပေးခဲ့ပါတယ်။
“သမိုင်းအကြောင်းပြောရင် ခေတ်ပြိုင်အထောက်အထားနဲ့
ပြောရမယ်။ ခေတ်ပြိုင်အထောက်အထား မပါပဲမပြောရဘူး။
အထောက်အထားမပါပဲ ပြောတဲ့သူဟာ လူညံ့လူဖျင်းပဲ”လို့
ဆရာကြီးဒေါက်တာသန်းထွန်းက အစဉ်အမြဲလိုလို
သတိပေးစကား ပြောကြားလေ့ရှိပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းကတော့ မြန်မာ့သမိုင်းမှန်အတွက်
သူရဲကောင်း လူငယ်သုတေသီတွေ ပေါ်ထွက်လာတဲ့နှစ်လို့
ဆရာကြီးဒေါက်တာသန်းထွန်းက တင်စားပြောဆိုခဲ့ရပါတယ်။
တကောင်းသမိုင်းမှန်အတွက် ဦးမင်းဟန်(မန်းတက္ကသိုလ်)၊
သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းကြီးတွေရဲ့
သမိုင်းမှန်အတွက် ဦးကျော်ဇင်(ဘုန်းတင့်ကျော်)တို့
ပေါ်ထွက်လာခဲ့တဲ့အတွက်ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ လုစ်ရေးခဲ့တဲ့ ဗမာအစကျောက်ဆည်
စာတမ်း(ဗမာ့သမိုင်းလုပ်ဇာတ်)ကို ချေဖျက်မယ့် ပညာရှင်
လူငယ်သုတေသီတစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။ ထိုသူ
ကတော့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့သား ဦးကျော်ဇင်
ဖြစ်ပါတယ်။ ဦးကျော်ဇင်ဟာ ၂၂ နှစ်ကြာ ကိုယ်တိုင်သု
တေသနတွေ့ရှိချက်တွေနဲ့ ခေတ်ပြိုင်အထောက်အထား
တွေတွဲဖက်ကာ လုစ်ရဲ့ဗမာ့သမိုင်းအယူအဆ မှားယွင်း
နေကြောင်းကို သူ့ရဲ့သုတေသနစာတမ်းဖြစ်တဲ့
“ကျမ်းကိုးများ ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှား
ယွင်းနေသော ဂျီအိပ်ခ်ျလုစ်၏ ဗမာ့သမိုင်းအယူအဆ”
အမည်ရှိစာတမ်းနဲ့ ချေဖျက်ခဲ့ပါတယ်။ ဒီစာတမ်းကို
ဆရာကြီးဒေါက်တာသန်းထွန်းကိုယ်တိုင် စီစစ်လက်ခံပြီးမှ
ဆရာကြီးကိုယ်တိုင် သဘာပတိအဖြစ်ဆောင်ရွက်ပြီး
ဖတ်ကြားစေခဲ့တာဖြစ်ပါတယ်။ ဦးကျော်ဇင်ရဲ့စာတမ်းမှာ
ဂျီအိပ်ခ်ျလုစ်ရဲ့ “ဗမာအစ ကျောက်ဆည်စာတမ်း” ပါ
“အေဒီ ၉ ရာစု ထက်ဝက်ကျိုးခါနီးမှ ဗမာတို့ ယူနန်မှ
ကျောက်ဆည်သို့ စတင်ရောက်ရှိသည်။ ထိုအခါကျမှ
ဗမာသမိုင်း စတင်သည်။” ဆိုတဲ့ သမိုင်းအယူအဆ
လုံးဝမှားယွင်းကြောင်း၊ လုစ် အထောက်အထားအတွက်
တင်ပြသော “မန်ရှုကျမ်း”နှင့် မကိုက်ညီ ကွဲလွဲမှားယွင်း
နေကြောင်း၊ ပုဂံခေတ် ဗမာကျောက်စာများနှင့်လည်း
မကိုက်ညီ ကွဲလွဲမှားယွင်းနေကြောင်း၊ ဗရမ္မာ ခေါ် ဗမာ
လူမျိုး ဗမာနိုင်ငံသမိုင်းကြောင်းသည် ဘီစီခေတ် သရေ
ခေတ္တရာ ဗရမ္မာ-ဗမာခေတ်မှ စတင်ကြောင်း၊ ဗရမ္မာ-
ဗမာကို ဗြဟ္မာ ဟုလည်းခေါ်ကြောင်း၊ ဗရမ္မာ-ဗမာလူမျိုးနှင့်
နိုင်ငံသမိုင်းသည် နှစ် နှစ်ထောင်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း
ခေတ်ပြိုင်အထောက်အထားများ၊ကျောက်စာအထောက်
အထားများ ချိတ်ဆက်တင်ပြပြီး စာတမ်းဖတ်ကြားခဲ့တာ
ဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ပြီး သဘာ
ပတိအဖြစ်ဆောင်ရွက်ပေးခဲ့တဲ့ ဆရာကြီးဒေါက်တာ
သန်းထွန်းက “ယခု မောင်ကျော်ဇင် တင်သွင်းဖတ်ကြား
သွားတဲ့ စာတမ်းဟာ အလွန်ကောင်းမွန်ပါတယ်။ ဂျီအိပ်ခ်ျ
လုစ်ရဲ့ ဗမာ့သမိုင်းအယူအဆလည်းမှားယွင်းကြောင်း
တွေ့မြင်ရပါတယ်။ သမိုင်းသုတေသနသဘောအရ
မှားနေတာတွေ့ရင် ပြင်ရမယ်” လို့ သဘာပတိနိဂုံး
စကားပြောဆိုခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဦးကျော်ဇင်(ဘုန်းတင့်ကျော်)ဟာ ဒုတိယ
သုတေသနစာတမ်းဖြစ်တဲ့ “မြန်မာဟူသောပျူ ရာဇ၀င်ဆိုရိုး
စကားကို ရှေး ပျူဗမာကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာ
ကြည့်ခြင်း” ဆိုတဲ့ စာတမ်းကို ဖတ်ကြားဖို့ မြန်မာ့သမိုင်း
ကော်မရှင်ကို တင်သွင်းခဲ့ပါတယ်။ ဒီစာတမ်းကိုလဲ ဆရာကြီး
ဒေါက်တာသန်းထွန်းကိုယ်တိုင် စစ်ဆေးခဲ့ပါတယ်။ ထိုစဉ်က
ကျွန်တော်ကိုယ်တိုင် ဆရာကြီးစစ်ဆေးနေစဉ်မှာ ကူညီ
ဆောင်ရွက်ပေးခဲ့ရတာကြောင့် ဆရာကြီးဒေါက်တာသန်းထွန်း
ဘယ်လိုစစ်ဆေးခဲ့တယ်ဆိုတာ အနည်းငယ်ရှင်းပြပါ့မယ်။
ဦးကျော်ဇင်(ဘုန်းတင့်ကျော်)ရဲ့ သုတေသနစာတမ်းကို
ဆရာကြီးလက်ခံစစ်ဆေးဖို့ (၅)ရက်ခန့် အချိန်ယူပါတယ်။
စစ်ဆေးနေစဉ်အတွင်းမှာ ဦးကျော်ဇင်စာတမ်းရဲ့ ကျမ်းကိုး၊
အောက်ခြေမှတ်စုပါ ကျောက်စာအထောက်အထား၊ တရုတ်
မှတ်တမ်းများ၊ အိန္ဒိယမှတ်တမ်းများနဲ့ တူးဖော်ရေးသုတေသန
မှတ်တမ်းတွေကို တစ်ခုချင်း တိုက်ဆိုင်စစ်ဆေးခဲ့တာဖြစ်
ပါတယ်။ ကျောက်စာကျမ်းကိုးတွေကို မူရင်းကျောက်စာ
မှင်ကူးမှာ ဒီအတိုင်းပါမပါ စစ်ဆေးပြီးမှ လက်ခံတာဖြစ်
ပါတယ်။ အထောက်အထားတစ်ထောင်ကျော် ပေးထား
တာကို တစ်ခုမကျန် စနစ်တကျ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာ ဒုတိယစာတမ်းဖတ်ပွဲအတွက် သဘာပတိ
နေရာကို ဆရာကြီးကပဲ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
စာတမ်းဖတ်ပွဲအောင်မြင်ခဲ့ပါတယ်။ စာတမ်းဖတ်ပွဲရဲ့ သဘာ
ပတိမိန့်ခွန်းမှာ ဆရာကြီးဒေါက်တာသန်းထွန်းက “ပျောက်
ဆုံးနေတဲ့ ပျူလူမျိုးတွေကို စာတမ်းရှင် မောင်ကျော်ဇင်က
ရှာဖွေပေးခဲ့ပါပြီ” လို့ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား
ဆိုခဲ့ပါတယ်။ ပွဲပြီးတဲ့နောက် စာတမ်းဖတ်ပွဲတက်ရောက်
လာသူများကို ဧည့်ခံတဲ့အခါ ဆရာကြီးကိုယ်တိုင်က
ဦးကျော်ဇင်ကို ပညာရှင်များသာထိုင်ရတဲ့ ၀ိုင်းမှာ
ကိုယ်တိုင်ဖိတ်ခေါ်ပြီး “မြန်မာ့သမိုင်းကို အသစ်
ပြန်ရေးမယ့် လူတစ်ယောက်ပေါ်လာပြီ။ ဒီလူဟာ
မောင်ကျော်ဇင်ပဲ” လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။
“ပျူခေတ်နဲ့ ပုဂံခေတ်ကို ချိတ်ဆက်ပေးနိုင်တဲ့ စာတမ်း
အတွက် ကိုးကားစရာ ၂စောင်တည်းသာရှိပြီး မောင်
ကျော်ဇင်ရဲ့ စာတမ်းတွေပဲဖြစ်ပါတယ်” လို့ ဆရာကြီးက
ဆိုခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေကို ဘာကြောင့်ပြန်လည်ဖော်ထုတ်တင်ပြ
ရသလဲဆိုရင် မြန်မာ့သမိုင်းဟာ အင်္ဂလိပ်လက်ထက်ကနေ
စပြီး နှစ်ပေါင်းတစ်ရာနီးပါး ပျက်စီးနေခဲ့ရပါတယ်။ ရှေး
မြန်မာဘိုးဘေးတွေဟာ အင်္ဂလိပ်တွေရဲ့ လုပ်ကြံသမိုင်း
တွေကြောင့် နှောင်းလူတွေက လူလိမ်ကြီးတွေသဖွယ်
ထင်မြင်ယူဆနေကြပါတယ်။ ဒီနောက်မှာ ဦးမင်းဟန်၊
ဦးဘုန်းတင့်ကျော်၊ ဦးချစ်စံဝင်း၊ ဦးတင်၊ ဦးဝင်းမောင်တို့လို
ပုဂ္ဂိုလ်တွေက မြန်မာ့သမိုင်းအတွက် ဘ၀နှစ်ပြီး သုတေသ
နပြုဖော်ထုတ်ပေးနေခဲ့ပေမယ့် ဂျီအိပ်ခ်ျလုစ်လက်ထက်က
လုစ်တပည့် အကြွင်းအကျန်တွေနဲ့ လုစ်လက်ထက်ကနေ
ယနေ့ထက်ထိ အင်္ဂလိပ်သွေးထိုးပေးလို့ ခွဲထွက်ရေးဝါဒီ
ဖြစ်နေရတဲ့ တိုင်းရင်းသားအမည်ခံ အစွန်းရောက်အချို့ရဲ့
ထိမ်ချန်ဖျောက်ဖျက်မှုတွေကို တွေ့မြင်နေရလို့ပဲဖြစ်ပါတယ်။
-----------------------------------------------------------

Thant Lwin Oo

မစ်သ်(Myth) နှင့် Mythology သဘောတရား (အပိုင်း-၁)


တကောင်းရာဇ၀င်မစ်သ်နှင့် သရေခေတ္တရာ ရာဇ၀င်မစ်သ်များပါ
ကံရာဇာကြီး၊ ကံရာဇာငယ်၊ မောင်တင့်တယ်၊ တကောင်းအိမ်ရှေ့
မင်းသားဟောင်း ခေပဒူတရသေ့ကြီး၊ စူလသဠသမ္ဘ၀၊ မဟာသ
မ္ဘ၀မင်းညီနောင်၊ မဟာသမ္ဘ၀၏သား ဒွတ္တဘောင်မင်းကြီး၊ သရေ
ခေတ္တရာနောက်ဆုံးမင်း သုပညာနာဂရစိန္ဒ တို့၏ အဖြစ်အပျက်
များသည် ရာဇ၀င်ဆရာတို့ ညွှန်းဆိုဖွဲ့နွဲ့ချဲ့ကားရေးသားထား
သည်များကို ဖယ်လိုက်လျှင် မြန်မာ့သမိုင်းခေတ်ဦးကို တိတိ
ကျကျညွှန်ပြနိုင်သည့် အချက်အလက်များ များစွာတွေ့မြင်နေ
ရကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း ဆိုခဲ့ပါသည်။ ထိုသို့
ဆရာကြီးဆိုခဲ့ခြင်းသည် mythology (သမိုင်းမစ်သ်များအတွင်း
ပါရှိနေသော သမိုင်းသဲလွန်စများ၊ အထောက်အထားများ၊ သမိုင်း
အဓိပ္ပါယ်များကို လေ့လာဖော်ထုတ်သောပညာရပ်) သဘော
တရားအရ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့သမိုင်းတင်ခေတ်ဦးကို တိတိကျကျ ညွှန်းဆိုပြသ
နိုင်သည့် ထိုရာဇ၀င်ပါအချက်အလက်များကိုလည်း
စဉ်းစားဆင်ခြင်တွေးခေါ်မှုစွမ်းအား၊ သုတေသနအချက်
အလက်များ၊ ပြည်တွင်းပြည်ပ ခေတ်ပြိုင်အထောက်
အထားများနှင့် ချိတ်ဆက်၍ အဓိပ္ပါယ်ပြန်ဆိုကြည့်ပါက
ရှေးမြန်မာကြီးများ ကြုံခဲ့ဖြတ်သန်းခဲ့ရသော မြန်မာ့
သမိုင်းတင်ခေတ်ဦး တစ်စိတ်တစ်ဒေသကို တွေ့မြင်
နေရပါသည်။
.......................................................................
(သရေခေတ္တရာမစ်သ်အား ပြည်တွင်းပြည်ပခေတ်ပြိုင်
မှတ်တမ်းများ၊ တူးဖော်တွေ့ရှိရသော သုတေသနအချက်
အလက်များ၊ mythology သဘောတရားများနှင့် နှိုင်းယှဉ်
စစ်ဆေးခြင်း)
သရေခေတ္တရာ ရာဇ၀င်မစ်သ်တွင် မဟာသမ္ဘာ၀မင်းကြီး၏ သား
ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ပုံကို ဤသို့ဖော်ပြ
ထားပါသည် -
“သာသနာတော်သက္ကရာဇ် ၁၀၁ ခုသို့ ရောက်သောအခါ
ဂ၀ံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊ စန္ဒီ၊ ပရမေသူရာ
ဤ သူမြတ်ခုနှစ်ယောက်တို့သည် ဘုရားရှင်ဗျာဒိတ်တော်
ရှိသည်နှင့်အညီ မြို့တည်သောအကြောင်းကို ရုံးစုတိုင်ပင်
ညီညွတ်ကြ၍ သာယာညီညွတ်လှသော မြေအပြင်ဝယ်
သိကြားမင်းသည် စက်တိုင်၌ ရပ်၍နေပြီးလျှင် နဂါးကို
စက်ကြိုးပြု၍ လှည့်တော်မူ၏။”
“သိကြားမင်းသည် မြို့တည်မည့်နေရာ၏ ဗဟိုချက်မတွင်
ရပ်၍ နဂါးအမြှီးကို ကိုင်ထားပေးပြီး နဂါးသည် ကိုယ်အ
လျားကိုဆန့်၍ မြို့တည်ရန် မြေအ၀န်းကို လှည့်ပတ်ပြသည်။
ထိုသို့နဂါးလှည့်စဉ် မြောက်ဘက်အရပ်၌ နဂါးသည် ဂဋုန်နှင့်
တွေ့၍ထိတ်လန့်ကာ ၃ ကြိမ်တွန့်သည်။ ယင်းနဂါးတွန့်ရာ
၃ ခုအတိုင်းမြို့ရိုးကို လိုက်၍တည်သည်။”
*ဒွတ္တဘောင်မင်းကြီး မြို့တည်မည့်အကြောင်းကို ရုံးစု
တိုင်ပင်သည့် ဂ၀ံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊
စန္ဒီ၊ ပရမေသူရာ သူမြတ်ခုနှစ်ယောက်ဟု ညွှန်းဆိုခြင်း၌
အရှင်ဂ၀ံပတေ့၊ သိကြား၊ ရသေ့ ဟူသော ဗုဒ္ဓဘာသာ
သင်္ကေတတို့အရ ဒွတ္တဘောင်မင်းကြီး တည်သောမြို့သည်
ဗုဒ္ဓဘာသာမြို့ကြီးဖြစ်ကြောင်း၊ မင်းနှင့်ပြည်သူတို့သည်
ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း ညွှန်းဆိုပြသနေခြင်းပင်
ဖြစ်ပါသည်။ စန္ဒီ၊ ပရမေသူရာ ဟူသော သင်္ကေတတို့မှာ
ဗြဟ္မဏပုဏ္ဏား ဗေဒင်ဟူရားဆရာကြီးများလည်း အခါပေး
တွက်ချက်ရာတွင် ပါဝင်ရကြောင်း၊ ရွှေနန်းတော်၊ မြို့၊ ကျုံး
၃ ဌာနကို ပန္နက်ရိုက်ရန် သာသနာတော် (၁၀၁)ခု၊ တန်ခူး
လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့၊ နက္ခက် ၂၆ လုံး၊ နေထွက်
တပြူဟူသော အခါတော်ကို ဗေဒင်ပညာဖြင့် တွက်ချက်
ပေးရခြင်းဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။*
*ထိုသို့ ဒွတ္တဘောင်မင်းကြီး တည်ထောင်ခဲ့သော သရေ
ခေတ္တရာပြည်ကြီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ မင်းနေ
ပြည်ကြီးဖြစ်ကြောင်းကိုမူ တူးဖော်တွေ့ရှိရသော ထေရ
ဝါဒဗုဒ္ဓဘာသာ အထောက်အထားပေါင်းစုံတို့က ညွှန်းဆို
ပြသထောက်ခံလျှက်ရှိပါသည်။ သရေခေတ္တရာမြို့တော်
ကြီးသို့ဝင်ရောက်ရာ အနောက်ဘက် “ရွှေတံခါး” (ခေါ်)
မြို့တံခါးအ၀င်အ၀တွင် ရေးထိုးထားသော မင်္ဂလသုတ်
တော်ကျောက်စာတိုင်၊ မောရသုတ်တော်ပါဠိတော်
ကျောက်စာတိုင်များ၊ သရေခေတ္တရာတွေ့ ဗုဒ္ဓရုပ်ပွား
ဆင်းတုတော်များ၊ သရေခေတ္တရာမင်းနှင့်ပြည်သူတို့
အမြတ်တနိုးတန်ဖိုးထား၍ ငွေဒင်္ဂါးများ၊ ဗိသုကာအ
ဆောက်အဦးများတွင် ရည်ညွှန်းပုံဖော်သုံးစွဲသော
သီရိဝစ္ဆ(ဗုဒ္ဓအိမ်မွန်)အမှတ်အသားများနှင့် ပိဋိကတ်
သုံးပုံကောက်နှုတ်ချက်များက အတည်ပြုထောက်ခံလျှက်
ရှိပါသည်။*
*မြို့တည်မည့် နေရာ၌ သိကြားရပ်သည် ဆိုသည်မှာ
ရွေးချယ်ထားသော မြို့တည်မည့်နေရာ၌ သောကြာနာမ်
သစ်သားတိုင်ကို စိုက်ထူးခြင်းဖြစ်ပါသည်။ နဂါးဆိုသည်မှာ
စနေနံ နွားသားရေကြိုးကို ဆိုလိုခြင်းဖြစ်ပြီး နဂါးအမြှီးကို
သိကြားက ကိုင်ထားသည်ဆိုသည်မှာ သစ်သားတိုင်တွင်
နွားသားရေကြိုးကို ချည်နှောင်ထားခြင်းဖြစ်ပါသည်။
ဂဋုန်ဆိုသည်မှာ တနင်္ဂနွေနံ အင်း ကိုဆိုလိုခြင်းဖြစ်ပြီး
နဂါးသည် ဂဋုန်နှင့်တွေ့ရာ လန့်ဖြန့်ပြီးတွန့်သဖြင့် ယင်း
နဂါးတွန့်ရာအတိုင်း မြို့ရိုးတည်သည်ဆိုသည်မှာ မြို့၏
မြောက်အရပ်၌ တနင်္ဂနွေနံ အင်းကြီးရှိသဖြင့် ယင်းအင်း
ကြီး၏ကမ်းသည် တဖြောင့်တည်းမရှိဘဲ ကွေ့ကောက်နေရာ
မြို့ရိုးကို အင်းကမ်းပါးစပ်အတိုင်းလိုက်၍ တည်ထားခြင်း
ဖြစ်ပါသည်။ မှန်ကန်ကြောင်းကိုလည်း ယနေ့ခေတ်အထိ
ကြွင်းကျန်နေသော မြောက်ဘက်မြို့ရိုးကြီးတစ်လျှောက်
၃ နေရာကွေ့ဝိုက်သွားကြောင်းနှင့် မြို့တံခါး မြောက်ဘက်
နဂါးတွန့်တံခါးအပြင်ဘက်တွင်အင်းကြီးကို တွေ့မြင်ရ
ပါသည်။*
“ဒွတ္တဘာင်မင်းကြီးအား သိကြားမင်းသည် လက်တော်
မ လျှက် နန်းတင်သည်” ဟူသော ရေးဖွဲ့ပြောဆိုချက်မှာ
*ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟူးရားသဘောအရ သောကြာ
သားတစ်ဦးက ဒွတ္တဘောင်မင်းကြီးကို နန်းတက်ရာ၌
လက်တွဲ၍ တင်ပေးရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။*
“ဒွတ္တဘောင်မင်းကြီးသည် ဘုန်းကြီးသောမင်းဖြစ်၍
နင်းတိုင်းလှမ်းတိုင်း မြေကြီးတို့ ကျွံနစ်ကုန်၏။ သိကြား
မင်းသည် မိမိတန်ခိုးအာနုဘော်အားဖြင့် လှမ်းတိုင်း
လှမ်းတိုင်းသောအခါ သံမှိုခံပေး၏။” ဟူသော ရေးဖွဲ့
ချက်မှာ- *သရေခေတ္တရာမြို့တည်ရာအရပ်သည်
ထိုစဉ်က ငလျင်တော်လဲ မကြာခဏလှုပ်သောအရပ်
ဖြစ်ကြောင်း ညွှန်းဆိုပြသခြင်းဖြစ်ပြီး၊ ဧရာဝတီမြစ်၏
အရှေ့ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် ပဲခူးရိုးမအကြား
တွင်တည်ရှိသော သရေခေတ္တရာမြို့ကြီးသည် ပဲခူး
ရိုးမပြတ်ရွှေ့ကြော(ငလျင်ကြော)နှင့် နီးကပ်စွာတည်ရှိ
နေသည် မဟုတ်ပါလော။ ထိုသို့ မကြာခဏ ငလျင်လှုပ်
လေ့ရှိသော မြို့ကြီးတွင် ဓာတ်ရိုက်ဓာတ်ဆင်သဘောအရ
သိကြား ဟူသော သောကြာနာမ်နှင့်ထပ်တူ သံမှို/သံဆူး
ကြီးများ ရိုက်သွင်းပေးထားရကြောင်းဆိုလိုခြင်းဖြစ်ပါသည်။
မှန်ကန်ကြောင်းကိုလည်း သရေခေတ္တရာမြို့ဟောင်းအတွင်း
နေရာအနှံ့အပြား ရိုက်သွင်းထားသော တစ်လံမှ နှစ်လံခန့်
ရှိသည့် သံဆူးကြီးများကို တူးဖော်တွေ့ရှိရပါသည်။*
“ဇမ္ဗူဒီပါကျွန်းမှစ၍ အသူရာပြည်၊ နဂါးပြည်တိုင်အောင်
ဇမ္ဗူအောင်လက်နက်နိုင်ငံဖြစ်၍ အခွန်ခံတော်မူ၏။ အခွန်
ခံသောအကြောင်းကား အထူးထူးသောအမှာစာတို့ကို
စီလျဉ်ရေးစေပြီးသော် လှံပျံတွင်ဆွဲပြီးမှ လှံထိုးတောင်သို့
တက်တော်မူ၍ မင်းကြီးလက်တော်ဖြင့် ထိုးသည်ရှိသော်
ဆိုခဲ့ပြီးသော မင်းတို့၏ ဦးခေါင်းထက်၌ ကျအံ့သကဲ့သို့
တည်လေ၏။ ထိုအခါ ထိုသို့ မင်းတို့သည် သာယာ
ချေငံသောစကားဖြင့် ခယရိုသေစွာ ကျိုးနွံ၍ အထူး
ထူးသော ပူဇော်သက္ကာယတို့ကို ပြုပြီးမှ လှံပျံသွား
သောဟူ၏။ ခေါင်းလောင်းကြီး၊ စည်ကြီးတို့ဖြင့်
အခွန်ခံသောအခါလည်း ဤကဲ့သို့ တစ်ချက်ခတ်
တီးသည်ရှိသော် ထိုထိုသို့သော လူမင်း၊ နတ်မင်း၊
နဂါးမင်းတို့၏ နားရင်း၌ တီးဘိသကဲ့သို့ ထိုအသံ
တို့သည် တည်လေ၏။ ထိုထိုသို့သောမင်းတို့သည် ရိုသေ
ခယသောစကားဖြင့် တောင်းပန်သည်မှ အသံစဲသော
ဟူ၏။”
*ဆိုလိုရင်းမှာ လှံပျံကို မင်းကြီးလက်တော်နှင့် ထိုးသည်
ဆိုခြင်းမှာ ဒွတ္တဘောင်မင်းကြီး၏ အမိန့်အာဏာစက်ဖြင့်
လှံရှည်ကိုင်ခြေလျင်တပ်၊ ဆင်တပ်၊ မြင်းတပ်များဖြင့်
ချီတက်လုပ်ကြံစေခြင်းကို ဆိုလိုပါသည်။ ဒွတ္တဘောင်
မင်းကြီး၏ လက်နက်ကိုင်တပ်များ ချီတက်ဝန်းရံခြင်း
ခံရသော မင်းတို့သည် အလျှော့ပေးကျိုးနွံသြဇာခံလျှက်
အထူးထူးသော လက်ဆောင်ပဏ္ဏာများဆက်သည့်အခါ
မင်းကြီး၏ လှံရှည်ကိုင်တပ်ဖွဲ့များ နန်းတော်သို့ ပြန်လာ
သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ခေါင်းလောင်းကြီး၊
စည်ကြီးတို့ဖြင့် အခွန်ခံသည်ဆိုခြင်းမှာ ရိုသေကျိုးနွံ
သြဇာခံပြီးဖြစ်သော လက်အာက်ခံမင်းတို့ထံသို့မူ
လက်နက်ကိုင်တပ် စေလွှတ်ရန်မလိုဘဲ နှစ်စဉ်
အချိန်မှန် ရာဇတမာန်တော်တို့၏ စည်သံ၊ ခေါင်း
လောင်းသံတို့ပေးပြီး ပဏ္ဏာကောက်ယူကြောင်း
ဆိုလိုခြင်းဖြစ်ပါသည်။*
*ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ချိန်မှာ
မဇ္ဈိမဒေသ၌ ကာလာသောကမင်းကို အမှီပြု၍
ရှင်မဟာယသ အမှူးရှိသော ရဟန္တာမြတ် (၇၀၀)တို့
ဒုတိယသင်္ဂါယနာတင်ပြီး နောက်တစ်နှစ် (သာသနာ
နှစ် ၁၀၁ ခုနှစ်တွင်ဖြစ်သည်။ မဟာသမ္ဘ၀မင်းကြီး၏
သား ဒွတ္တဘောင်မင်းကြီး (၁၀၁-၁၇၁)လက်ထက်၌
သောကြမ္မာ၊ ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊
လျောလျော၊ မြသီတင် ဟူသော ကောင်းမှုတော်
စေတီ ၆ ဆူမှာ အသောကမင်း တတိယသင်္ဂါယနာ
မတင်ရသေးမှီ တည်ခဲ့သောစေတီများဖြစ်ကြောင်း
သရေခေတ္တရာမစ်သ်များအတွင်းမှ သိရှိရပါသည်။
ထိုအချက်မှန်ကန်ကြောင်းကို ၂၀၀၅ ခုနှစ်ကုန်ပိုင်း
ဘောဘောကြီးစေတီတော်ထိပ်ပိုင်းမှ ပြိုကျသော
ရှေးအုပ်ချပ်ကြီးများပေါ်တွင် ရှေးဗြဟ္မီအက္ခရာ
အုတ်ခဲစာများ၊ လက်ရေးစင်းအုတ်များနှင့်အတူ
တွေ့ရှိရပါသည်။ ထိုအုတ်များပေါ်တွင် ရေးထွင်း
ထားသော ဗြဟ္မီအက္ခရာများသည် အသောက
ကျောက်စာတိုင် ၃၂ တိုင်ပါ ဗြဟ္မီအက္ခရာများနှင့်
ကွာခြားမှုမရှိ ထပ်တူညီပါသည်။ ပညာရှင်များ
အဆိုအရ ဗုဒ္ဓခေတ်ဗြဟ္မီအက္ခရာများနှင့် အသော
ကခေတ်ဗြဟ္မီအက္ခရာများ ကွာခြားမှုမရှိဟု ဆိုခဲ့ရာ
ဘောဘောကြီးစေတီသည် အသောကမင်းမတိုင်မှီ
တည်ခဲ့သောစေတီဖြစ်ကြောင်း လေ့လာတွေ့ရှိရ
ပါသည်။*
-----------------------------------------------------
ဆက်လက်ဖော်ပြပေးသွားပါမည်။


Thant Lwin Oo

“မိဂဒါဝုန်” အားမွတ်စလင်တို့ ဖျက်စီးခဲ့ပုံ (အေဒီ ၆-ရာစု မှ ၁၂-ရာစု) ထိ

မြတ်စွာဘုရားရှင် ဓမ္မစတြာတရားဦး ဟောကြားခဲ့ရာ “မိဂဒါဝုန်” အားမွတ်စလင်တို့ ဖျက်စီးခဲ့ပုံ (အေဒီ ၆-ရာစု မှ ၁၂-ရာစု) ထိ
====================================
မိဂဒါဝုန်တောရှိ အဆောက်အအုံများ ပျက်စီးဆုတ်ယုတ်ခဲ့ပုံမှာ ခရစ်သစက္ကရာဇ်
၆-ရာစုခန့်က “မီဟိရကုလာ” အမည်ရှိသော ဟုန်းလူမျိုးတစ်ဦးသည်  ထိုနေရာရှိ
အဆောက်အအုံတို့ကို ဖျက်စီးပစ်လေသည်။ သို့သော် မကြာမှီပြန်လည်ထူထောင်သဖြင့်ပြီးစီးခြင်းသို့ရောက်လေသည်။

ခရစ်သက္ကရာဇ် ၁၀-စုနှစ်သို့ ရောက်သော်နေရာတော်မှာ တစ်စတစ်စ ဆုတ်ယုတ်လာလေသည်။ ကျောင်းတော်ရာထဲမှ တူးဖော်ရရှိသော ဘုရားတစ်ဆူ၏ ပလ္လင်တွင်ဘင်္ဂလားပြည် မဟိပါလမင်း လက်ထက်ဖြစ်သော  ၁၀၂၉-ခုနှစ်တွင် စတိလပါလနှင့်
ဝသန္တပါလ မည်သောပုဂ္ဂိုလ်တို့သည် ဤကျောင်းတော်ရာကြီးကို ပြန်လည်ပြင်ဆင်
သွားကြောင်းနှင့် ကျောက်ကမ္ပည်းထိုးသွားခဲ့ကြောင်း တွေ့ရှိရသည်။ ထို့နောက်ဗြဟ္မာဏပုဏ္ဏားတို့သည် မိဂဒါဝုန်တောကို အတင်းဓမ္မသိမ်းယူပြီးလျှင် ၎င်းတို့
ကိုးကွယ်သော နတ်ရုပ်၊ လိင်ရုပ်များထုထားခဲ့လေသည်။

ခရစ်သက္ကရာဇ် (၁၁)ရာစုခန့်တွင် မွတ်စလင်စစ်ဗိုလ်ချုပ် “စူလ်တန်မဟာမတ်ဂေါ်ဇနီ” ဦးဆောင်သော မွတ်စလင်စစ်သည်များ ပြင်းထန်စွာဖျက်စီးသွားခဲ့သည်။

ထို့နောက် ခရစ်သက္ကရာဇ် (၁၂)ရာစုတွင် မိုဟာမတ်ဂေါ်ရီ၏ စစ်ဗိုလ်မှူးကြီးတစ်
ယောက်ဖြစ်သူ ဂျင်နရယ်“ကုတ်ဘွဒ္ဒိန်”သည် နာလန်မထူနိုင်အောင် ဖျက်စီးခဲ့ရာဗုဒ္ဓရာဇ၀င်တွင် ကျယ်ပြန့်သော ကဏ္ဌကိုသိမ်းပိုက်ခဲ့သော မိဂဒါဝုန်သည် လက်ရှိအခြေအနေသို့ဆိုက်ရောက်ရလေသည်။

မိဂဒါဝုန်အား မွတ်စလင်တို့ဖျက်စီးပုံ
------------------------------------
ဗာရာဏသီမြို့တွင်း၌ မွတ်စလင်စစ်သည်တော်တို့သည် မြတ်စွာဘုရားရှင်၏ ဓမ္မစတြာ
တရားဦးဟောကြားတော်မူခဲ့ရာ မိဂဒါဝုန်တောသို့ တစ်ဟုန်ထိုးချီတက်လာပြီးလျှင် ကျောင်း၊
စေတီ၊ ပုထိုး စသော အဆောက်အအုံတို့ကို ရက်ရက်စက်စက် စတင်ဖျက်စီးလေသည်။
၎င်းတို့၏ ဖျက်စီးမှုကြောင့် ကျောင်း၊ စေတီ၊ ပုထိုးများမှာ လက်ရှိအခြေအနေသို့ ဆိုက်ရောက်ရလေသည်။

(မစ္စတာ ဒယာရာမ်ရှဟနီအမ် ၏ မိဂဒါဝုန်လမ်းညွှန်စာအုပ် ဟုခေါ်သောစာအုပ်၏ စာမျက်နှာ
 ၅-တွင် ရေးသားဖော်ပြထားသည်မှာ) -

“မိဂဒါဝုန်ကျောင်းတော်များကို ခရစ်သက္ကရာဇ် ၁၂-ရာစု ကုန်ခါနီးဖြစ်သော ၁၁၉၄-ခုနှစ်အထိ
ဆက်လက်အသုံးပြုခဲ့လေသည်။ ၎င်းနှစ်တွင် “မိုဟာမတ်ဂေါ်ရီ” ၏ ဗိုလ်မှူးကြီးတစ်ဦးဖြစ်သော
“ကုတ်ဘွဒ္ဒိန်” သည် ဗာရာဏသီရှင်ဘုရင် “ဘုရင် ဇယချန္ဒရမင်း” အား သတ်ဖြတ်လျှက် များစွာ
ကုန်သော စေတီများ၊ ကျောင်းများနှင့် ရုပ်တုတော်များကို ဖျက်စီးပစ်လေသည်”

(မေဂျာကစ်တိုး ရေးသားဖော်ပြသည့် စာအုပ်တွင်မူ)-

“ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော ရန်သူတို့သည် ကျောင်းတော်ကြီးကို မီးရှို့၍ စင်စစ် မသွေ ဖျက်ခဲ့လေသည်။ ရုတ်တရက်လောင်ကျွမ်းလာသော မီးကြီးများ၏ အရှိန်ကြောင့် ရဟန်းတော်များမှာ စားနေသောအစာများကိုပင် စွန့်လွှတ်ရလေသည်။ သွားရောက်ရှာဖွေသူတို့သည် ဂျုံဖြင့်ပြုလုပ်ထားသော ကိတ်မုန့်များကို အခန်းငယ်ကလေးများတွင် တွေ့ရှိ
 ရလေသည်။ ထိုအခန်းငယ် ၂ ခန်းထဲ၌ ကျွန်ုပ်ကိုယ်တိုင် ချက်ထားသော ထမင်းများပါဝင်သည့် မြေအိုးကလေးများပင် တွေ့ရှိရသေး၏”

“ဗာရာဏသီပြည်ကြီး၏ ချမ်းသာကြွယ်ဝမှုသည် မကြာမှီပင် ပျက်စီးရန်အကြောင်း ဖန်တီး
 ပေးလေတော့သည်။ “မိုဟာမတ်ဂေါ်ရီ”သည် ကာသိကရာဇ်တိုင်း ဗာရာဏသီမြို့ကို တိုက်
 ခိုက်စဉ်က ဘုရင်ဇယချန္ဒရမှာ ကျုးကျော်ဝင်ရောက်တိုက်ခိုက်သူများကို မတွန်းလှန်နိုင်ရကား
 ၁၁၉၃-ခုနှစ်တွင် ဂေါ်ရီသည် ကာသိကရာဇ်တိုင်းကို အောင်မြင်လေတော့သည်”

“ဗာရာဏသီမြို့ရှိ များစွာသော စေတီပုထိုးများကိုဖျက်၍ ၎င်းနေရာများတွင် ဗလီများ၊ အရိုးအိုး
 ဗလီများ ဆောက်လုပ်ကြလေသည်။ တိုက်ခိုက်လုယက်၍ ရသောပစ္စည်းများကို ကုလားအုပ်ပေါင်း
 (၁၄၀၀)နှင့်  သယ်ဆောင်သွားကြသည်”

“မိဂဒါဝုန်တောကို မွတ်စလင်တို့ ၂-ကြိမ်တိုင်ဝင်ရောက် ဖျက်စီးခဲ့ရာ ၎င်းတို့မှာ မဟာမတ်ဂါဇနီနှင့်
 မဟာမတ်ဂေါ်ရီ တို့ဖြစ်လေသည်။ ပထမ၀င်ရောက်တိုက်ခိုက်သူမှာ အလုံးစုံမဖျက်စီးနိုင်ခဲ့ပေ။
 မိဂဒါဝုန်အား နောက်ထပ်ဖျက်စီးသူ ဂေါ်ရီသာလျှင် နာလန်မထူနိုင်အောင် ဖျက်စီးလေသည်။
 ရဟန်းတော်များမှာကား ဆွမ်းစားနေဆဲမှာပင် ရက်ရက်စက်စက် အသတ်ခံကြရလေသည်”

ကုလားအုပ်ပေါင်း ၁၄၀၀-နှင့် ယူဆောင်သွားကြသော ဘဏ္ဌာတော်များမှာ မိဂဒါဝုန်တောရှိ
ကျောင်းတော်များမှ အများဆုံးပါဝင်လေသည်။ ရန်သူ မွတ်စလင်မင်းတို့ ဖျက်စီးပစ်ခဲ့သော
မိဂဒါဝုန်အဆောက်အအုံတို့မှာ ခရစ် ၁၂-ရာစုမှစ၍  ခရစ် ၁၇-ရာစုထိ မြေကြီးထဲနစ်မြုပ်နေ
ကြသော်လည်း ပတ်ဝန်းကျင်ရှိ ရပ်သူရွာသားများမှာ ထိုအဆောက်အအုံများမှ ပစ္စည်းများကို
မည်သည့်အခါမှ ထုတ်ယူသုံးစွဲခြင်း မရှိခဲ့ကြချေ။

ရာဇ၀င်တစ်ခါပြောင်း၍ အင်္ဂလိပ်လက်ထပ်သို့ရောက်သော် “မက္ကဇင်”ဆိုသူ ကျောက်စာဝန်
ကြီးသည်  ခရစ်သက္ကရာဇ်  ၁၈၁၅-ခုနှစ်တွင် ထိုနေရာကို စတင်တူးဖော်လေသည်။ တစ်ဖန်
“ဆာအလက်ဇန္ဒား ကာနင်ဂန်” ဆိုသူသည် ခရစ်သက္ကရာဇ် ၁၈၄၅-ခုနှစ်တွင် တူးဖော်ပြန်လေ
သည်။ ထိုပုဂ္ဂိုလ်ကြီး တူးဖော်စဉ်က ရရှိခဲ့သော ပစ္စည်းတစ်ချို့ကို မိဂဒါဝုန်ပြတိုက်၌ သိမ်းဆည်း
ထား၍ တစ်ချို့ကိုမူ ကလကတ္တားပြတိုက်သို့ ပို့ဆောင်လေသည်။

ဤသို့တူးဖော်သောအခါ ရရှိလာသော ကျောက်အုတ်များစွာတို့ကို ဗာရာဏသီမြို့သို့ ယူဆောင်
ပြီးလျှင်  “ကွိင်းကောလိမ်၊ ၀ရုနာမြစ်ရှိ ဒွန်ကင်တံတားဘူတာရုံ” စသည်တို့ကို ဆောက်လုပ်ကြ
လေသည်။ ၀ရုနာမြစ်ရှိ ရေကာတံတိုင်းကြီး ဆောက်လုပ်ရာတွင်လည်း ဘုရားရုပ်ပွားတော်
တစ်ဖက်ပါသော ကျောက်စာပေါင်း ၄၈-ချပ်နှင့် ပန်းပုပန်းနွယ်ပါသော ကျောက်ချပ်ပေါင်းများစွာ
တို့ကို အသုံးပြုခဲ့လေသည်။

မွတ်စလင်တို့ဖျက်စီးမှုကြောင့် ပြိုပျက်၊ ကျိုးပဲ့လျှက်ရှိသော ရုပ်တုတော်များ၊ သပိတ်ကွဲ၊ အိုးကွဲ၊
အိုးခြမ်းများကို ယခုအခါ ကျောက်စာဘက်ဌာနမှ ဆောက်လုပ်ထားသောပြတိုက်ထဲတွင် ဖူးမြင်
ကြရသည်။

ထိုပြတိုက်ထဲ၌ “အသောကကျောက်စာတိုင်” မှ ကျောက်ခြင်္သေ့ရုပ် သုံးပွင့်ဆိုင်ကြီးလည်းရှိ၏။
ကျောက်စာများလည်းရှိ၏။ ကျယ်ပြန့်လျှက် သာယာနာပျော်ဖွယ်ကောင်းခဲ့သော ကျောင်းတော်
ကြီးများမှာကား အုတ်နံရံကြီးများ၊ တံမံသလင်းများဖြင့် ပြိုပျက်လျှက်ရှိလေရာ လာရောက်ဖူး
မျှော်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ရှေးခေတ်ကို ပြန်လည် တသလွမ်းဆွတ်ရလေ
သည်။

ဤဌာနကို ဖူးမြင်ရသူတိုင်း ကျွန်ုပ်တို့သန္တာန်၌ ထကြွလေ့ရှိသော “သောက”တည်းဟူသော
ဒီလှိုင်းကြီးကို “သံဝေဂတရား”ဖြင့် ကာဆီးရပေသတည်း ......

Thant Lwin Oo